သန်းခေါင်စာရင်း ကောက်ယူရာတွင် ခဲတံဖြင့် မှတ်တမ်း သွင်းခြင်းကြောင့် အချက်အလက် ပျက်ပြယ်နိုင်ခြင်း ရှိ မရှိ စိတ်ပူမေးမြန်းမှု အရေးပေါ်ဖုန်း ၁၈၄ဝ အများဆုံး ဖြေဆိုနေရ

ပို့စ်တင်ချိန် - 4/04/2014 02:57:00 PM



သန်းခေါင်စာရင်း ကောက်ယူမှု အတွက် ဆက်သွယ် မေးမြန်းရန် အရေးပေါ် ဖွင့်လှစ်ထားသည့် ဖုန်းနံပါတ် ၁၈၄ဝ သို့ စုံ စမ်းမေးမြန်းမှု များတွင် သန်းခေါင် စာရင်း ကောက် ယူသူက ခဲတံကို အသုံးပြုဖြည့် စွက် သဖြင့် ဖြေဆိုမှု များကို ပြင်ဆင်နိုင် သည့် အတွက် စိုးရိမ်၍ မေးမြန်း သည့် မေးခွန်း က အများဆုံးဖြစ်သည် ဟု ထိုဌာန မှ တာဝန်ရှိသူ တစ်ဦးက ပေါ်ပြူလာနယူးစ် သို့ ပြောသည်။

မတ်လ ၂၉ ရက်နေ့ ညသန်းခေါင် ယံအချိန်မှစ၍ မြန်မာနိုင်ငံ တစ်ဝန်းလုံး ရှိ ကောက်ကွက်ပေါင်း ၈ဝ၉၈၅ ကွက် ကို စာရင်းကောက် ၁၁၁၂၅၄ ဦးက စတင်ကောက် ယူလျက် ရှိရာ ကောက်ယူ မှုပြုပြီး နောက်တစ်နေ့ မနက်မှ စ၍ ဖုန်း ဖြင့်ဆက်တိုက် ဆက်သွယ် မေးမြန်းနေ ကြခြင်းဖြစ် သည်ဟု ၄င်းက ဆိုသည်။

”တစ်နေ့လုံး အနားမနေရ ဖြေနေ ရပါတယ်”ဟု ၄င်းက ပြောသည်။

ထိုသို့ခေါ်ဆိုမှုက အကြိမ် ၂ဝဝ ကျော်ရှိသည်ဟု ၄င်းထံမှ သိရသည်။

အများပြည်သူများ မှ ၁၈၄ဝ သို့ ဆက်သွယ် မေးမြန်းမှုတွင် သန်းခေါင်စာ ရင်းကောက်ရာ၌ ခဲတံဖြင့် ရေးမှတ်မှုအ ပေါ် ပျက်ပြယ် သွားမည်ကို စိုးရိမ်သည့် အချက် အပြင် အခြား အချက်များလည်း ရှိသည်ဟု ၄င်း က ပြောသည်။

ထိုမေးမြန်းမှုများတွင် လူမျိုးရေး ထည့်သွင်း ကောက်ယူသည့် ကိစ္စရပ် (ဥပမာ – ကပြားဆိုပါက မည်သို့ထည့် သွင်းခြင်း ပြုသင့်သလဲ ဆို သည့်မေးခွန်း) က ဒုတိယ လိုက်သည် ဟု သိရသည်။

၁၈၄ဝ ဖုန်း၏ Hot line တာဝန်ခံ ဖြေဆိုသူက ”ခဲတံနဲ့ဖြည့်သွင်းတယ် ဆို တာ အချက်အလက် အပေါ်မှာ ဘာမှ မှားယွင်းမှု မရှိနိုင်ဘူး ဆိုတာနဲ့ လူ မျိုးရေး ဖြည့်သွင်း တဲ့ အပေါ်မှာလည်း သတ်မှတ် ထားတဲ့ ဥပဒေ အ တိုင်းဖြည့်သွင်းဖို့ ပြော ဆိုခဲ့ရပါတယ်” ဟု ပြောသည်။

၎င်းမေးခွန်း များနောက်တွင် သန်း ခေါင်စာရင်း လာ မကောက်သေးသည့် အတွက် မဖြေလိုက်ရမှာကို စိုးရိမ်နေကြ၍ လာကောက် ကြပါရန် တောင်း ဆိုသည့် ဖုန်း များဖြစ်ကြောင်း Call centre မှ သိရသည်။

သန်းခေါင် စာရင်းကောက်ရာ ကောက်ယူသည့် စာရင်းကောက် များ၏ လက်ရေး မူများကိုသာ အသုံးပြုမည် ဖြစ်၍ စိုးရိမ် စရာ မရှိကြောင်း လူဝင်မှု ကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန facebook စာမျက်နှာတွင် တရားဝင် အသိပေးကြေ ညာထားသည်။

တင်ထက်

Popular Myanmar News Journal