လှည်းကူးမြို့ မြို့မဈေးတွင်း အထိကရုဏ်း ဖြစ်ပွားနေ

ပို့စ်တင်ချိန် - 4/04/2014 07:36:00 PM

လှည်းကူးမြို့၊ မြို့မဈေးအတွင်းတွင် ယနေ့ (၄ရက်၊ ၄လ၊ ၂၀၁၄)၊ ညနေ ၄နာရီ ၅၅မိနစ်ခန့်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ နေအိမ်တစ်အိမ်အား တိုက်ခိုက်နေမှု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ တာပေါ်လင် (tapaulin) မိုးကာစ ရောင်းချနေသူကလေးငယ်တစ်ဦး၏ မျက်လုံးအား ဆိုင်နီးနားခြင်းတစ်ဦးမှ ကတ်ကြေးဖြင့်ထိုးရာက စပြီး ဖြစ်ပွားခဲ့သည်ဟု သိရပါသည်။ ကလေးငယ် တိုက်ခိုက်ခံရပြီးနောက် တိုက်ခိုက်သူ၏ နေအိမ်အား ဝိုင်းဝန်းဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာတွင် လုံထိန်းရဲများလည်း ရောက်ရှိနေပြီ။ အခြေအနေကို ခဲရာခဲဆစ် ထိန်းသိမ်းနေခဲ့ရာက ယခုအချိန်တွင် ပြန်လည်တည်ငြိမ်သော အခြေအနေကို ရရှိခဲ့ပြီလို့ သတင်းရရှိပါသည်။

ဓာတ်ပုံများကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

အခင်းစဖြစ်ပွားချိန်








လုံထိန်းများ ရောက်လာချိန်






လက်ရှိအခြေအနေ






သတင်း ပေးပို့သည့် ကိုပြည်စိုးဦး အားကျေးဇူးတင်ပါသည်။
ဓာတ်ပုံများကို Helgu Tsp နှင် Shane Khant Kyaw facebook မှ ကူးယူပါသည်။
Myanmar CNN မှ တင်ဆက်သည်။