မော်စကိုမှာ ကျောင်းသားက ဆရာနဲ့ ရဲကို ပစ်သတ်

ပို့စ်တင်ချိန် - 2/04/2014 02:24:00 PM

တိုက်ခိုက်မှု ဖြစ်ပွားရာ အထက်တန်းကျောင်းမှ ကျောင်းသားအချို့ လွတ်လာစဉ်

ရုရှား နိုင်ငံ မော်စကိုမြို့ ဆင်ခြေဖုန်းက အထက်တန်းကျောင်း တစ်ကျောင်းမှာ သေနတ် ကိုင်ဆောင် ထားတဲ့ ကျောင်းသား တဦးက ဆရာ တစ်ယောက်နဲ့ ရဲတစ်ယောက်ကို ပစ်သတ်လိုက်ပြီး ကျောင်းသား အယောက် ၂၀ ကိုလည်း ဓားစာခံ အဖြစ် စာသင်ခန်းထဲ ထည့်ထားခဲ့ပါတယ်။

အခုအချိန်မှာတော့ ရဲတွေက သူ့ကို ဖမ်းဆီးလိုက် နိုင်ပြီး ကျောင်းသား ဓားစာခံတွေကိုလည်း အန္တရာယ်မရှိ ပြန်လွှတ် ပေးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

သေနတ် ကိုင်ဆောင်ထားတဲ့ ကျောင်းသားက ဘာမှ တောင်းဆိုတာတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၇ ရက်နေ့ သောကြာနေ့မှာ ရုရှား ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲကို ဖွင့်လှစ်မှာဖြစ်လို့ လုံခြုံရေး အထူး ကျပ်မတ်ထားတဲ့ အခုလို အချိန်မျိုးမှာ ဒီ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)