လာရှိုးမှာ ခုံဖိုးတောင်းတဲ့ကျောင်းက စာသင်ဖို့ ကိုယ့်ဖျာကိုယ်ယူပြီး လာရသတဲ့ - ပေးစာ

ပို့စ်တင်ချိန် - 6/05/2014 11:38:00 AM


မြန်မာနိုင်ငံ မှာ ပညာရေးနဲ့ပတ်သတ်ပြီး ဘယ်လောက် ဆိုးဆိုးရွားရွားဖြစ်နေလဲဆိုတာ ယခုတင်ပြမယ့် ပေးစာက ထင်သာမြင်သာရှိအောင် ပြောပြပါလိမ့်မယ်။ ဟိုတစ်လောကလည်း ရန်ကင်း TTC မှာ
ကျောင်းအပ်ဖို့အတွက် ဝန်ကြီးလက်မှတ်ပါရမယ်ဆိုတဲ့ ထူးထူးဆန်းဆန်း လိုအပ်ချက်တွေကလည်း ထွက်လာခဲ့သေးပါတယ်။ သက်ဆိုင်သူတွေ ဒီသတင်းကို မြင်ပြီး တားဆီး၊ ပြင်ဆင်ပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ အောက်မှာတော့ တိုင်စာပေးပို့လာသူရဲ့ မူရင်းရေးသားချက်အတိုင်းပဲ ဖော်ပြလိုက်ရပါတယ်။

====================== မူရင်းတိုင်စာ ======================

ကျွန်တော်ကို သတင်းတခုလေး တင်ပေးစေချင်ပါတယ်။ ခုခေတ်ပညာရေးနဲံ့ပတ်သက်ပြီးတော့ပေါ့။
 အဖြစ်ကဒီလိုပါ.. လားရှိုးမြို့ ရပ်ကွက်(၁၂)၊ နယ်မြေ(၁၉) အ.လ.က(၇)ကျောင်းက ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင်ကို ကျောင်းလက်ခံတဲ့နေ့( ၃.၆.၂၀၁၄) မှာ ( ၁၀၀၀၀ မှ ၄၅၀၀၀) ထိကျောင်းအတွက်ခုံဆိုပြီးမတရားကောက်နေပါတယ်။ တချို့မိဘကတတ်နိုင်တယ်။ ဒါပေမဲ့ အများကဘယ်လိုလုပ်တတ်နိုင်မှာလဲ။

ပြီးတော့ပြောသေးတာ ကျောင်းအုပ်က

ပိုက်ဆံမထည့်ချင်ရင် ပိုက်ဆံမကောက်တဲ့ကျောင်းကိုသွားအပ်ပါ

တဲ့။ ကျောင်းအုပ်ကဒီလိုပြောစရာလား။ အလှူငွေဘဲ ကိုယ်တွေတတ်နိုင်သလောက်ထည့်မှာပေါ့။ အခမဲ့ပညာသင်ကြားရေး ဆိုပြီး ကန့်လန့်ကာစည်းခြားပြီး ကောက်နေတုန်း၊ ပြီးတော့ အိမ်က ကလေးတွေမေးကြည့်တော့လည်း ကြမ်းပြင်မှာထိုင်ရတာတဲ့။ ဖျာတောင်ယူသွားရတယ်။

ဒီကျောင်းအုပ်လက်ထက်ကျမှ ကလေးတွေပညာရေး ဗန်းပြပြီးလုပ်စားနေတာ။ ဒါကိုဖတ်ဖြစ်အောင် ဖတ်ပြီး၊ တင်ဖြစ်အောင်တင်ပေးပါလားဗျာ။ တောင်းဆိုပါတယ်။

မိဘတွေအနေနဲ့ မတတ်နိုင်တဲ့ မိဘတွေ ဘက်က ကျွန်တော့်ကိုတောင်းဆိုတာပါ။
ကျွန်တော်လည်း internet website တွေကောင်းကောင်းသိတာဟုတ်ဘူး၊ ဒါမဲ့လုပ်ကြည့်ပေးမယ်ဆိုပြီး ပြောပေးလိုက်တယ်။ သူတစ်ပါး မတရားခံရတာကို ကူညီယုံသက်သက်ပါ။
ဒါလေးကိုတော့ တင်ပေးပါလို့တောင်းဆိုချင်ပါတယ်ဗျာ။
==================================================


ယခုလို စနစ်ဆိုး အကျင့်ဆိုးတွေ ပျောက်ပြီး မြန်မာ့ပညာရေး တိုးတက်ပါစေကြောင်း ဆန္ဒပြုရင်း ယခု တစ်ဆင့်ပေးစာအား Ygn News မှ တင်ဆက်လိုက်ရပါတယ်။