မူဆယ်တွင်ဆိုင်ကယ်စီးလာသူအမျိုးသမီးများကို ဓားဖြင့်ခုတ်ကာဆိုင်ကယ်လုယက်နေသူကိုဖမ်းမိပြီ

ပို့စ်တင်ချိန် - 11/01/2013 02:30:00 PM


ရှမ်းပြည်နယ်၊ မူဆယ်မြို့ တွင်၊ ဆိုင်ကယ်ဆီးနင်းလာသူ အမျိုးသမီးများကို ဓား၊ သုံး မြှောင်သံပြားများဖြင့် ခုတ်ပြီးဆိုင် ကယ်လုယက်မှု စက်တင်ဘာ  (၂၃)နှင့်(၂၄)ရက်နေ့များတွင် ဖြစ် ပွားခဲ့သည်။ စက်တင်ဘာ(၂၃) ရက်နေ့ ည(၇း၀၀)အချိန်တွင်  မူဆယ်မြို့၊ အမှတ်(၂)ဈေးမှ ဆိုင် ကယ်နှင့်အိမ်ပြန်လာသော မခင် စံပယ်ဖြူကို မူဆယ်မြို့၊ တောင် ရပ်ကွက်၊ ခိုင်သစ္စာ ကားပစ္စည်း ရောင်းသည့်ဆိုင်လမ်းကြားတွင် အသက်(၁၉)နှစ်ခန့်လူငယ်တစ်ဦး ကဆိုင်ကယ်စီး လာစဉ် ဓားဖြင့် တစ်ချက်ခုတ်လိုက်သဖြင့် ဘယ် ဘက်ပါး၊ ညာဘက်ပါးနှာခေါင်း တို့တွင် ပြတ်ရှဒဏ်ရာရရှိပြီး ဆိုင် ကယ်လဲကျစဉ် ဆိုင်ကယ်ကိုလုယူ ထွက်ပြေးသွားကြောင်း၊ (၂၄-၉-၂၀၁၃)နေ့တွင် မူဆယ်မြို့၊ ပန်လုံ ကွက်၊ ပန်လုံလမ်း၊ စည်ပင် သာယာဝန်ထမ်း အိမ်ယာနေထိုင် သူ ဒေါ်အေးမသည် သမီးဖြစ်သူ မထက်ထက်အိစံနှင့်အတူ ဆိုင် ကယ်စီးလာရာလူပြတ်သောလမ်း နေရာတွင် လူတစ်ဦးတွေ့ရှိရပြီး ဆိုင်ကယ်ကိုပေးရန် ခြိမ်းခြောက်၍အလျား ၆ လက်မခန့်အနံ ၁၁၂””လက်မခန့်စတီးဓားဖြင့် ဆိုင်ကယ်မောင်းနှင်သူ  မထက်ထက်အိစံအားခုတ်ရာ မျက်နှာတွင်ပြတ်ရှဒဏ်ရာတစ် ချက်ရရှိပြီး ဆိုင်ကယ်တိမ်းမှောက် သွားစဉ်အော်ဟစ်အကူအညီ တောင်းရာ ထိုလူမှာဆိုင်ကယ်ကို လု၍ ထွက်ပြေးသွားကြောင်း  မူဆယ်ရဲစခန်းတွင် အသီးသီးတိုင် ကြားခဲ့သည်။

ရဲတပ်ဖွဲ့ကစုံစမ်းထောက် လှမ်းခဲ့ရာမူဆယ်မြို့၊ကောင်းမှုတုံ ရပ်ကွက်ရှိ တရုတ်နိုင်ငံဘက်သို့ တရားမ၀င် ခိုး၊ထွက်ပေါက်ဖြစ် သော၊ ရွှေနဂါးဝင်/ထွက် ပေါက် အနီးတွင် အိုက်ထွန်း(ခ)၀င်းထွန်း (ခ)ထွန်းထွန်း(၂၅)နှစ် တရုတ် နိုင်ငံကျယ်ဂေါင်တွင်နေထိုင်သူ အား စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင် ခဲ့သည်။ ၎င်းကိုစစ်ဆေးရာ  တောင်ရပ်ကွက်၊လမ်းကြားတွင် လုယက်လာသည့်ဆိုင်ကယ်အား ရောင်းချခဲ့ပုံနှင့်  အမျိုးသမီးကို ဒဏ်ရာရရှိအောင်ခုတ်ခဲ့သည့်သုံး မြှောင်ပုံသံပြားအား လွှင့်ပစ်ခဲ့ သည့်နေရာပြသပြီးအပ်နှံခဲ့ကာ ကျူးလွန်ပုံကို ပြသခဲ့သည်။

ဆက်လက်စစ်ဆေးရာတွင် ဒေါ်အေးမတို့သားအမိနှစ်ယောက် စီးလာသည့်ဆိုင်ကယ်ကိုလည်း အရိုးအ၀ါရောင်စတီးဓားဖြင့် ဆိုင်ကယ်မောင်းလာသူကိုဖြတ် ခုတ်ကာ ဆိုင်ကယ်ကိုလုယက်ပုံ၊ စတီးဓားလွှင့်ပစ်ခဲ့သည့်နေရာများ ပြသခဲ့သည်။ ထို့ကြောင့် လုယူခဲ့ သော ဆိုင်ကယ်(၂)စီးအား စုံး စမ်းဖော်ထုတ်နိုင်ခဲ့ပြီးထိရောက် ပြစ်ဒဏ်ရရှိရေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ကျီးမိုက် (လူ)
HOT NEWS