Samsung Galaxy S5 ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် မိတ်ဆက်ဖွယ်ရှိနေ

ပို့စ်တင်ချိန် - 2/04/2014 03:31:00 PM


Samsung က၎င်းတို့၏ အဓိကထုတ်ကုန်သစ်တစ်မျိုးကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင်ကျင်းပမည့် Mobile World Congress တွင်ထုတ်ဖော်ပြသ သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါပွဲကို Unpacked 5 ဟု အမည်ပေးထားသောကြောင့် ၎င်းပွဲတွင် Samsung Galaxy S5 ကိုမိတ်ဆက်ပြသသွားဖွယ် ရှိနေကြောင်းသိရသည်။ Samsung သည် Samsung Galaxy ဖုန်းများကို ယခုကဲ့သို့ အချိန်အပိုင်းအခြားအတွင်း မိတ်ဆက်ပြသသည့် သမိုင်းကြောင်းရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင်ပင် ကျင်းပခဲ့သည့် Mobile World Congress တွင် Galaxy S4 ကို မိတ်ဆက်ခဲ့ဖူးသည်။ ထွက်ပေါ်လာသည့် သတင်းများအရ Galaxy S5 တွင် 2,560x 1,440 ultra high-resolution အသုံးပြုထားသည့် AMOLED display နှင့် Samsung မှတည်ဆောက်ထားသည့် 64-bit eight-core Exynos ပရိုဆက်ဆာကို အသုံးပြုဖွယ်ရှိနေသည်။ ထို့အပြင် 16-megapixel ကင်မရာ၊ RAM 3GB နှင့် 4,000 mAh ဘက်ထရီတို့ဖြင့် ပွဲထွက်လာဖွယ်ရှိပြီး အခြား feature များအဖြစ် ပြောင်းလဲထားသော ဒီဇိုင်းအသစ် သတ္ထုကိုယ်ထည်အပြင် လက်ဗွေဖတ်သည့်စနစ်နှင့် သက်တမ်းရှည်ဘက်ထရီ နည်းပညာတို့လည်း ပါဝင်လာဖွယ်ရှိသည်။

Internet Journal