ဘုရားသွားမည်ဟုဆိုကာ တည်းခိုခန်းခေါ်၍ အဓမ္မပြုကျင့်ခံရမှု တစ်ပတ်အကြာမှ တိုင်ကြား

ပို့စ်တင်ချိန် - 10/26/2013 01:25:00 PM


ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့ရှိ တည်းခိုခန်းတစ်ခု၌ အသက်၁၇နှစ်အရွယ် ၁၀ တန်းကျောင်းသူတစ်ဦးကို အဓမ္မကျင့်မှုတစ်ခုဖြစ်ပွာခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကသိရသည်။

 သာကေတမြို့နယ်၊ ၁၀ တောင် ၁၃ရပ်ကွက်၊ဇေယျဝတီ ၄လမ်းနေမ......(၁၇)နှစ်သည်ကျူရှင်တက် ရန်အိမ်မှ ထွက်သွားရာ ညနေပိုင်းအချိန်အထိ ပြန်ရောက်မလာသဖြင့် မိခင်ဖြစ်သူကလိုက်လံရှာဖွေ ရာညဆယ်နာရီအချိန်ခန့် တွင် သမီးဖြစ်သူမှာ ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံသို့ ရောက်ရှိနေကြောင်းသိရပြီးလိုက်သွားခဲ့သည်ဟုဆိုသည်။

 သမီးဖြစ်သူမ..... အားမေးမြန်းကြည့်ရာမှ တစ်ရပ်ကွက်ထဲနေ အသက်(၂၉) နှစ် အရွယ် အဘ ဦးကျော်ကျော်ဝင်း၏ သားဖြစ်သူမှာ သန်လျင်သို့ဘုရားဖူးသွားမည်ဟု ခေါ်ဆောင်သဖြင့် မ….မှာလိုက်ပါသွားခဲ့ရာ သန်လျင်မြို့ရှိ “မြိုင်” တည်ခိုခန်းသို့ခေါ်ယူပြီး အလိုမတူဘဲသားမယား အဖြစ်ပြုကျင့်သဖြင့် သွေးသွန်ခဲ့ပြီး ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း မ…....က မိခင်ဖြစ်သူကို ပြန်ပြောပြခဲ့သည်။

 မ......မှာ ၁၀ တန်းနှစ်ကျကျောင်းသူတစ်ဦးဖြစ်ပြီး အပြင်ဖြေအဖြစ်စာမေးပွဲဖြေဆိုရန် ကျူရှင်တက်နေစဉ်ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၄င်း၏မိခင်ဖြစ်သူဒေါ်တင်တင်မူက ဆိုသည်။

 အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမ….၏ မိခင်ဖြစ်သူဒေါ်တင်တင်မူ က မကျေနပ် သဖြင့် တစ်ပတ်အကြာ အောက်တိုဘာ ၂၄ရက်နေ့တွင် သန်လျင်မြို့နယ်ရဲစခန်း၌ ကျူးလွန်ခဲ့သူကို အမှုဖွင့်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

 ပြစ်မှုကျူးလွန်သူ . . . . .ကို အရေးယူပေးရန် မ....၏ မိခင်ဖြစ်သူဒေါ်တင်တင်မူ၏ တရားလိုပြုတိုင်ကြားချက်ကို သန်လျင်ရဲစခန်းမှ မမစ(ပ)

၉၈၃/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၇၆/၃၆၆ ဖြင့် အောက်တိုဘာ ၂၄ရက် မွန်းတည့် ဆယ့်နှစ်နာရီ ငါးမိနစ်အချိန်၌ အမှုဖွင့်ပြီး အမှုစစ်ဒုရဲမှူး(စခမ)မှ

 တရားခံအားဖမ်းဆီးရမိရေးစုံစမ်းလျက်ရှိသည်ဟု သန်လျင်ရဲစခန်း က သိရသည်။

                                                                                            Myitmakha M edia Group