Accor က မြန်မာနိုင်ငံတွင် ဟိုတယ် ၃ လုံး ဆောက်မည်

ပို့စ်တင်ချိန် - 4/04/2014 09:01:00 PM

Accor ဟိုတယ်အုပ်စုက တည်ဆော်ကထားတဲ့ ဟိုတယ် တလုံးအား မြင်တွေ့ရစဉ်

မြန်မာနိုင်ငံ ရန်ကုန်၊ နေပြည်တော်နဲ့ အင်းလေးဒေသ ညောင်ရွှေမှာ ဟိုတယ် ၃ လုံးဆောက်မယ်လို့ ကြေညာထားတဲ့ ကမ္ဘာကျော် ပြင်သစ် Accor ဟိုတယ်အုပ်စုဟာ ညောင်ရွှေမှာ နိုဗိုတယ်အင်းလေးကန် ဟိုတယ်ကို လာမယ့် ခရီးသွားရာသီ အမီ ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

Accor ဟိုတယ်အုပ်စုဟာ မြန်မာနိုင်ငံက မြတ်မင်းကုမ္ပဏီနဲ့ ပူးပေါင်းပြီး ရန်ကုန်မှာ ပေါလ်မင်း ရန်ကုန်မြတ်မင်း ဟိုတယ်၊ နေပြည်တော်မှာ စပယ်ရန်ကုန်မြတ်မင်း ဟိုတယ်တွေ ဖွင့်လှစ်ဖို့လည်း တည်ဆောက် လုပ်ကိုင်နေပါတယ်။
Accor ဟိုတယ်အုပ်စုဟာ နိုင်ငံပေါင်း ၉၂ နိုင်ငံမှာ ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေ တည်ဆောက် လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းစုကြီး ဖြစ်ပါတယ်။

DVB Burmese