ဆိုင်ကယ်ချိန်းကြိုးနှင့် ထမီစညပ်၍ ပြုတ်ကျသေဆုံး

ပို့စ်တင်ချိန် - 2/04/2014 02:16:00 PM


နေပြည်တော်၊ ဖေဖော်ဝါရီ ၃

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘောနတ်ကြီး အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဆပ်ချောင်းကျေးရွာနေ မောင်ချို(၃၂)နှစ်မောင်းနှင်ပြီး မင်းကုန်းကျေးရွာနေ ဒေါ်ဌေး(၅၂)နှစ်လိုက်ပါလာသည့် ၃၀ယ/xxxxx ဟွန်ဒါနက်ပြာရောင်ဆိုင်ကယ်အား မောင်းနှင်လာစဉ် ဒေါ်ဌေး၏ထမီစနှင့် ဆိုင်ကယ်ချိန်းကြိုးညပ်ပြီး ဒေါ်ဌေးမှာ လမ်းပေါ်သို့ပြုတ်ကျသွားသည်။

ထိုသို့ပြုတ်ကျမှုကြောင့် ဒေါ်ဌေးတွင် ၀ဲ/ယာနားထင် ဖူးရောင်၊ ယာနား/နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိပြီး သတိလစ်သွားသဖြင့် ပဲခူးဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားရာ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ မောင်ချိုအား ဘောနတ်ကြီး အမြန်လမ်းရဲစခန်းယာဉ်(ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်