လှေနစ်မြုပ်တဲ့အတွက် ရိုဟင်ဂျာ ၆၀ နီးပါးသေဆုံး ပျောက်ဆုံး

ပို့စ်တင်ချိန် - 11/04/2013 09:48:00 AM


မြန်မာနိုင်ငံ ​ကမ်းရိုးတမ်းဒေသကနေ ​တခြားနိုင်ငံကို ​ခိုလှုံခွင့်တောင်းဖို့ ​လှေတွေနဲ့ ​ထွက်ခွာကြတဲ့ ​ရိုဟင်ဂျာ ​အယောက် ​၇၀ ​နီးပါးရဲ့ ​လှေတိမ်းမှောက်ခဲ့ပြီး ​လူပေါင်း ​၆ ​ယောက်ကိုသာ ​ကယ်တင်နိုင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံကို ​ဦးတည်တဲ့ ​လှေပေါ်မှာ ​ရိုဟင်ဂျာ ​အမျိုးသား ​၃၈ ​ယောက် ​အမျိုးသမီး ​၂၈ ​ယောက် ​စုစုပေါင်း ​၆၆ ​ဦးပါဝင်ပြီး ​ဘင်္ဂလားပင်လယ်အော်မှာ ​လှေတိမ်းမှောက်ခဲ့တာ ​ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ​ရခိုင်လူမျိုးတွေနဲ့ ​မွတ်စလင်တွေအကြား ​ပဋိပက္ခတွေ ​ဖြစ်ခဲ့ပြီးနောက် ​ရိုဟင်ဂျာမွတ်စလင်တွေ ​အမြောက်အများ ​အိမ်နီးချင်းနိုင်ငံကို ​ထွက်ပြေးတိမ်းရှောင်နေကြရင်း ​လမ်းမှာ ​မတော်တဆဖြစ်ခဲ့လို့ ​သေဆုံးသူ ​ဒါမှမဟုတ် ​ပျောက်ဆုံးသူ ​အယောက် ​၄၀၀ ​ကျော် ​ရှိသွားပြီ ​ဖြစ်ပါတယ်။

ခုချိန်ဟာ ​မိုးကုန်ရာသီဖြစ်တဲ့အတွက် ​လှေတွေနဲ့ ​တခြားနိုင်ငံကို ​ထွက်ပြေးလိုတဲ့ ​မွတ်စလင်တွေ ​ဒီထက်မက ​ပိုမိုများပြားဖို့ရှိပြီး ​ပြီးခဲ့တဲ့ ​တပတ်အတွင်း ​လူပေါင်း ​၁၅၀၀ ​လှေတွေနဲ့ ​ထွက်ခွာနေခဲ့ကြတယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။

ဒီလို ​အခြေအနေကြောင့် ​မြန်မာအစိုးရအနေနဲ့ ​ရခိုင်ပြည်နယ်တွင်းက ​ဒုက္ခသည် ​စခန်းအခြေအနေ ​တိုးတက်အောင်လုပ်ဆောင်ဖို့နဲ့ ​တဖက်နဲ့တဖက်ကြား ​ထားရှိတဲ့ ​တင်းမာမှုတွေကို ​လျော့ချရာမှာ ​လုပ်ဆောင်ဖို့ ​ကုလသမဂ္ဂက ​တိုက်တွန်းလိုက်ပါတယ်။

ABC Radio Australia