Miley Cyrus ၀ိသောက်တဲ့ပမာဏကို ဖြုံသွားခဲ့ရတဲ့ Wiz Khalifa

ပို့စ်တင်ချိန် - 4/04/2014 04:26:00 PM





Wilz Khalifa ဟာ သူ့နောက်ထွက်မယ့် အယ်လ်ဘမ်ကို “Blacc Hollywood” လို့အမည်ပေးထားပါတယ်။ Arsenio Hall ရဲ့ (တီဗွီရှိုးအစီအစဉ်) ကနေ ဧပြီ ၁ရက်နေ့ညမှာ ဖိတ်ကြားခဲ့တဲ့ ဧည့်သည်တော်တွေထဲမှာ ရပ်ပ်ပါ Wilz Khalifa ဟာ တစ်ယောက်အပါအ၀င် ဖြစ်ပါတယ်။

Arsenio Hall ရဲ့ စကားပြောအစီအစဉ်မှာ Wilz Khalifaဟာ သူ့ရဲ့နောက်ထွက်မယ့် အယ်လ်ဘမ် အကြောင်းပြောပြခဲ့ပါတယ်။ အယ်လ်ဘမ်သစ်မှာ Charlie Wilson, Bruno Mars နဲ့ Miley Cyrus တို့အပါအ၀င် ပါဝင်သီဆိုပေးထားသူတချို့ရှိကြောင်း ဖော်ပြပြောဆိုခဲ့ပါတယ်။

Cyrus နဲ့ အလုပ်တွဲလုပ်ရတာ ဘယ်လိုရှိလဲလို့ Wilz Khalifa ကို Arsenioက မေးကြည့်တော့ Miley Cyrus က ၀ိအရမ်းသောက်ပါတယ်တဲ့။ “သူက ရူးတယ်။ ဒါပေမဲ့ ကောင်းတဲ့ဘက်ကပြောရရင် သူက စွမ်းအင်လုံးကြီးတစ်လုံး ပဲ။ ပြီးတော့ သူ သောက်တဲ့ ၀ိက တစ်တန်လောက်ကိုရှိတာ။ အသက်ပိုငယ်တယ်တော့ မတူဘူးပေါ့ဗျာ။ ငါးမိနစ် တစ်ခါလောက် ‘ဟေ့၊ Wiz နင့်မှာ ပုတ်ပြီးသား ရှိလား’နဲ့ကို မေးနေတော့တာ။ သောက်လိုက်တိုင်း မီးခိုးငွေ့က မီးရထားစက်ခေါင်းကြီးက ထွက်တဲ့အငွေ့လောက်ရှိတယ်။” လို့ Wilz Khalifa ကပြောပါတယ်။

Ref:starpulse.com
myawaddy