ထော်လာဂျီယာဉ်မှ လမ်းဖြတ်ကူးသူ ကလေးငယ်အားတိုက်မိသေဆုံး

ပို့စ်တင်ချိန် - 11/01/2013 02:35:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁

၁.၁၁.၂၀၁၃ရက်နေ့ ၀၉၄၅အချိန် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မြို့ပတ်လမ်းအတိုင်း ယာဉ်မောင်း သန်းထိုက် (ဘ)ဦးမြဦး၊ အင်းစိန်မြို့နယ်
နေသူ မောင်းနှင်လာသော ၅ဌ/---- ထော်လာဂျီယာဉ်သည် ကျောင်းလမ်းဆုံ
အနီးအရောက် လမ်းဖြတ်ကူးသူ မသဇင်ထွေး၊ (၃)နှစ်(၆)လ (ဘ)ဦးနိုင်ဝင်း၊
ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူအား တိုက်မိသဖြင့် မသဇင်ထွေးတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင်
သေဆုံးသွားသဖြင့် ထော်လာဂျီယာဉ်မောင်း သန်းထိုက်အား အင်းစိန်မြို့မရဲစခန်းယာဉ်(ပ)၁၃၇/၂၀၁၃၊ ပုဒ်မ ၃၀၄-က ဖြင့်
အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police