ပြည့်တန် ဆာအဖြစ်စေခိုင်းသည့် အမျိုးသမီးကို ထောင် ၁၀ နှစ်ချ

ပို့စ်တင်ချိန် - 2/04/2014 07:01:00 PM


အလှပြင်ဆိုင်တွင် တစ်လလျင်ကျပ် သုံးသိန်းမှလေးသိန်းအတွင်းရရှိမည်ဟု ယုံကြည် အောင်
ပြောဆိုကာ ပြည့်တန် ဆာအဖြစ်စေခိုင်းခဲ့သည်ဆိုသူကို ရန်ကုန်မြောက်ပိုင်း ခရိုင်တရားကြီး
ရုံးက လူကုန်ကူးမှုကာကွယ် တားဆီးရေးဥပဒေပုဒ်မ ၂၄ အရ ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန်
ဇန်န၀ါရီလ ၁၀ ရက်နေ့က အမိန့်ချ မှတ်ခဲ့ကြောင်းသိရသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ် နေ
အမျိုးသားတစ်ဦးသည် နေအိမ်တွင်ရှိနေစဉ် သမီးဖြစ်သူမှာ မုန့်ဝယ်သွားခဲ့ရာ ကပြန်ရောက်
မလာသဖြင့် မင်္ဂလာဒုံမြို့နယ်ရဲစခန်းသို့လူပျောက်တိုင်ကြားခဲ့သည်။

ရဲစခန်းက လူပျောက်အမှတ်စဉ် ၁၂/၁၂ ဖွင့်စုံစမ်းခဲ့သည်။ ဆက်လက်စုံစမ်းခဲ့ရာ ၂၀၁၃ ခုနှစ်
မတ်လ ၄ ရက်နေ့ တွင် သမီးဖြစ်သူအား တာမွေမြို့နယ် ပုသိမ်ညွန့်ရပ်ကွက်ရှိ မမော်ကြီး(ခ)
ဝါ၀ါခိုင်(ခ)ရီရီမော် နေထိုင်သည့် တိုက်ခန်းတွင် တွေ့ရှိခဲ့သဖြင့် သမီးဖြစ်သူ ကို ပြန်ခေါ်ဆောင်
ခဲ့သည်။

စုံစမ်းချက်များအရ မုန့်သွားရန် ထွက်သွားခဲ့သည်နေ့က တစ်ရပ်ကွက်တည်းနေ မသီင်္ဂိ(ခ)
မသူဇာဝင်းနှင့်တွေ့ရှိပြီး ၎င်းက အလှပြင်ဆိုင်တွင် အလုပ်လုပ်ကိုင်မည်ဆိုပါ တစ်လလျင် ကျပ်
သုံးသိန်းမှ ကျပ် လေးသိန်းခန့်ရရှိ မည်ဖြစ်ကြောင်းပြောဆိုကာပို့ဆောင်ပေးခဲ့သည်။

မမော်ကြီး(ခ)၀ါဝါခိုင်(ခ)ရီရီမော် မ၏နေအိမ်တွင် နေထိုင်စဉ်အတွင်း အနှိပ်စေခိုင်းခြင်း၊ပြည်တန်
ဆာကိစ္စများစေခိုင်းခဲ့ခြင်း တို့ကိုပြုလုပ်ခဲ့ခိုင်းခဲ့ကြောင်းပြောပြသိရသဖြင့်အရေးယူပေးရန်တိုင်ကြား
ခဲ့သည်။

မင်္ဂလာဒုံမြို့မရဲစခန်းက(ပ)၁၄၃/၁၃ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အမှု
ဖွင့်အရေးယူခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သတ်၍ မမော်ကြီး(ခ)၀ါဝါခိုင်(ခ)ရီရီမော် ကိုစုံစမ်းခဲ့ရာ
၂၀၀၈ ခုနှစ်အတွင်းက အလှပြင်ဆိုင်နှင့်အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်မှု ပြစ်မှုပုဒ်မ ၁၈၈ အရ ထောင်
ဒဏ်တစ်လကျခံခဲ့ရကြောင်း၊ထောင်မှလွတ်မြောက်လာစဉ် အဆိုပါအလုပ်များကို ဆက်လက်လုပ်
ကိုင်ခြင်းမပြုသေးကြောင်း၊ ၂၀၁၂ ခုနှစ်တွင် သမီးဖြစ်သူမှ အမျိုးသမီး တစ်ဦးကိုပို့ပေးခဲ့သဖြင့်အဆို
ပါအမျိုးသမီးငယ်ကို သမ္မရုံတွင်သွား ရောက်ခေါ်ဆောင် ခဲ့ကြောင်း အနှိပ်ပညာကိုသင်ကြားပေးခဲ့ပြီး
ဧည့်သည်အမျိုးသားများက အဆိုပါ အမျိုးသမီးငယ်ကိုခေါ်ဆောင်လိုကြောင်းပြောသဖြင့်ဧည့်သည်
အမျိုးသားများနှင့်အတူ ပြည်တန်ဆာကိစ္စစေခိုင်းခဲ့ကြောင်း၊ ၎င်းရရှိသည့်ငွေများကိုယူခဲ့ပြီး အိမ်ပြန်
မည် ပြောဆိုပါကလည်းပိတ်ပင်ခဲ့ကြောင်းဆိုသည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ ဥပဒေအကြံပြုချက်တောင်းခံကာ လူကုန်ကူးမှုတားဆိးကာကွယ်
ရေးဗဟိုအဖွဲ့သို့ ကြိုတင်တရားစွဲဆိုရန် ဒုရဲအုပ်ဌေးဝင်းမှ တောင်းခံခဲ့သည်။ ဧပြီလ ၁၁ ရက်နေ့တွင်
ခွင့်ပြုချက်အရ မင်္ဂလာဒုံရဲစခန်းစွဲချက်အမှတ် ၁၆၅/၁၃ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ
ပုဒ်မ ၂၄ အရ မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ ဒုခရိုင်တရားသူကြီးက ပြစ်မှုကြီး
အမှတ် ၅၃/၁၃ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး အထက်ပါကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုးဝေအောင် / မြန်မာတိုင်း(မ်)