ဝန်ကြီး ဦးအုန်းမြင့်ရဲ့စကား အစိုးရ ရှင်းပြီ

ပို့စ်တင်ချိန် - 2/04/2014 07:00:00 PM

ပြီးခဲ့တဲ့လက တွေ့ရတဲ့ ဝန်ကြီးဦးအုန်းမြင့် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

ပြောရဲဆိုရဲရှိတဲ့ ဝန်ကြီးဦးအုန်းမြင့်ရဲ့ စကားနဲ့ ပတ်သက်ပြီး အစိုးရက ပြန်ရှင်းပါပြီ။
NLD အမတ်တဦး ဖြစ်တဲ့ ဦးအောင်စိုးက ဒီကနေ့ လွှတ်တော်မှာ အရေးတကြီး အဆိုတင်သွင်းရာမှာ ပြန်ကြားရေးဝန်ကြီးက လာရောက် ဖြေရှင်းခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဖြေရှင်းချက်ကို NLD အွန်လိုင်းကနေ မူရင်းအတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။

"မပြောသင့်စားလုံးတွေ လွန်လွန်ကျုးကျုးပါတာ မှန်ပါတယ်  ဒါပေမယ့်လည်း သူရဲ့ရည်ရွယ်ချက် ကျေးရွာလူထု လိုအပ်ချက်အတွက် အကူညီပေးဖို့ဖြစ်တယ်" လို့ ဦးအောင်ကြည်က ရှင်းပါတယ်။ပွဲဆူနေတဲ့ ဒီကိစ္စအတွက်
" ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်
ဒါကြောင့်မိုလို့ ဒီအတွက် ကျွန်တော်တို့ လုံလောက်တဲ့အချိန်ပေးပါ" လို့ ဦးအောင်ကြည်က ပြောပါတယ်။

ဗိုလ်ချုပ်ကြီးတွေပြောတဲ့ လုံလောက်တဲ့အချိန်ဆိုတာက ဆယ့်လေးငါးလ ဖြစ်နိုင်သလို ဆယ့်လေးငါးနှစ်လည်း ဖြစ်နိုင်ပါတယ်။ ကမ္ဘာလဆန်းတရက်နေ့ဟာ ဘယ်နေ့ဖြစ်မယ် ဆိုတာတော့ သူတို့ပဲ သိနိုင်ပါလိမ့်မယ်။

ဝန်ကြီးဦးအုန်းမြင့်ရဲ့ အင်မတန် ရိုင်းစိုင်းနဲ့ စကားနဲ့ ပတ်သက်ပြီး ချက်ချင်း ဖြေရှင်းပေးတာကတော့ ချီးကျူးဖို့ကောင်းပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးရဲ့အဆိုကိုပြန်လည် ဖေကြား-------

ကျွန်တော်ကတော့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ဖြစ်ပါတယ် မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှာ ရွာသူ၊ ရွာသားအချို့နှင့် ကြိုတင်စီစဉ်ထားခြင်းမရှိပဲနှင့်ရှောင်တခင် တွေ့ဆုံခဲ့တဲ့နေရာမှာ ပြောကြားခဲ့တယ့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ပြောစကားနှင့်ပါတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ်နေတာ ကျွန်တော်တို့အားလုံး သိကြောင်း မပြောသင့်စားလုံးတွေ လွန်လွန်ကျုးကျုးပါတာ မှန်ပါတယ်

 ဒါပေမယ့်လည်း သူရဲ့ရည်ရွယ်ချက် ကျေးရွာလူထု လိုအပ်ချက်အတွက် အကူညီပေးဖို့ဖြစ်တယ်လို့ ယူဆနိုင်ကြောင်း ဘာဖြစ်လို့လည်းဆိုရင် လမ်းဘေးလက်ဘက်ရည်ဆိုင်တစ်ဆိုင်ကလူ ၁၅ ယောက်လောက်က ထွက်ပြီးတော့ ပြည်ထောင်စုဝန်ကြိးရဲ့ကားကိုတာဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးကျေနပ်စွာရပ်ပေးပြီး ဘယ်ကလည်း ဘာလိုလည်း ဘာလုပ်ပေးရမလည်းမေးကြောင်း စတဲ့စကားများကိုလည်း ကြားကြမှာဖြစ်ပါတယ်

အကူအညီ မပေးခခြင်လို့ရှိရင် ကားတောင် ရပ်ပေးစရာမလိုပါဘူး စကားပြောဆိုကြတော့လည်း ရင်းရင်းနှီးနှီးပြောဆိုကြတာဖြစ်ကြောင်း ဒီဒေသမှာ ၅ နှစ်လောက် တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့တဲ့ လူတစ်ယောက်ရဲ့ စိတ်ခံစားဖြစ်ကြောင်း ၅ နှစ်လောက်တာဝန်ထမ်းခဲ့တဲ့အတွက်ရွှေမျိုးအရင်းခြာလို သဘောထားတာဖြစ်ကြောင်း ပြောဆိုတဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုကြောင်း ပြောရင်းဆိုရင်း သူရဲ့ကိုယ်ပိုင်ခံစားချက်ကို လွပ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အရ ထုတ်ဖော်ပြောဆို မိခဲ့တယ်လို့ဒီလို.ူဆမယ် ဆိုရင် ယူဆလို့ ရနိုင်တဲ့ အနေအထားရှိပါတယ်။

ညွန်ချုပ်တစ်ယောက်ကို ကျနော် တို့ထားခဲ့တယ်။ ပြီးတဲ့အခါကျတော့ ကျေးရွာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ဖို့အတွက် ကျောင်းသားတွေအတွက် စားပွဲ ကလားထိုင် အစုံ ၃၀ လုပ်ပေးခဲ့တယ်။
ဒီအချက်တွေကို ကျနော်တို့ ထည့်သွင်းစဉ်းစားသင့်တယ်လို့ကျနော်အနေနဲ့ တင်ပြလိုပါတယ်။

ပလုံးတုံတုန်း ရွာသားတွေနဲ့ တွေ့တဲ့ အခါမှာလည်း ရွှာသားတွေက ၀န်ကြီးနဲ့ တွေ့ဖို့လာခေါ်ကြပါတယ် အဲလိုတွေ့ဆုံတဲ့ အခါမှာလည်း စကားအသုံးအနှုန်းလွှဲမှာမှုတွေ ပါသွားခဲ့ပါတယ်။ ပါသွားနိုင်ပါတယ်။
ကျနော်တို့ကတော့ သေသေချာချာ မသိရပါဘူး။
အဲဒီရွာမှာ သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလတုန်း က နယ်မြေခံအရာရှိကြီးတစ်ယောက်အနေနဲ့ ရွာသားတွေနဲ့ အတူ လက်တွဲပြီးတော့သဲသောင်တွေနဲ့ ပင်လယ်ဝကို ဖြတ်ပြီးတော့ ဒီပုလုံးတုန်းနဲ့ ကော့သောင်းဆက်သွယ်တဲ့ တံတားကိုထိုးဖို့စွန့်စွန့်စားစား လုပ်ခဲ့တာဖြစ်ပါတယ်
အဲ့တာကိုယ်ထူကိုယ်ထ တံတားဖြစ်ပါတယ် အဲ့လိုမိုင်နဲ့ချည်ပြီးရှည်တဲ့ ဒီလိုလုပ်ငန်းတစ်ခုကို ကျေးရွာလူထုနှင့်အချိန်ယူပြီးတော့ ဒီလိုရင်းရင်းနှီးနှီးလက်တွဲပြီးတော့လုပ်လာခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်

ဒါတွေရဲ့အကျိုးဆက်ကိုကြည့်မယ်ဆိုလို့ရှိရင် အဲ့ဒီရွာရဲ့ဆိမ်ကမ်းဟာသာတောင့်သာယာဖြစ်နေတဲ့အပြင် ဦးအုန်းမြင့်တာဝန်ယူတဲ့ ၀န်ကြီးဌာနဟာလည်း ဒီပုလုံးတုံတုန်းကျေးရွာ တံတားချင်းကပ်လမ်းတွက် ဒီလိုအပ်တဲ့ လမ်းခင်းပေးဖို့ ဒီဘပ်ချက်ကို ဒီလွှတ်တော်မှာ တင်ပြထားပြိးဖြစ်တာလည်း ထည့်သွင်းစဉ်းစားရပါမယ်
ဒီတံတားတွင်မကပါဘူးကျေးရွာ မီးလင်းရေးအတွက် ဆိုလာမီးတွေတပ်ဆင်ပေးဖို့အတွက်ပါ တင်ပြခဲ့တာဖြစ်ပါတယ်

အဲ့တော့ရွာသူ၊ ရွာသားတွေအပေါ်မှာ ဦးအုန်းမြင့်ထားရှိတဲ့စေတနာကိုလည်းလွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့ မှန်းစကြည်လို့တွေနိုင်ကြောင်း တင်ပြလိုပါတယ်
ဥက္ကဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား
 ဖြစ်စဉ်နှစ်ရပ်စလုံးမှာ ဦးအုန်းမြင့်ဟာ သဘောရိုးနဲ့ပြောခဲ့တာလား
 ဒါမှမဟုတ် ကောက်ကျစ်သောအကြံနဲ့စေတနာမသန့်ဘဲနဲ့ ပြောတယ်ဆိုတဲ့အချက်ဟာ ဒီကိစ္စမှာ အရေးတကြီးထည့်သွင်းစဉ်းစာရမယ့်အချက်ဖြစ်ပါတယ်

အဲ့တော့ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စကိုလေ့လာသုံးသပ်တဲ့နေရာမှာ ဖြစ်နိုင်သမျှတရားမျှတမှုရှိနိုင်ဖို့ အတွက် ကျွန်တော်တို့က အပေါ်ယံကလေးလေ့လာသုံးသပ်မလုပ်ချင်ပါဘူး
နောက်ခံအကြောင်း တရားတွေနောက်ဖြစ်စဉ်ပေါ်ပေါက်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေ နောက်ဖြစ်စေဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေ နောက်နယ်မြေခံလူထပင်းရင်း စိတ်နေသဘောထားတွေ ဒါတွေကိုပါထည့်သွင်းစဉ်းစားပြီးတော့ ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်
ဒါကြောင့်မိုလို့ ဒီအတွက် ကျွန်တော်တို့ လုံလောက်တဲ့အချိန်ပေးပါလို့ ဥက္ကဌကြီးအားတင်ပြလိုပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ
ထပ်ဆင့်ရှင်းလင်းရာတွင် ----

ဒီကိစ္စနဲ့ပါတ်သက်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ အထူးအလေးထား ပြီးတာ့မှစဉ်းစားဆောင်ရွက်နတာဖြစ်ပါတယ် ကျွန်တော်တို့စောစောတုန်းက တင်ပြခဲ့သလိုပဲ ဒီကိစ္စဟာ အပေါ်ရံကြော စဉ်းစားရမယ့် ကိစ္စမဟုတ်ပဲနဲ့ သူ့ရဲ့နောက်ခံအကြောင်းတရားတွေ ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ ထို့အတူဒေသမှာပြောခဲ့တဲ့သူတွေရဲ့ စိတ်နေသဘောထားတွေ ဒါတွေကိုပါ ကျွန်တော်တို့လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်
ဒါမှလည်းပဲကျွန်တော်တို့ အဖြေမှန်နဲ့ နည်းစပ်မှာဖြစ်ပါတယ်

ဒါမှလည်းပဲ ကျွန်တော်တို့ဟာပိုပြီးတော့အမျှော်အမြင်ရှိရာ ကြမှာဖြစ်ပါတယ် ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုကို မူတည်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ကြမယ်ဆိုရင် အဆုံးဖြတ်တွေဟာမှန်မယ်လို့ ကျွန်တော်တို့ မပြောနိုင်ပါဘူး ဒါကြောင့်မိုလို့ ကျွန်တော်တို့ ဒီကိစ္စနဲ့ပါတ်သက်ပြီး အချိန်အနည်းငယ်လိုခြင်ပါတယ်လို့ တင်ပြခြင်းဖြစ်ပါတယ် လေးစားပါတယ်။

Irrawaddy