အိမ်သာတက်နေစဉ် မြေပြိုပိမိ၍သေဆုံး

ပို့စ်တင်ချိန် - 4/04/2014 08:45:00 AM


နေပြည်တော်၊ ဧပြီ ၃
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မြို့မတောင်ရပ်ကွက်၊ ဇိနမာန်အောင်ဘုရားနှင့် ဆောက်လုပ်ဆဲ ကမ္ဘောဇဘဏ် ကြားရှိ အိမ်သာ၌ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊မကြီးကန်ကျေးရွာနေကျော်ဇင်လတ်(၃၁)နှစ်သည်အိမ်သာတက်နေစဉ်မြေပြိုကျသံကြား၍ထွက်ပြေးရာ မလွတ်ဘဲ၎င်းအပေါ်သို့မြေများပြိုကျပြီးပိမိသွားခဲ့သဖြင့်ရေနံချောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ဘဏ်အလုပ်သမားများမှ တူးဖော်ရှာဖွေခဲ့ရာ ဧပြီလ ၂ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်အချိန် ကျော်ဇင်လတ်အား ဦးခေါင်းပြား၊ ယာခြေထောက်ကျိုး၊ ကိုယ်ခန္ဓာပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသောကြောင့် ရေနံချောင်းမြို့မရဲစခန်း၊ သေမှုသေခင်း အမှတ်စဉ်(၁/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်