အစိုးရဝန်ထမ်းများ တာဝန်ကျေပွန်ရေး လစာလုံလောက် ရန်လိုဟုဆို

ပို့စ်တင်ချိန် - 11/01/2013 05:42:00 PM


ရန်ကုန် ၊ အောက်တိုဘာ ၃၁။ ။ အ စိုးရဝန်ထမ်းများ မိမိအလုပ်ကိုချစ် ပြီး တာဝန်ကျေပွန်စွာလုပ်ဆောင် နိုင်ရန်အတွက် လုံလောက်သော လစာရရှိရန် လိုအပ်သည်ဟု က ရင် တိုင်းရင်းသားရေးရာဝန်ကြီး က ပြောသည်။

''အစိုးရဝန်ထမ်းတွေ အား လုံး ကိုယ့်အလုပ်ကိုချစ်ပြီး တာ ဝန်ကျေအောင် လုပ်ဆောင်နိုင်ဖို့ လစာလောက်အောင် ပေးရမယ်။ လုံလောက်တဲ့ လစာရှိရင်အကျင့် ပျက်ခြစားမှုတွေ လျော့နည်းလာ မယ်''ဟု ကရင်တိုင်းရင်းသားရေး ရာဝန်ကြီး ဦးစောထွန်းအောင် မြင့်ကဆိုသည်။

''အကျင့်ပျက်ခြစားမှု ဆို တာက နှစ်မျိုးရှိတယ်။ လောဘ ကြောင့် မတရားလာဘ်စားတာရယ်၊မလောက်ငလို့လာဘ်စားရတာရယ် နှစ်မျိုးရှိတယ်။ အစိုးရ ဝန်ထမ်း၊ ဝန်ကြီးဌာနတွေမှာ ပြင်ပ ဝင်ငွေလုံးဝမရဘဲ လစာလေးနဲ့ ရပ်တည်နေရပြီး ဝန်ကြီးဌာနလည် ပတ်ဖို့ ဘဏ္ဍာငွေမရတဲ့ဝန်ကြီး ဌာန တွေရှိတယ်။ ခုလောလောဆယ် မှာ ဝန်ကြီးတစ်ဦးရဲ့ တစ်လဝင် ငွေ ကျပ်လေးသိန်းခွဲနဲ့ ရပ်တည် နေရပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ သတ်မှတ်ထားတာက တော့ ဝန်ကြီးတစ်ဦးကိုကျပ်သိန်း ၂၀ လောက်ရမယ် လို့ပြဋ္ဌာန်းထား ပေမယ့် ပြည်သူတွေအတွက်လျှော့ ယူထားရပါတယ်။ သတ်မှတ်ချက် အတိုင်း မရရင်တောင် လောက်င တဲ့ အတိုင်းအတာအထိ ရရှိရင်ပို ကောင်းပါမယ်''ဟု အစိုးရအဆင့် မြင့် ဝန်ကြီးတစ်ဦးက ပြောသည်။

သူသူထက်လွင်
Yangon Media Group