ပရိသတ်တွေက လိင်ပိုင်းဆိုင်ရာ စော်ကားလို့ လူအုပ်ထဲက ထပ်မဖြတ်တော့ဘူးဆိုတဲ့ Iggy Azalea

ပို့စ်တင်ချိန် - 4/24/2014 05:08:00 PM


နောက်လာမယ့် The New Classic Tour ဖျော်ဖြေပွဲကြီးမှာ Iggy Azalea နားကို ခင်ဗျားသာ နီးနီးကပ်ကပ်ရောက်နေတယ် ဆိုရင် သေသေချာချာပြန်စဉ်းစားဖို့ လိုပါပြီ။ အကျင့်ပျက် စော်ကားတဲ့
ပရိသတ်တချို့ကြောင့် လူအုပ်ထဲကဖြတ်ပြီး စင်ပေါ်တက်တဲ့အလုပ်ကို နောက်နောင် ထပ်လုပ်တော့မှာ မဟုတ်ဘူးလို့ Iggy Azalea က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

“ထိုင်ခုံနဲ့ ကြည့်ရတဲ့ လူ ၂၀၀၀ ပွဲလိုမျိုးပဲလုပ်တော့မယ်။ လူ ၂၀၀ပဲရှိတယ်ဆိုရင်တော့ အတားအဆီးတွေတော့ ထားထားရဦးမှာပဲ။ လူတွေက ကျွန်မကို နှိုက်ဖို့ ကြိုးစားကြလို့လေ။” လို့ Iggy Azalea ကပြောခဲ့ပါတယ်။



ကြိုတင်သတိရှိတဲ့အနေနဲ့ Iggy ဟာ အောက်ခံဘောင်းဘီ နှစ်ထပ် နဲ့ သူမရဲ့ အထူးဝတ်စုံကို ခပ်ကျပ်ကျပ် ၀တ်ပြီး ဖျော်ဖြေမှာဖြစ်ပါတယ်။ သူမကို နှိုက်ဖို့ကြိုးစားတဲ့သူတွေထဲမှာ မိန်းကလေးတွေလဲ အပါအ၀င်ဖြစ်သလို သူတို့ရဲ့ အောင်မြင်မှုကြီးတွေကို Iggy က သူတို့မြို့မရောက်ခင် အနည်းဆုံးတစ်ပတ် အလိုမှာတင် Twitter ပေါ်မှာ တင်ထားကြတယ်လို့ Iggy ကထပ်ပြောပြပါတယ်။

ဆက်စပ် - Iggy azalea ရဲ့ သီဆိုဖျော်ဖြေမှု ဖက်ရှင်စတိုင်လ် (ရုပ်/သံ)

“ကျွန်မရဲ့ အယ်လ်ဘမ်ကို ၁၂ဒေါ်လာပေးဝယ်တာဟာ ရှင်တို့မြို့ကို ကျွန်မရောက်တဲ့အခါ ကျွန်မကို နှိုက်ဖို့မဟုတ်ဘူး။ စိတ်ပျက်ဖို့ကောင်းတယ်။” လို့ Iggy က share ထားပါတယ်။

Ref:theboombox.com
Trend Myanmar