Apple Q & A

ပို့စ်တင်ချိန် - 2/04/2014 03:29:00 PM


ကျွန်တော် အသုံးပြုနေတာကတော့ iPhone 5 ကိုအသုံးပြုနေတာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ဖုန်းမှာ အစတုန်းက Infinity Blade ဆိုတဲ့ဂိမ်းကို ၁ ရော ၂ ရော အကုန်ထည့်ထားပါတယ်။ ပြီးတော့ Infinity Blade 3 အသစ်ထွက်လာလို့ ကျွန်တော်အွန်လိုင်းကနေ Download လုပ်ထားလိုက်ပါတယ်။ Download လုပ်ပြီးတော့ ကျွန်တော့်ဖုန်းထဲကို ထည့်သွင်းတဲ့ အချိန်မှာရပါတယ်။ ကစားလို့လည်း အဆင်ပြေပါတယ်။ ခုကျွန်တော့်ဖုန်းကို iOS 7 ကိုဗားရှင်းမြှင့်လိုက်ပြီးတဲ့ အချိန်မှာတော့ အဲဒီဂိမ်းကိုပြန်ထည့်ပြီး ကစားလို့မရတော့ဘူး ဖြစ်နေပါတယ်။ အဲဒါဘာကြောင့် ပါလဲဆိုတာ သိပါရစေခင်ဗျာ။

iPhone 5 ရဲ့ပထမဗားရှင်းမှာ အသုံးပြုခဲ့တဲ့ Infinity Blade 3 ဂိမ်းက ဖုန်းကိုဗားရှင်းမြှင့်ပြီးမှ ပြန်ထည့်သုံးလို့ မရတော့ဘူးဖြစ်နေတယ် ဆိုရင်တော့ ဒါကကိုယ် Download ပြုလုပ်လိုက်တဲ့ဂိမ်းက Official Version မဟုတ်လို့ ဖြစ်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ iPhone 5 တွေရဲ့ iOS 6  Version မှာတုန်းက Jailbreak ရနေခဲ့တဲ့အတွက် ကိုယ် Download လုပ်ပြီးထည့်သွင်းလိုက်တဲ့ ဂိမ်းရဲ့ဗားရှင်းကလည်း Jailbreak Version ဖြစ်နိုင်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ဗားရှင်းမြှင့်လိုက်တဲ့အချိန်မှာ ပြန်ထည့်လို့မရတော့ဘူး ဖြစ်သွားတာဖြစ်နိုင်ပါတယ်။ အသစ်တင်လိုက်တဲ့ ဗားရှင်းက iOS 7 ဖြစ်နေတယ်ဆိုရင်ပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ Phone က Jailbreak မလုပ်ရသေးဘူး ဆိုရင်ပဲဖြစ်ဖြစ် Jailbreak Version တွေကိုအသုံး ပြုလို့ရမှာမဟုတ်သေးပါဘူး။ ဒါကြောင့် ကိုယ်အသုံးပြုမယ့် ဂိမ်းဖိုင်ကိုလည်း ပြန်လည်စစ်ဆေးသင့်သလို ကိုယ့်ရဲ့ဖုန်းကိုလည်း ပြန်လည်စိစစ်သင့်ပါတယ်။ ဖုန်းက Jailbreak မရှိဘူးဆိုရင်တော့ ဝယ်ပြီးအသုံးပြုရတဲ့ Official Version တွေကိုပဲ အသုံးပြုမှ ရနိုင်ပါလိမ့်မယ်။

-ကိုသက်
Internet Journal