အမုန်းခံ၍ ပြောချင်သည်

ပို့စ်တင်ချိန် - 4/04/2014 08:36:00 AM





Author:
မင်းဒင်

အိပ်၍ မပျော်သောည

ချို့ယွင်းနေသော ကျန်းမာ ရေးနှင့် အသက်အရွယ်ကြောင့် လွန်ခဲ့သောညက ကျွန်တော် အိပ်မ ပျော်။ ထို့ကြောင့် အင်တာနက် စာမျက်နှာတွေကို လျှောက်ဖတ်မိ ရာမှ သတင်းဆန်းတစ်ခုကို ဖတ် မိ၍ တအံ့တသြဖြစ်ရသည်။ ထို သည်ကား ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက သမ္မ တဦးသိန်းစိန်ထံ တိုက်ရိုက်တယ် လီဖုန်းဆက်သည့် သတင်းဖြစ်၏။ ဖုန်းဆက်ရသည့် အဓိကအချက် နှစ်ရပ်မှာ နိုင်ငံတကာ အင်န်ဂျီအို များအပေါ် ဆက်ဆံရေးနှင့် လက် ရှိကောက်ယူနေသော သန်းခေါင် စာရင်းကိစ္စမှ ဘင်္ဂါလီပြဿနာ ဖြစ်သည်။ ဟုတ်ဟုတ်ငြားငြား နားမလည်သော ကျွန်တော့်ရင်မှာ ပူလောင်လာသည်။

ကျွန်တော့်ရခိုင်မိတ်ဆွေများ

ခင်ရာဆွေမျိုးစိတ် မွေး တတ်သောကျွန်တော့်ဉာဉ်ကြောင့် ကျွန်တော့်မှာ အသိအကျွမ်း အတန်ငယ်များသည်ဟု ဆိုနိုင်သည်။ ထိုအထဲတွင် ခေါင်းကြောမာသည်ဟု အများထင်မြင်ကြသည့် ရခိုင်လူမျိုးများ ပါဝင်သည်။ ကျွန်တော်ကိုယ်တိုင်လည်း အလားတူစိတ်ဓာတ်ရှိသဖြင့် သူတော်ချင်းချင်း သတင်း လွေ့ကာ အတော်အဖွဲ့ကျသည်ဟု ဆိုနိုင်သည်။ ရခိုင်နိုင်ငံရေး သမား၊ အနုပညာသည်မှအစ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကဲ့သို့ ပုဂ္ဂိုလ်ကြီးမျိုးအထိ ခင်မင်ရင်းနှီး၏။ သဘောထားတူသည် လည်းရှိ၊ မတူသည်လည်းရှိ၊ ငြင်းကြခုံကြ အမြင် ဖလှယ်ကြလေ့ ရှိသည်။

လွန်ခဲ့သော ရက်ပိုင်းများက ရခိုင်ဒေသမှ မတည်ငြိမ်မှုများ သည် အင်န်ဂျီအိုများကို ထွက်ခွာ စေခဲ့သည်။ သန်းခေါင်စာရင်း တွင် ရိုဟင်ဂျာဟူသော အမည် ကို ထည့်သွင်းမကောက်ရန် တွန်း အားပေးဆုံးဖြတ်စေခဲ့သည်။ အ ဆိုပါ ကိစ္စ နှစ်ရပ်လုံး၏ ဇာစ်မြစ် မှာ နက်နဲရှုပ်ထွေးလှသည်ကိုလည်း ကျွန်တော် သတိမူမိသည်။ ရခိုင်လူမျိုးတို့၏ ဘ၀နှင့်ခံစားမှုကို ကျွန်တော်တစ်ထပ်တည်းနီး ပါး ကိုယ်ချင်းစာ နားလည်နိုင်ပါ သည်။ ခိုင်ကျည်သော အမျိုးသား ရေးစိတ်ဓာတ်ဖြင့် အနောက် ဘက်တံခါးကို ကြံ့ကြံ့ခံ ပိတ်ဆို့ ထားနိုင်သည့် ထူးခြားချက်ကို လည်း ဦးညွှတ်မိပါသည်။ သို့ သော်...

ခုတ်သောနေရာကို ရှပါသလား

နိုင်ငံတကာ အင်န်ဂျီအိုအ ဖွဲ့များကို ထွက်ခွာစေခြင်း၊ သန်း ခေါင်စာရင်းတွင် ရိုဟင်ဂျာအ မည်မထည့်သွင်းစေခြင်းတို့သည် ခိုးဝင်ဘင်္ဂါလီအရေးအတွက် အ မှန်တကယ် အကျိုးရှိပါ၏လော။ အထက်ပါ အချက်နှစ်ရပ်နှင့် စပ် လျဉ်း၍ ရခိုင်အမျိုးသားတို့၏ အားထုတ်ရုန်းကန်မှုသည် ခုတ် ရာတခြား ရှရာတလွဲဖြစ်နေလေ ရော့သလား ကျွန်တော် အတွေး ပွားမိသည်။

ကျွန်တော့်အလိုအရမူ နိုင်ငံ တကာ အင်န်ဂျီအိုအဖွဲ့အစည်း များ၏ ခြေလှမ်းနှင့် လုပ်ရပ်ကို ဉာဏ်အမြော်အမြင်ကြီးကြီးဖြင့် စောင့်ကြည့်ဖော်ထုတ်သင့်သည်။ နှင်ထုတ်သော လုပ်ရပ်ကို အလျင် စလိုမလုပ်စကောင်းဟု မြင်မိ သည်။

ထို့အတူ သန်းခေါင်စာရင်း  ကောက်ယူခြင်းဟူသည် စာရင်း တစ်ခုပြုစုခြင်းသာဖြစ်၍ လူမျိုး အမည်တစ်ခုခု ထည့်သွင်းရုံမျှ ဖြင့် ထိုလူမျိုး အမှန်တကယ်ရှိသည်ဟု မှတ်ယူအတည်ပြုရန်မဟုတ်ကြောင်း သတိချပ်စေလိုပါသည်။ ယခု ဘင်္ဂါလီတို့က ရိုဟင်ဂျာဟု အမည်မသွင်းရသဖြင့် စာရင်း ကောက်ခြင်းကို မဖြေဆိုခဲ့သော် စာရင်းမရလိုက်ရုံသာရှိမည်။ အ ကယ်၍ စာရင်းကောက်ခံရခဲ့သည် ရှိသော် နိုင်ငံတကာက ထင်မြင် နေကြသကဲ့သို့ လူနည်းစုမဟုတ် ကြောင်း စာရင်းနှင့်တကွ သက် သေပြနိုင်ပေလိမ့်မည်။

ရိုဟင်ဂျာသာမက အင်္ဂါဂြိုဟ်သား ပင်ဖြစ်စေဦး

ရခိုင်ဒေသမှ ဘင်္ဂါလီအများ စုမှာ တစ်ဖက်နိုင်ငံမှ ခိုးဝင်လာ ကြသည်ဟူသော အချက်ကို ကျွန် တော်ရာနှုန်းပြည့် လက်ခံသည်။ အခုလို သန်းခေါင်စာရင်းကောက် ယူချိန်တွင် အဆိုပါ ဘင်္ဂါလီတို့ သည် ရိုဟင်ဂျာအမည် ဖြည့်ရုံမျှ ဖြင့် တရားဝင်လူမျိုးစုတစ်စု ဖြစ် လာနိုင်သည်ဟု တွေးထင်နေနိုင် ကောင်းသည်။ ထို့ကြောင့် ရခိုင် လူမျိုးတို့သည် ရိုဟင်ဂျာဟူသော အမည်ကို အဖြည့်မခံရေးအတွက် အပြင်းအထန် တွန်းအားပေးခဲ့ ကြဟန်ရှိသည်။ သေချာသည် ကား ဆိုးရွားလှသော သမိုင်း နောက်ခံကြောင့် နှစ်ဖက်စလုံးအ တွေးမှားနေကြခြင်းသာဖြစ်သည်။

ရိုဟင်ဂျာဟု အမည်စာရင်း သွင်းသည်ဖြစ်စေ၊ အင်္ဂါဂြိုဟ် သားဟု ဖြေဆိုသည်ဖြစ်စေ တိ ကျစွာမှတ်တမ်းယူထားခြင်းဖြင့် အဆိုပါစာရင်းအချက်အလက် သည် သမိုင်းမှန်ကို ဖော်ထုတ်ရာ တွင်လည်းကောင်း၊ တရားဝင် နိုင်ငံသား မဟုတ်သေးကြောင်း ကိုယ်တိုင်ဝန်ခံချက် သဘောဖြစ် လာနိုင်သည်ကိုလည်းကောင်း သတိမူသင့်သည်။ တိတိကျကျ ဆိုရပါမူ ရိုဟင်ဂျာဟု ကိုယ်တိုင် ၀န်ခံမှုမှတ်တမ်းသည် မြန်မာပြည် အနောက်ဘက်တံခါး ပြဿနာဖြေရှင်းရေးအတွက်များစွာ အထောက်အကူဖြစ်လာစေနိုင်သည်။

အချိန်မီဖြည့်ခွင့်ပေးစေချင်သည်

  ယခု ကျွန်တော်စာရေးနေချိန်သည် နောက်ကျကောင်း နောက်ကျနေနိုင်သည်။ အကယ် ၍ အချိန်မီသေးသည်ဆိုပါမူရခိုင် အမျိုးသားများအနေဖြင့် ခိုးဝင်ဘင်္ဂါလီတို့အားကြိုက်ရာ အမည်ကို ထည့်သွင်းခွင့်ပေးစေလိုပါသည်။ နက်ပ်ကျွန်းဂြိုဟ်သား၊ မာကျူရီဂြိုဟ်သား နှစ်သက်ရာသာထည့်ပါစေ။ ဤသည်ပင် မြန်မာနိုင်ငံသားမဟုတ်ကြောင်း ထင်ရှားခိုင်မာသည့် သက်သေဖြစ်လာပါလိမ့်မည်။ ကျွန်တော့်သဘော ပြောရပါမူ ရိုဟင်ဂျာအရေးဆောင်ရွက်နေကြသော နိုင်ငံတကာမှ ဘင်္ဂါလီပညာတတ် လူလည်များက ဤကိစ္စကို ကောင်းကောင်းအသုံးချ၍ ကမ္ဘာ့ အလယ်မှာ မီးမောင်းထိုးပြကြပေလိမ့်ဦးမည်။

ရခိုင်ခေါင်းဆောင်များအ နေဖြင့် မိမိတို့ရင်ဆိုင်နေရသော အကျပ်အတည်းမှာ လူအများစု၏ စိတ်ဆန္ဒ နောက်ကောက် ကောက်လိုက်၍ ဖြေရှင်းရနိုင်မည် မဟုတ်မှန်း သတိချပ်ကြစေလို သည်။ လက်ပူတိုက်ဖြေရှင်းခဲ့ သော အကျိုးဆက်က မိမိတို့သာ လျှင် နစ်နာခဲ့ရသည်ကို ၁၉၈၀ ပြည့်နှစ်များဆီက မအောင်မြင်ခဲ့ သည့် စစ်ဆင်ရေးများဖြင့် ဘင်္ဂါလီနှစ်ဆတိုး၍သာ လက်ခံခဲ့ရသည်ကိုလည်း အများသိပင်ဖြစ်သည်။

ယခု ဘင်္ဂါလီများသည် အ မှန်တစ်ဝက် အမှားတစ်ဝက် ဇာတ်လမ်းများ စနစ်တကျ ဖြန့်ဝေလျက် နိုင်ငံတကာမှ ကရုဏာနှင့် စာနာမှုကို ရအောင်ယူထားကြပြီးဖြစ်သည်။ သူခိုးက လူပါ လူပါအော်ဟစ်သည်မှန်သော်လည်း အော်ပုံကောင်းလှသဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည်ပင်လျှင် နိုင်ငံမဲ့ ရိုဟင်ဂျာများသည်ကား ကမ္ဘာ့သနားစရာ အကောင်းဆုံး လူနည်းစုလူမျိုးအဖြစ် ခေါ်ဝေါ်ပြောဆိုလျက် ရှိပြီ။ အချိန်မနှောင်းသေးလျှင်ဖြင့် မိတ်ဆွေရခိုင်တို့ အမြင်ကျယ်ကျယ် ကမ္ဘာကြည့်ကြည့်၍ စိတ်သဘောထားပြောင်းစေချင်လှသည်။။
7day daily