ရထားသံလမ်းပေါ်တွင် အိပ်ပျော်နေသော ကလေး(၃)ဦးအား ရထားတိုက်မိ

ပို့စ်တင်ချိန် - 11/04/2013 09:51:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၃

၃.၁၁.၂၀၁၃ရက်နေ့ ၀၄၂၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ဃန်းကျွန်း ဘူတာအနီး ရန်ကုန်-မန္တလေး အဆန်သံလမ်း၊ မိုင်တိုင်အမှတ် (၄/၅)နှင့် (၄/၆)ကြား ရထားလမ်းပေါ်တွင် အိပ်ပျော်နေသော သင်္ဃန်းကျွန်း မြို့နယ်နေသူများဖြစ်သည့် လျှာထိုးခန်း၊(၁၃)နှစ်၊ (ဘ)ဦးမြင့်လွင်၊ ရဲထက်ကျော်(၁၄)နှစ်၊ (ဘ)ဦးစန်းဦးနှင့် သန်းထိုက်(ခ)မျက်ပြူး(၉)နှစ်၊ (ဘ)ဦးဝင်းဇော်တို့ (၃)ဦးအား ရန်ကုန်မှ မန္တလေးသို့ ထွက်ခွါလာသော စက်ခေါင်းအမှတ် DF-1357 အမှတ်(၁)အဆန်စာပို့ရထားမှ တိုက်သွားခဲ့ပါသည်။

အဆိုပါရထားတိုက်မှုကြောင့် လျှာထိုးခန်းတွင် ဦးခေါင်းကြေမွ၊ ၀ဲလက်ပြတ်ဒဏ်ရာများဖြင့် လည်းကောင်း၊ ရဲထက်ကျော်တွင် ၀ဲလက်၊ ၀ဲခြေထောက်ပြတ်ဒဏ်ရာများဖြင့်လည်းကောင်း အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး သန်းထိုက်(ခ)မျက်ပြူးတွင် မေးစေ့ကွဲကြေ၊ ၀ဲလက်ကောက်ဝတ် ပြတ်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံသို့တင်ပို့ကုသခဲ့ရပါသည်။

သေဆုံးသူ(၂)ဦးနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၂၃/၂၀၁၃)ဖြင့် ဖွင့်လှစ်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police