ဝရိန်ဆော်နေစဉ် လျှပ်စစ်ဝါယာကြိုးနှင့်ထိမိကာ ဓါတ်လိုက်သေဆုံး

ပို့စ်တင်ချိန် - 4/04/2014 05:05:00 PM


ရန်ကုန်၊ ဧပြီ ၎

၃.၄.၂၀၁၄ရက်နေ့ ၁၆၀၀အချိန် ရွှေပြည်သာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် ရွှေပြည်သာဆေးရုံသို့ အမျိုးသားတစ်ဦးဓါတ်လိုက်၍ သေဆုံး
ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ သုတ (၂၂)နှစ်၊ ရွှေပြည်သာမြို့နယ်နေသူဖြစ်ပြီး ၀ဲခြေပွန်း၊ ယာမျက်ခုံးပွန်း ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံးစမ်းရာ ၎င်းသည် ၀ရိန်ဆော်သည့် လုပ်ငန်းလုပ်ကိုင်သူ
ဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားချိန်က နေအိမ်တွင် ၀ရိန်ဆော်သည့်အလုပ် လုပ်ကိုင်နေစဉ် ၀ရိန်ပုံးအား ခြေဖြင့်ခွကျော်ခဲ့ရာမှ လျှပ်စစ်ဝါယာကြိုးနှင့်
ခြေထောက်တို့ထိမိကာ ဓါတ်လိုက်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ရွှေပြည်သာမြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၁၃/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police