Instagram မှာ ဘီကီနီနဲ့ sexy ဓါတ်ပုံအများအပြား ရိုက်ကူးထားတဲ့ Nicki Minaj တစ်ယောက် စေ့စပ်တော့မှာလား

ပို့စ်တင်ချိန် - 3/12/2014 07:40:00 PM

 
          Nicki Minaj တစ်ယောက် ဒီတစ်ပါတ်ထဲမှာတော့ မက္ကဆီကိုက Cabo San Lucas မှာ အချိန်အတော်များများ ဖြုန်းတီးခဲ့ပြီး selfies ဓါတ်ပုံအတော်များများလည်း Instagram ကို တင်နေခဲ့တာ တွေ့ရပါတယ်။ ဘီကီနီဝတ်ထားတဲ့ သူမရဲ့ ဓါတ်ပုံရိုက်ကူးမှုမှာ sexy ပို့စ်တွေ အများအပြားလည်း ပါဝင်နေပါတယ်။

          ဒါ့အပြင် ဓါတ်ပံတွေထဲက တစ်ခုမှာ သူမရဲ့ လက်မှာ လက်စွပ်တစ်ကွင်း ၀တ်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။

          အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ Nicki မှာ Safaree Samuels လို့ခေါ်တဲ့ အသက် ၃၂ နှစ်အရွယ် ရည်းစားတစ်ယောက်ရှိပါတယ်။ သူမတို့ရဲ့ ချစ်သူသက်တမ်း (၁၀)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အရင်အပတ်ထဲမှာ မင်္ဂလာဆောင်အသွင်အပြင်နဲ့ ဓါတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။

          သူတို့နှစ်ဦးအနေနဲ့ စေ့စပ်ဖို့ (ဒါမှမဟုတ်) လက်ထပ်ဖို့ အတည်ပြုမှုတွေတော့ မပြုလုပ်ရသေးဘူးလို့ ဆိုပါတယ်။

          ပြီးခဲ့တဲ့ အပတ်တုန်းကပဲ သရုပ်ဆောင် မင်းသမီး Stacy Keibler နဲ့ သူ့ချစ်သူ Jared Pobre တို့ကလည်း မက္ကဆီကိုမှာ တိတ်တဆိတ် အခမ်းအနားလာကျင်းပတဲ့ သာဓကတွေကလည်း ရှိနေသေးတယ်လေ။

Ref:starpulse.com
Trend Myanmar