ရန်ကုန်တိုင်းဒေသကြီးတွင် ဒီဂျစ်တယ်မီတာများ အခမဲ့တပ်ဆင်ပေးနေ

ပို့စ်တင်ချိန် - 11/04/2013 11:40:00 AM


Monday, 04 November 2013 03:27

ရန်ကုန် ၊ နိုဝင်ဘာ ၃ ။       ။ ရန်ကုန် တိုင်းဒေသကြီးအတွင်း မီတာအ ဟောင်းတစ်သန်းကျော်ကို ဒီဂျစ် တယ်မီတာများဖြင့် အခမဲ့ပြောင်း လဲတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အရှေ့ပိုင်း ခ ရိုင်နှင့် တောင်ပိုင်းခရိုင်များရှိ မြို့နယ် များကို ဒီဂျစ်တယ်မီတာများတပ် ဆင်ပေးလျက်ရှိကြောင်း ရန်ကုန် မြို့တော်လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။

ဦးအောင်ခိုင်က ''ရန်ကုန် တိုင်းဒေသကြီးတစ်ခုလုံးကို ဒစ်ဂျစ်တယ်မီတာတွေပြောင်းတပ် သွားမှာပါ။ လက်ရှိမြို့နယ်တချို့ ကိုတော့တပ်နေပါတယ်။ ကျန်တဲ့ မြို့နယ်တွေကိုတော့ ဘတ်ဂျက် အနေအထားကိုကြည့်ပြီး တပ် ဆင်မှာပါ'' ဟုပြော သည်။ လက်ရှိ ဒီဂျစ်တယ်မီတာ များကို သန်လျင်၊ သုံးခွ၊ ဒေါပုံ၊ သင်္ဃန်းကျွန်းနှင့် တောင်ဥက္ကလာပ မြို့နယ်များတွင် အလုံး ၄၀၀၀ ကျော် တပ်ဆင်လျက်ရှိကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့မှ သိရသည်။
ဦးအောင်ခိုင် က ''ဒီဂျစ်တယ် မီတာတွေက ယူနစ်ဆုံးရှုံးမှုမရှိ တဲ့အတွက် တပ်ဆင်ရခြင်းဖြစ်ပါ တယ်။ အခု ဒီဂျစ်တယ်မီတာတွေ တပ်ဆင်ထားတဲ့ သုံးခွမှာဆိုရင် အရင်တုန်းက ဓာတ်အားပျောက် ဆုံးမှုက ၃၈ရာခိုင်နှုန်းရှိတယ်။ အခု ၂၃ရာခိုင်နှုန်း ကျော်ကျော်ပဲ ရှိတော့တယ်''ဟု ပြောသည်။

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ ဒီဂျစ် တယ်မီတာများ တပ်ဆင်ရန်အ တွက် ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီ ဖြစ်သည့်  Same Sky Group Co,Ltd   နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ဒစ်ဂျစ် တယ်မီတာတစ်လုံး ကာလ တန် ဖိုး ကျပ်၃၇၅ဝဝရှိကြောင်း သိရ သည်။ လက်ရှိ ရန်ကုန်တိုင်းဒေသ ကြီးတွင် ဓာတ်အားသုံးစွဲသူ ကိုး သိန်းကျော်ရှိကြောင်း ရန်ကုန်မြို့ တော်လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သိရသည်။

သန်းနိုင်ဦး
Yangon Media Group