ငမိုးရိပ်တံတားနားက ယာဉ်တိုက်မှု

ပို့စ်တင်ချိန် - 11/04/2013 01:33:00 PM

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၂ လမ်းမကြီး ငမိုးရိပ်တံတားအနီး တနင်္ဂနွေည ၁၁ နာရီကျော်ခန့်က ယာဉ်တိုက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။

တံတားပေါ်ကမောင်းလာတဲ့ စူပါကာစတန်ယာဉ် နဲ့ သင်္ဃန်းကျွန်းဘက်က မောင်းလာတဲ့ အစ်ဆူဇူးယာဉ်တို့ တိုက်မိကြတယ်လို့ အဲဒီအနား နေထိုင်သူများက ပြောပြပါတယ်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရသွားတာ၊ သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။

စူပါ ကာစတန် တုံးလုံး လဲသွားပြီး အစ်ဆူဇူးက ရှေ့ဘီးကျွတ်သွားတယ်လို့ သိရပါတယ်။

(သတင်းနဲ့ ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)






Irrawaddy