ဝန်ကြီးဦးအုန်းမြင့်၏ ပြောဆိုချက်အပေါ် လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်း

ပို့စ်တင်ချိန် - 2/04/2014 01:54:00 PM


မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များနှင့် ပတ်သက်၍
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လောင်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ဖေဖော်ဝါရီလ
၎ရက် ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းလိုက်သည်။

ဝန်ကြီးဦးအုန်းမြင့်၏ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းရှိ ကျေးရွာနှစ်ခုတွင် "ဘယ်ကောင်မှ ဂရုမစိုက်ဘူး။ ကြိုက်တဲ့
ကောင်ပြော၊ ရေးချင်တဲ့ကောင်ရေး ကျွန်တော်ကလည်း ပုဆိုးလှန်ပြလိုက်မယ်။ ဒီလိုမျိုးနေခဲ့တဲ့ကောင်လေ၊
သေမှာတောင်မကြောက်တဲ့ကောင်၊ ကျွန်တ်ာက ဘာကိုကြောက်ရမှာလဲ" စသဖြင့် ပြောကြားချက်များကို ဝေဖန်မှုများ၊ ဆန္ဒထုတ်ဖော်မှုများအထိ ရှိလာသဖြင့် သမ္မတကိုယ်တိုင် ခေါ်ယူဆွေးနွေးခဲ့ရသည်။

Mizzima Burmese