ဆိုင်ကယ်(၁)စီးကို ခိုးယူလာစဉ် ဖမ်းဆီးရမိပြီးစစ်ဆေးရာမှ ဆိုင်ကယ်(၁၄)စီးခိုးယူခဲ့မှု ထပ်မံပေါ်

ပို့စ်တင်ချိန် - 3/12/2014 12:46:00 AM


ရန်ကုန်၊ မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ၂.၃.၂၀၁၄ ရက်နေ့၁၄၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ပလရရပ်ကွက်၊ (၂)လမ်းပေါ်၌ မြောက်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်နေ ကိုထွဋ်(ခ)သိန်းလှမော်(ဘ)ဦးသိန်းအောင်၊ (၁၂)ရပ်ကွက်နေ ပုံပုံချစ်(ခ)မင်းခန့်ကို (ဘ)ဦးရွှေဌေးနှင့် လှိုင်မိုး
(ဘ) ဦးကြည်ညွန့်တို့(၃)ဦးမှ JLM 110 အနက်ရောင်ဆိုင်ကယ်
(၁)စီးကို ခိုးယူလာကြစဉ်တွေ့ရှိဖမ်းဆီးရမိသဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၁၀၆/၂၀၁၄၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

၎င်းတို့အား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက်စစ်ဆေး
ခဲ့ရာ ၎င်းတို့(၃)ဦးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ညပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ လေဆိပ်လမ်းမကြီးတွင်ရပ်ထားသည့် Follow Me125 ရုပ်ဆိုးခဲရောင်ဆိုင်ကယ်(၁)စီးအားခိုးယူရောင်းချထားကြောင်းပေါ်ပေါက်
ခဲ့ပါသည်။

ထို့ပြင် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလအတွင်းက ညပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းတွင်ရပ်ထားသည့် JLM 125 နီ/နက်ရောင်ဆိုင်ကယ်(၁)စီး၊ အမှတ်(၃) လမ်းတွင်ရပ်ထားသည့် KENBO 110 စိမ်းပြာရောင် ဆိုင်ကယ်
(၁)စီး၊ လှိုင်သာယာမြို့နယ်၊(၂)ရပ်ကွက်ရှိ လမ်းပေါ်တွင်ရပ်ထားသော AMBO 125 ခဲ/နက် ရောင်ဆိုင်ကယ်(၁)စီး၊ အနော်ရထာလမ်းတွင်
ရပ်ထားသည့် KENBO 125 အနက်ရောင်ဆိုင်ကယ်(၁)စီးနှင့် AMBO125 အနက်ရောင်ဆိုင်ကယ်(၁)စီးတို့အားလည်းကောင်း၊
ဖေဖော်ဝါရီလအတွင်းက ညပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်း
ပေါ်တွင်ရပ်ထားသည့် KENBO CZI 125 အနက်ရောင်ဆိုင်ကယ်(၁)စီး၊ ပုလဲဆေးရုံရှေ့တွင်ရပ်ထားသည့် JLM 125 နီ/နက်ရောင်ဆိုင်ကယ်(၁)စီး၊
မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာ၊ ရန်ကုန်-ပြည်လမ်းပေါ်တွင်ရပ်ထား
သည့် တာပိုစတား 125 အဖြူရောင်ဆိုင်ကယ်(၁)စီးနှင့်JLM 125 ဖြူ/နက်
ရောင်ဆိုင်ကယ်(၁)စီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်လမ်းခွဲအနီး၊ ရန်ကုန်-ပဲခူးလမ်းပေါ်တွင်ရပ်ထားသည့် HI BO BO 125 CZI ခရမ်း/ဖြူ
ရောင်ဆိုင်ကယ်(၁)စီး၊ လှိုင်သာယာမြို့နယ်၊ (၃)ထိပ်၌ လမ်းပေါ်တွင် ရပ်ထားသည့် DAYANG 110 ကျောက်စိမ်းရောင်ဆိုင်ကယ်(၁)စီး၊ (၇)ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်းပေါ်တွင်ရပ်ထားသည့် JLM 125 ခဲ/နက်ရောင်ဆိုင်ကယ်(၁)စီးတို့အားလည်းကောင်း၊ ၁.၃.၂၀၁၄ရက်နေ့ ညပိုင်းတွင် လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းပေါ်တွင်ရပ်ထားသည့် YUNDE 110 အနီရောင်ဆိုင်ကယ်(၁)စီးတို့အားလည်းကောင်း ခိုးယူကာ
ရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ယင်းကဲ့သို့ ဆိုင်ကယ်များခိုးယူရောင်းချထားကြကြောင်းပေါ်ပေါက်သဖြင့် ကိုထွဋ်(ခ)သိန်းလှမော်၊ ပုံပုံချစ်(ခ)မင်းခန့်ကိုနှင့် လှိုင်မိုးတို့(၃)ဦးအား သက်ဆိုင်ရာရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ သက်သေခံ ဆိုင်ကယ်များကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ဆက်လက်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police