ဒီနှစ် ကမ္ဘာ့ဖလားမှာ အင်္ဂလန် နဲ့ အာဂျင်တီးနား ကိုပဲ ဗိုလ်စွဲစေချင်တယ်လို့ ဆိုတဲ့ ရာဇာနေဝင်း

ပို့စ်တင်ချိန် - 6/12/2014 09:45:00 AM


သရုပ်ဆောင် ရာဇာနေဝင်းဟာ ဖခင်ဖြစ်သူ ကောလိပ်ဂျင်နေဝင်း၏ သရုပ်ဆောင် ပညာအမွေသာမက ဖခင်ချစ်မြတ်နိုးသည့် ဘောလုံး အားကစား ကိုလည်း ကြိုက်နှစ် သက် သည့်ဘောလုံး အားကစားသမားတစ်ဦးဖြစ်ပါသည်။ ဖခင်ဖြစ်သူ ကောလိပ်ဂျင်နေဝင်းသည် ရေတပ်သားဘဝတွင် ဘောလုံးကစားရာ၌ နာမည်ကျော်ကြား ခဲ့ပြီး ရန်ကုန် တက္ကသိုလ် လက်ရွေးစင်ဘောလုံး အသင်းတွင် ရှေ့တန်းလူအဖြစ်လည်း ပါဝင်ကစားခဲ့သည်။ ၁၉၅၅ ခုနှစ် တွင် မြန်မာ့လက်ရွေးစင်ဘောလုံး ကစားသမား အဖြစ် ရွေးချယ် ခံရပြီး အင်ဒိုနီးရှား၊ ဂျပန်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက် ခြေ စွမ်းပြခဲ့သည်။ ထိုသို့မက ၁၉၅၆ ခုနှစ်တွင် ကောလိပ်ဂျင်နေဝင်း သည် ပါကစ္စတန်နိုင်ငံ၌ ကျင်းပသော အိန္ဒိယ၊ မြန်မာ၊ သီဟိုဋ်၊ ပါကစ္စတန်လေးနိုင် ငံ ဘောလုံး ဗိုလ်လုပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ရွေးချယ်သော အကောင်း ဆုံးဘောလုံးသမား ထူးချွန်ဆု ကိုလည်း ရရှိခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်ဘောလုံး အသင်း ကိုခေါင်းဆောင် ကာ ကာလကတ္တား ယူနီဗာစီတီ နှစ်တစ်ရာပြည့် အထိမ်း အမှတ်ပွဲ တွင်လည်း သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ ဘောလုံး ဝါသနာရှင် ထူးချွန်သူ ကောလိပ်ဂျင်နေဝင်း သည် ၁၉၅၉ ခုနှစ်တွင် စာရေး ဆရာဇဝန ၏ ကော လိပ်ဂျင် ဝတ္ထုကို ရုပ်ရှင်အသွင် ဖန်တီးရာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ပြီး အနုပညာလောကတွင် တစ်ခေတ်ဖြစ်ထွန်းခဲ့သူဖြစ်သည်။

ဖခင်ဖြစ်သူ ကောလိပ်ဂျင်နေဝင်း၏ အားကစားစိတ်ဓာတ်၊ အနုပညာ စိတ်ဓာတ်သွေး သည် သားသမီးများထိ စီးဆင်းခဲ့သည်မို့ သားဖြစ်သူ ရာဇာနေဝင်း သည်ပင်လျှင် ဖခင် ကဲ့သို့ ဘောလုံးကို ဝါသနာကြီးခဲ့သူပီပီ ယခုအခါ Actor Star ဘောလုံး အဖွဲ့တွင်လည်း ပါဝင် ကစားနေသူ ဘောလုံး ကစားသမား တစ်ဦးဖြစ် သည်။ ဘောလုံး အားက စားကို မြတ်နိုးသည့် ရာဇာနေဝင်း ကို ကမ္ဘာ့ဖလားပြိုင်ပွဲက နိုင်ငံသားတစ်ဦး အပေါ်ဆွဲဆောင်မှု ရှိပုံနှင့် အားကစားစိတ်ဓာတ်က ကမ္ဘာကို လွှမ်းမိုးထားပြီး စည်းလုံး ညီညွတ် မှုပြ ဆိုသည်ကို လက်ခံပါသလားဟု မေးကြည့်ရာ
” ဘောလုံး အာကစား ဆိုတာ ကမ္ဘာပေါ်မှာ လူကြီး၊ လူငယ်၊ ကလေး က အစ အများဆုံး စိတ် အဝင်စားဆုံး အား ကစားဖြစ်တယ်။ ကျွန်တော် လည်း ဘောလုံး ကို စိတ်ဝင်စားတယ်။ နိုင်ငံအလိုက် အားပေးကြတယ်။ အားပေးမှုကတော့ မတူဘူး။ ကျွန်တော်က အင်္ဂလန်အသင်းနဲ့ အာဂျင် တီးနားကိုအကြိုက်ဆုံးပဲ။ ပွဲတွေကိုတော့ မြန်မာပြည်က နေပဲစောင့်ကြည့်မယ်။ ဘရာဇီး ထိတော့သွားအားပေးဖို့ အစီအစဉ်မရှိပါဘူး” ဟု ပြောပြခဲ့ပါသည်။

ထူးထူး
Popular Journal