Teeth Grinding သွားကြိတ်ခြင်း

ပို့စ်တင်ချိန် - 11/04/2013 03:42:00 PM


(၁) ဆရာရှင့် သမီးက ညဖတ်အိပ်ရင် အံသွားကြိတ်ပါတယ်။ အရမ်းရှက်သလို အနားကသူတွေကို အားနာရတယ်။ ငယ်ငယ်ကတည်းက ဖြစ်တာပါ။ အခု ၃၅ နှစ် ရှိပြီး အိမ်ထောင် ရှိပါပြီ။ သမီးဘာလုပ်ရမလဲဆရာ။
(၂) Doctor, I would like to know about Grinding Teeth. What is cause by? And how can I do for not grinding teeth when sleeping deeply in night time. How can I protect not for not to grinding teeth?

အိပ်နေတုံး နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် သိစိတ်နဲ့ဖြစ်ဖြစ် မသိစိတ်နဲ့ဖြစ်ဖြစ် သွားကြိတ်တာကို Teeth Grinding သွားကြိတ်ခြင်း လို့ခေါ်တယ်။ Bruxism လို့လဲ ဆေးစာမှာ ခေါ်တယ်။ ဘာလို့ဖြစ်သလဲဆိုတာ ဆရာဝန်တွေက တယောက်ယူဆတာကို နောက်တယောက်က သဘောတူချင်မှ တူကြတယ်။ စိတ်ဖိအားများတာ၊ အစားအသောက်၊ အိပ်တဲ့အနေအထား၊ စတာတွေဖြစ်နိုင်တယ်လို့ ယူဆတာကတော့များပါတယ်။

ကိုယ်ကျန်းမာရေးနဲ့ရော သွားကျန်းမာရေပါ ဆိုင်တယ်။ အကြောင်းရင်း အမျိုးမျိုး ဖြစ်နိုင်တယ်။ စိတ်ဖိအားကို အရင်ဆုံး သတ္တုချတယ်။ သွားဆရာဝန်ကတော့ သွားတွေ တခုနဲ့တခု အနေမကျလို့ ဖြစ်တာလို့ ပြောမယ်။ ကလေးတွေလဲ ၁၅-၃ဝ% ဖြစ်တာဘဲ။ အကျင့်လိုပါနေတာလဲရှိတယ်။ ငယ်သွားရှိတုံးအကျင့်ရှိတာ သိပ်စိုးရိမ်စရာ မလိုပါ။

Reflex တုံ့ပြန်မှု မဟုတ်ဘူး Habit အကျင့်လို့ ထောက်ပြတာ ရှိတယ်။ အိပ်ရေး မမှန်တာကြောင့်လဲ ဖြစ်ရတယ်။ အရက်၊ စိတ်မကျဆေးတွေကနေ ပိုဆိုးစေနိုင်တယ်။ နာတာရှည် ဖြစ်နေသူတွေမှာ သွားကိုလာ ထိခိုက်စေနိုင်တယ်။ ကလေးတွေမှာ အအေးမိတာ၊ ပိုးဝင်တာတွေကြောင့် ဆက်ဖြစ်နိုင်တယ်။

• ကုပေးရတာရဲ့ရည်ရွယ်ချက်က သွားတွေကို ထိခိုက်တာ နည်းစေဘို့ ဖြစ်တယ်။
• Mouth guards and splints ဆိုတာတွေ အသုံးခိုင်းတယ်။ ဒေါ်လာ ၂ဝ ကနေ ၁ဝဝဝ ပေးရသတဲ့။
• Taste-based biofeedback method ကုနည်းတမျိုးလဲရှိတယ်။ ပိတ်ထားတဲ့အိတ်လေးထဲမှာ မကြိုက်မဲ့အရသာ Hot sauce, Vinegar, Denatonium benzoate ထည့်ပေးထားလို့ သွားကြိတ်ရင် အိတ်ကပေါက်ထွက်ပြီး လူက သတိ ရှိလာစေဘို့ ရည်ရွယ်တာဖြစ်တယ်။
• Botulinum toxin (Botox) ဆေးထိုးနည်းလဲ သုံးတယ်။
• Caffeine ကေဖင်းတွေပါတဲ့ Colas ကိုလာ၊ Chocolate ချော့ကလက်နဲ့ Coffee ကော်ဖီလျော့ စားသောက်ပါ။
• Chewing gum ပီကေ ဝါးတာ ဆင်ခြင်ပါ။
• အရက် လျော့ပါ။
• စားစရာ မဟုတ်တာတွေ ဥပမာ ခဲတံကိုက်တဲ့အကျင့် ဖျောက်ပါ။ နေရင်း-ထိုင်ရင် သွားကြိတ်တဲ့ အကျင့် ပြောင်းပါ။
• Stress စိတ်ဖိအား များနေရင် လျော့ပါ။ ဖျောက်ပါ။
• သွားအထူးကု-ဆရာဝန်နဲ့ တိုင်ပင်ပါ။
• Dental Night Mouth Guard, NTI-tss splint ခေါ်တဲ့ ကရိယာသုံးခိုင်းတယ်။ လူတိုင်းအဆင်ပြေတာတော့ မဟုတ်ပြန်ဘူး။
• Uoga deep-breathing exercises ယောဂ လေ့ကျင့်ခန်းလုပ်ပါ။
• မျက်နှာမှာ ရေနွေးပူဆွတ်ထားတဲ့အဝတ် ကပ်ပေးပါ။
• ခေါင်းအုံးကို ခေါင်းနဲ့ လည်ပင်းနေရာအောက်ကမြှင့်ထားပြီး အိပ်ပါ။

Dr. Tint Swe