လူမပါ စစ်သုံးကားများ စစ်မြေပြင်သို့လွတ်ပြီ

ပို့စ်တင်ချိန် - 2/04/2014 03:32:00 PM


အမေရိကန်က စစ်လက်နက်ထုတ် ပုဂ္ဂလိ ကုမ္မဏီဖြစ်တဲ့ Lockheed Martin ဟာ လူမပါတဲ့ စစ်သုံး မော်တော်ယာဉ်များကို စစ်မြေပြင် သို့ အောင်အောင်မြင်မြင် ပို့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အနာဂတ်မှာ လူမောင်းစရာမလိုတဲ့ စစ်သုံး မော်တော်ယာဉ်များကို အသုံးပြုနိုင်တော့ မှာ ဖြစ်ကြောင်း သိရ ပါတယ်။

အဓိကအားဖြင့် ရှေ့တန်းတိုက်ပွဲဝင်နေတဲ့ စစ်တပ်များကို ရိက္ခာနဲ့ လက်နက်ဖြည့်တင်းဖို့အတွက် အဓိက အသုံးပြုစေနိုင်မှာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အတိုက်ခိုက်ခံရရင်အောင် သေစရာ လူမပါဘူး။ ကားပေးမှာလည်း ပြန်လည်ခုခံစနစ်တွေကို ပါဝင်ထည့်သွင်းထားပြီး သား ဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့ စစ်သား အသေ အပျောက် လျော့ နည်းစေရန် ဖြစ်ပါတယ်။ ကားကို အဝေးကနေ လှမ်းထိန်းချုပ်မှာ ဖြစ် ပါတယ်။ ဒီအတွက် Google နဲ့လည်း ပူးပေါင်းထားပါတယ်။ GPS စနစ်၊ လမ်းက အတားအဆီး၊ ခြောက်များ တိမ်းရှောင် စနစ် အားလုံး ထည့်သွင်းထားပြီး အာရုံခံ စနစ်များစွာကြောင့် အခက်အခဲ မရှိ လိုရာ ခရီးကို သွားနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်ကုမ္မဏီဖြစ်တဲ့အတွက် အမေရိကန် စစ်တပ်မှာပဲ စတင် အသုံးပြုမယ့် စစ်တပ်ယာဉ် ဖြစ်ပါတယ်။ သူ့လိုပဲ ဗြိတိန်နဲ့ ရုရှားတို့ကလည်း လူမောင်းစရာမလိုတဲ့ စစ်သုံးယာဉ်များကို ကြိုးစားဖန်တီးလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း
Smart Pro Journal