ဘိုးသူတော် ဦးနု စကားပုံများ

ပို့စ်တင်ချိန် - 11/04/2013 02:13:00 PM


မတော်တာကို မမြည်း မစားနှင့်၊ အဖော်မပါလျှင် ခရီးမသွားနှင့်၊
မတော်တာကို မြည်းစားက ဘေးရလို့ ရောဂါ ပွားတတ်သည်။
အဖော်မပါပဲ ခရီးသွားက အရေးမလှသမို့ သောကများတတ်သည်။

ခရီးကိုလည်း အပြင်း မသွားနှင့်၊ မီးကိုလည်း အကြွင်းမထားနှင့်၊
ခရီးကို အပြင်းသွားက မှားတတ်သည်။ မီးကို အကြွင်းထားက ပွားတတ်သည်။

သေရည်ကိုလည်း မသောက်နှင့်၊ ရေကြည်ကိုလည်း မနှောက်နှင့်၊
သောက်ရည်ကို သောက်က အပါယ်ဘုံသို့ ကျတတ်တသည်။
ရေကြည်ကို နှောက်က အနယ်အမှုန်တို့ ထတတ်သည်။

မြူသလို ပုံနှင့် ကလေးကို မစနှင့်၊ လူကို ယုံသဖြင့် အကြွေးကို မချနှင့်၊
မြူသလို ပုံနှင့် ကလေးကို စက ကလေး အမိုက်မို့ ဆဲတတ်သည်။
လူကို ယုံသဖြင့် အကြွေးကို ချက အရေး မစိုက်လို့ မွဲတတ်သည်။

အမျိုးယုတ်သူ အဆင်းလှလျှင် သတိထား၊ တန်ခိုးနုပ်သူ ထမင်းဝလျှင် မကျီစားနှင့်၊
အမျိုးယုတ်သူ အဆင်းလှက စာဂတန်တတ်သည်။
တန်ခိုးနုပ်သူ ထမင်းဝက မာနထန်တတ်သည်။

ထင်တိုင်းလည်း နှိပ်၍ မဆိုနှင့်၊ ဝင်တိုင်းလည်း သိပ်၍ မမျိုနှင့်၊
ထင်တိုင်း နှိပ်၍ ဆိုက ရန်စွယ် ပွားတတ်သည်။
ဝင်တိုင်း သိပ်၍ မျိုက အန္တရာယ်များတတ်သည်။

အယုတ်တရားကို အလိုမရှိနှင့်၊ မဟုတ် စကားကို မဆိုဘိနှင့်၊
အယုတ်တရားကို အလိုရှိက ဘဂဝါ၏ စကားကို ပယ်ရာကျချေ၏။
မဟုတ်စကားကို ဆိုမိက သမာဓိတရားကို ကွယ်ပ ရလေ၏။

ဂေါဏ မံသံကိုလည်း မစားနှင့်၊ ကောဓခြံရံကိုလည်း မပွားနှင့်၊
ဂေါဏမံသံကို စားက အမိသဖွယ်ဖြစ်ပေသည်။
ကောဓခြံရံကို ပွားက အထိကရ အပါယ်နစ်ချေမည်။

အမျိုးမြတ်မှ အရိုးကြံရာသည်။ တန်ခိုးလျှပ်မှ အဖိုးတန်ပါသည်။

ဗုဒ္ဓဆာယာကို တွယ်ရမည်။ ရုပ်လှတာကို ပယ်ရမည်။
ဗုဒ္ဓဆာယာကို တွယ်မှ အေးမြရာသည်။ ရုပ်လှတာကို ပယ်မှ ဘေးပကွာမည်။

အဟုတ်အမှန်ကိုလည်း သိမှ၊ အလုပ်အကြံလည်း ရှိမှ၊
အဟုတ်အမှန်ကို သိမှ သံသရာဘေးပ၍ အနေကျယ်ကြမည်။
အလုပ်အကြံ ရှိမှ ဆန်ရှာရေးလှ၍ အခြေတည်ကြမည်။
Shan News