ချစ်သူကို ဖခင်လက်မခံ၍ အမျိုးသမီးငယ်တစ်ဦး အဆိပ်သောက်သေဆုံး

ပို့စ်တင်ချိန် - 4/04/2014 08:23:00 PM



Author:
အောင်သစ်လွင်
Location:
ရန်ကုန်


ခိုးရာလိုက်ရာမှ ပြန်အပ်သည့်နေ့တွင် ကန်တော့သည်ကိုဖခင်က မခံသောကြောင့် သမီးဖြစ်သူ အဆိပ်သောက်သေဆုံးမှု မှော်ဘီမြို့ နှောကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

နှောကုန်းကျေးရွာ ရွာသစ် ကုန်းပိုင်းတွင် ဧပြီ ၁ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
သေဆုံးသူမှာအသက်(၂၁)နှစ်အရွယ်ရှိကာ ဖခင်က ကန်တော့မခံသောကြောင့်တရုတ်နိုင်ငံထုတ် ပိုးသတ်ဆေးသောက်၍ ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ခြင်းဖြစ်ကြောင်း မှော်ဘီမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိကပြောသည်။

‘‘ပိုးသတ်ဆေးတွေသောက်တာ သိသိချင်းဆေးရုံပို့ခဲ့ပေမယ့် အသက်မမီတော့ဘူး။ ဒီအမှုကို အသေးစိတ်စစ်ဆေးနေတုန်းပါ’’ ဟု အဆိုပါရဲအရာရှိကပြောသည်။

သေဆုံးသူမှာ လွန်ခဲ့သော ရက် ၂၀ ခန့်က ၎င်း၏ ချစ်သူနှင့် ခိုးရာလိုက်ပြေးခဲ့ပြီး ဧပြီ ၁ ရက် က ထုံးတမ်းအစဉ်အလာအတိုင်း မိဖများထံသို့ ပြန်အပ်စဉ် ယင်း ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုအား မှော်ဘီမြို့မ ရဲစခန်းတွင် သေမှုသေခင်းဖွင့်ကာစစ်ဆေးနေကြောင်း သတင်းရရှိသည်။

7 day daily