ကုမ္ပဏီတွေတောင် ပေးနေသေးတာ တိုင်းရင်းသားတွေကိုလည်း ပေးလိုက်ပါလား

ပို့စ်တင်ချိန် - 11/04/2013 01:55:00 PM

ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်နေချိန်တွင် တိုင်ရင်းသားနယ်မြေများအတွင်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ခြင်းကြောင့် တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်ပေါ်နိုင်သည်ဟု သုံးသပ်နေကြသည်။ ၎င်းင်းအပေါ်အမြင်သဘောထားများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

အရှင်စန္ဒာသီရိ (ဦးဇင်းပုရစ်) ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဦးဆောင်သံဃာ
အခုလက်ရှိအစိုးရကရော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေကရော၊ ဒီမို ကရေစီလိုလားတဲ့သူတွေရော၊ ငြိမ်းချမ်း ရေးကို လိုလားတဲ့သူတွေကနေ တိုင်းပြည် မှာငြိမ်းချမ်းရေးရဖို့အတွက် ဆောင်ရွက် နေကြတယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေး မရှိတာက အဓိကက ပြည်တွင်းစစ် ကြောင့်ဖြစ်တယ်။ ပြည်တွင်းစစ်ကြီးဖြစ် နေတဲ့အခါမှာ တစ်လျှောက်လုံးငြိမ်းချမ်း ရေးရှိဖို့လိုအပ်တယ်။ ငြိမ်းချမ်းရေးရဖို့ လိုအပ်တယ်လို့ လုပ်နိုင်သလောက်လုပ်ခဲ့ ကြတယ်။ ဒီဘက်ခေတ်မှာတော့ ဒီနေ့ စစ်အုပ်ချုပ်ရေးကနေ သမ်္မတ ဦးသိန်းစိန် လက်ထက်ရောက်လာတယ်။ ဒီနေ့ဆိုရင် ဘာပဲဖြစ်ဖြစ် လပေါင်းသုံးဆယ်ကျော်ခဲ့ ပြီဖြစ်တယ်။ ငြိမ်းချမ်းရေးကို ဖော်ဆောင် တဲ့အခါမှာ ယနေ့အချိန်ထိ ငြိမ်းချမ်းရေး ကို မရရှိသေးဘူး။ တိုင်းရင်းသားတွေက သူတို့ကိုယ်တိုင်လိုချင်တဲ့သူတို့ရဲ့ဘ၀နဲ့ ထင်ဟပ်တဲ့ငြိမ်းချမ်းရေးကို လိုချင်တယ်။ ဒါပေမဲ့ပြောင်းပြန်ဖြစ်နေတယ်။ တိုင်းရင်း သာတွေရဲ့ လိုချင်တဲ့ပုံသဏ္ဌာန်ကို ထင် ဟပ်တဲ့ငြိမ်းချမ်းရေးကို မရဘူးဖြစ်နေ တယ်။ အဲဒီတော့ ငြိမ်းချမ်းရေးကိုဆောင် ရွက်တဲ့အခါမှာ သေချာတာကတော့ ဘက်နှစ်ဖက်ပြဿနာကိုပြေလည်အောင် ဖြေရှင်းတဲ့နည်းလမ်းတွေမဟုတ်လို့ဆိုတာ ကို ဦးဇင်းကတော့မြင်တယ်။ တိုင်းပြည် မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရဖို့ အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတဲ့ အခါမှာ ဆွေးနွေးခြင်းရဲ့သဘောကိုနား လည်ဖို့လိုတယ်။ သဘောပေါက်ဖို့လို တယ်။ ဆွေးနွေးတဲ့အခါမှာ အပြန်အလှန် သူ့ဘက်ကိုယ့်ဘက်ကို အပေးအယူလုပ် ရတယ်ဆိုတာ ဆွေးနွေးခြင်းရဲ့သဘာဝ ပဲ။ အဲဒီလိုအပေးအယူလုပ်တဲ့အခါမှာ သမ္မတဦးသိန်းစိန်ဘက်ကလည်း ပေးသင့် ပေးထိုက်တာတွေ လျှော့သင့်လျှော့ထိုက် တာတွေကို လျှော့ပေးရမယ်။ ဒီလိုနှစ် ဖက်စလုံးက အပေးအယူမျှမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုရမယ်။ နောက်တစ်ခုက သမ်္မတဦးသိန်းစိန်ဟာ အရပ်သားအစိုးရ ဖြစ်ပေမဲ့ ငြိမ်းချမ်းရေးကို ဖြေရှင်းတဲ့အခါ မှာ ဒီမိုကရေစီဆန်တဲ့ဖြေရှင်းနည်းမဟုတ် ဘူးလို့ ဦးဇင်းအနေနဲ့ မြင်ပါတယ်။ ဘာ ဖြစ်လို့လည်းဆိုတော့ အခုအချိန်ထိ သမ္မတက အရပ်ဝတ်ဝတ်နေပေမဲ့ စစ် မာန်အခုချိန်ထိ မကျသေးဘူးလို့မြင် တယ်။ တကယ်လို့ စစ်မာန်တွေကျမယ် ဆိုရင် ငြိမ်းချမ်းရေးဟာ အောင်မြင်နိုင် မယ့် အခြေအနေမှာရှိပါတယ်။ အခုဟာ စစ်မာန်မကျတဲ့အပေါ် ဒီတိုင်းပြည်မှာ သူကိုစွန့်ပယ်လို့မရသေးတဲ့အာဏာစွဲ စရိုက်တွေနဲ့ ဆွေးနွေးတဲ့အခါမှာ ငြိမ်း ချမ်းရေးက ကြန့်ကြာနေတာဖြစ်တယ်။ အဓိကတိုင်းပြည်မှာ လိုအပ်နေတာက တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေပေးရမယ်။ လူမျိုးစုတိုင်း ရင်းသားတွေအပေါ်မှာ ပေးသင့်ပေး ထိုက်တဲ့လူမျိုးစုအခွင့်အရေးတွေရှိတယ်။ အဲဒီအခွင့်အရေးတွေကို အပြည့်အ၀ပေး ရမယ်။ အဲလိုပေးမှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်။ အဓိကကတော့ သမ္မတဦးသိန်းစိန်ရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေရော၊ ဒီမိုကရေစီနည်းကြဖြေရှင်းကြ မှသာ ဦးဇင်းတို့ တိုင်းပြည်ရဲ့ အနာဂတ် မှာ ငြိမ်းချမ်းရေးဆိုတာ မျှော်လင့်လို့ရမှာ ဖြစ်တယ်။ လက်ရှိအခြေအနေအတိုင်း သွားနေမယ်ဆိုရင် အခုလိုငြိမ်းချမ်းရေး ကို ဆွေးနွေးလိုက်ပျက်ပျက်သွားလိုက်နဲ့ တိုက်ပွဲတွေဖြစ်နေတယ်။ ဦးဇင်းတို့က အခုချိန်ထိ အမြောက်သံတွေကြားထဲမှာ ပဲ ငြိမ်းချမ်းရေးတွေလုပ်နေကြရတယ်။ အဲဒီတော့အမြောက်သံတွေရပ်စဲပြီးတော့ ငြိမ်းချမ်းရေးရပြီးအမြောက်သံတွေအစား ငြိမ်းချမ်းရေးခေါင်းလောင်းသံတွေ ဦးဇင်း တို့ကြားချင်တာ။ အခုကြားနေရတာက အမြောက်သံ၊ ဗုံးသံတွေဖြစ်နေတယ်။ တိုင်းပြည်ရဲ့အနာဂတ်ဟာလက်ရှိအတိုင်း သွားနေမယ်ဆိုရင် ဦးဇင်းတို့မျှော်မှန်းတဲ့ တိုင်းပြည်နဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ဖို့ နဲ့ ငြိမ်းချမ်းရေးဟာ အခုအခြေအနေ တိုင်းဆိုရင် မလွယ်ဘူး၊ မရရှိနိုင်ဘူး၊ ကြန့် ကြာနေဦးမှာဖြစ်တယ်။ အစိုးရနဲ့တိုင်းရင်း သားလက်နက်ကိုင်အင်အားစုတွေနဲ့ စစ် မှန်တဲ့ငြိမ်းချမ်းရေးရဖို့ဆိုရင် ဒီမိုကရေစီ လိုလားတဲ့သူတွေရော၊ ငြိမ်းချမ်းရေးကို လိုလားတဲ့သူတွေရော မိမိတို့လိုလားတဲ့ ငြိမ်းချမ်းရေးကို ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးလက်မှတ် တွေထိုးကြတယ်။ သဘောတူညီမှုစာချုပ် တွေချုပ်ကြတယ်။ အဲဒီမှာ စာချုပ်တွေ ချုပ်၊ လက်မှတ်တွေထိုးနေကြပေမဲ့ တိုင်း ပြည်မှာ နိုင်ငံရေးထဲမှာ စစ်တပ်ကပါနေ သ၍ စစ်မှန်တဲ့ငြိမ်းချမ်ရေးရဖို့မလွယ်ဘူး။ အခုတိုင်းပြည်မှာ အုပ်ချုပ်ရေးမှာရော၊ နိုင်ငံရေးမှာရော၊ စစ်တပ်ကပါဝင်ပတ် သက်နေတယ်။ ဒီလိုဆိုရင် ငြိမ်းချမ်းရေး က ဝေးကွာနေဦးမှာပဲ။ အဓိကကတော့ စစ်တပ်ခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊သမ်္မတ ပဲဖြစ်ဖြစ်၊ ၀န်ကြီးတွေပဲဖြစ်ဖြစ်၊ ဘယ်လို လူမျိုးပဲဖြစ်ဖြစ် တိုင်းပြည်အနာဂတ်ကို ရှေးရှုပြီးတော့ ပေးသင့်ပေးထိုက်တာတွေ ရသင့်ရထိုက်တာတွေရစေမယ်ဆိုရင် ငြိမ်းချမ်းရေးက ဖြစ်ထွန်းလာလိမ့်မယ်။ ဘက်တစ်ဖက်ထဲမှာ စာချုပ်ချုပ်တယ်။ တစ်ဖက်မှာ စစ်တပ်က နယ်မြေရှင်းလင်း ဆိုပြီးလုပ်တယ်။ အဲဒါကိုက အထက် အောက်အပြန်အလှန်ညီညွတ်မှုအားနည်း တဲ့သဘော၊ အပြန်အလှန်စီးဆင်းမှု၊လေး စားမှုအားနည်းမှုကို ပြတာပဲ။ အထက် အောက်အာဏာပါဝါတွေပြနေတဲ့သဘော ဆောင်နေတယ်။ အဲဒါဟာ တိုင်းပြည် အတွက် မကောင်းဘူးလို့ ပြောချင်တယ်။

ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)

ငြိမ်းချမ်းရးလုပ်တယ်ဆိုတာကောင်း ပါတယ်။ ငြိမ်းချမ်းရေးမဟုတ်ဘဲနဲ့ ဆူပူ ရေးလုပ်တာတော့ မကောင်းဘူး။ ငြိမ်း ချမ်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်မြင် သလောက်က ငြိမ်းချမ်းရေးကို ဆွေးနွေး နေကြတဲ့၊ လုပ်နေကြတဲ့ သူတွေက ငြိမ်း ချမ်းရေးကိုလိုချင်တယ်ဆိုတာ ကျွန်တော်  ထင်ထင်ရှားရှားတွေ့နေရပါတယ်။ အဲ ဒီလိုသူတို့က ငြိမ်းချမ်းရေးကို လိုချင်သလို တိုင်းပြည်မှာရှိတဲ့သူတွေအကုန်လုံးကလည်း ငြိမ်းချမ်းရေးလိုချင်ကြပါတယ်။ အဲဒါကို သဘောပေါက်ပြီ။ငြိမ်းချမ်းရေးကိုအောင် အောင်မြင်မြင်ဖြစ်စေချင်တယ်။ ငြိမ်းချမ်း ရေးဆိုတာအားလုံးကြိုက်ကြတာပဲလေ။ အခုငြိမ်းချမ်းရေးမှာ ခက်နေတာကဘာ လဲလို့ဆိုရင် ကိုယ့်စိတ်ကြိုက်ငြိမ်းချမ်းရေး လုပ်ချင်ကြတယ်။ ကိုယ့်စိတ်ကြိုက်မလုပ် ပါနဲ့။ အားလုံးစိတ်ကြိုက်ငြိမ်းချမ်းရေးလုပ် ချင်ကြတယ်။ ကိုယ့်စိတ်ကြိုက်မလုပ်ပါနဲ့။ အားလုံးစိတ်ကြိုက်လုပ်မယ်ဆိုရင်ကောင်း ပါတယ်။ ငြိမ်းချမ်းရေးမှာ အထူးသဖြင့် ကတော့ ဒီမိုကရေစီရှိနေရမယ်။ ဒီမိုက ရေစီရှိနေရင် အမြဲတမ်းဆွေးနွေးနိုင်မဲ့ အခွင့်အရေးရှိနေမယ်။ အဲဒီလိုဆိုလို့ရှိရင် သူ့စိတ်ကြိုက်ကိုယ့်စိတ်ကြိုက်တိုင်းပြည် တစ်ခုလုံးရဲ့အကျိုးစီးပွားကို မျှော်တွေးပြီး လုပ်ကြရင်အဖြေမှန်ရပါလိမ့်မယ်။ ငြိမ်း ချမ်းရေးဆိုတာ အားလုံးရဲ့သဘောတူညီ ချက်ယူရမယ်။ တစ်ဦးချင်းစီရဲ့အယူအဆ သဘောထားတွေကိုဆွေးနွေးတာကောင်း ပါတယ်။ အားလုံးရဲ့သဘောတူညီချက် ရမှာဖြစ်တယ်။

ကိုမိုးသီးဇွန်

ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်တွေက ထွက်ပေါ်လာတဲ့ရလဒ်တွေ ကို ကြည့်ချင်ပါတယ်။ မြင်ချင်တယ်။ ကျေးလက်နေပြည်သူတွေ အမြန်ဆုံး ခံစားစေချင်တယ်။ အဲဒီအတွက်ကိုမဟာ မိတ်တွေရော၊အစိုးရဘက်ကရော၊စဉ်းစား ကြဖို့ ထိထိရောက်ရောက်လုပ်ပေးကြဖို့ တိုက်တွန်းချင်တယ်။ အခုလောလော ဆယ်မှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို အရင်ဆုံးလုပ် စေချင်တယ်။ ဒီဟာကို အမြန်ဆုံးဖြစ် အောင် အစိုးရကို တိုက်တွန်းချင်တယ်။ တိုင်းရင်းသားတွေဘက်ကအဓိကတောင်း ဆိုနေတာက သူတို့နယ်မြေထဲကိုဝင်လာ တဲ့အစိုးရတပ်တွေ ၀င်လာတဲ့ဟာကို ထွက်သွားပေးဖို့ တောင်းဆိုတယ်။ ဒါကို အစိုးရက စဉ်းစားသင့်တယ်လို့မြင်တယ်။ အခြားနိုင်ငံရေးအရ ကြီးမားတဲ့ပြဿနာ တွေကို ဆွေးနွေးရမယ်။ ဒီအသေးမွှား ကိစ္စတွေကို အစိုးရအနေနဲ့ တိုင်းရင်းသား ဒေသတွေကို ထိုးဖောက်နေတာကို ပြန် စဉ်းစားသင့်တယ်လို့ ကျွန်တော်မြင်တယ်။ ဒါကို အမြန်ဆုံးဆုတ်ခွာပေးဖို့ တောင်း ဆိုချင်ပါတယ်။တိုင်းရင်းသားအဖွဲ့အစည်း တွေအနေနဲ့ မလိုက်ရောစရာအကြောင်း မရှိဘူး။ တချို့စီးပွားရေးလုပ်ငန်းရှင်ခရိုနီ တွေကို ဒီအတိုင်းပေးနေတာ။ သူတို့ကို သစ်တောတစ်တောလုံးပေးလိုက်တာတို့ ရှိတာဘဲ။ ဘာလို့ တိုင်းရင်းသားတွေကို မပေးနိုင်ရမှာလဲ။ ပေးလိုက်ပါ။ ပေးလိုက် ရင်ဒီငွေတွေက သူတို့ဒေသတွေကို ဖွံ့ဖြိုး တိုးတက်ရေးကို အများကြီးလုပ်လာနိုင် မှာဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲ တိုင်းရင်း သားတွေက သူတို့ရဲ့ သယံဇာတတွေကို စီမံခန့်ခွဲခွင့်ရရင် ဘယ်တိုက်တော့မလဲ။ ဒါကြောင့် ပေးသင့်တယ်လို့ ကျွန်တော် မြင်တယ်။ ဒီလိုခွဲဝေတဲ့အခါမှာနိုင်ငံတော် ကတစ်ဝက်ယူ၊ တိုင်းရင်းသားတွေကတစ် ၀က်ယူ အစရှိသဖြင့်ပေါ့။ ရာခိုင်နှုန်းတွေ အတွက် ဆွေးနွေးကြရမှာဖြစ်တဲ့အတွက် ခဲယဉ်းတဲ့ကိစ်္စမှ မဟုတ်တာ။ ဒီလိုခဲယဉ်း တာမဟုတ်ဘူးလို့ပြောရတာလည်း ဘာ မဟုတ်တဲ့ကုမ်္ပဏီတွေတောင် ပေးနေရ လို့ပြောတာဖြစ်ပါတယ်။

ကိုဌေးကြွယ် (၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းအဖွဲ့အစည်း)

အခုလိုင်ဇာဆွေးနွေးပွဲမှာ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးကို သဘော တူညီချက်ရတယ်လို့ သိရပါတယ်။ “၀”နဲ့ မိုင်းလားအဖွဲ့မပါသေးပါဘူး။ ဒါပေမဲ့လို့ မူအရ အားလုံးသဘောတူသွားပါပြီ။ ကျွန်တော်ဆိုလိုတာကတစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးနောက်ပိုင်းမှာ နိုင်ငံရေး အရဆက်လက်ဆွေးနွေးမှုတွေရှိမယ်ဆို တာကို တိုင်းရင်းသားတွေအားလုံးက ယုံ ကြည်တဲ့အတွက် ဒီသဘောတူညီချက်ကို ရခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့အစိုးရလက် ထက်မှာ အပစ်အခတ်ရပ်စဲရေးတွေလုပ် ခဲ့တယ်။ ဒီလိုအပစ်အခတ်ရပ်စဲရေးကို ၁၉၉၀ နောက်ပိုင်းမှာ လုပ်ခဲ့ကြတယ်။ ဒီလိုအပစ်အခတ်ရပ်စဲရေးတွေလုပ်ခဲ့ကြ ပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲအထိ မရောက် တဲ့အခါမှာ ပြန်ပြီးတော့တိုက်ပွဲပြန်ပြီး တော့ ဖြစ်ခဲ့ရတာတွေရှိတယ်။ အားလုံး ပါဝင်တဲ့တိုင်းရင်းသားအရေး အာမခံ ချက်ပေးနိုင်တဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေကို ဆက်လက်ပြီးဆွေးနွေး နိုင်မဲ့နိုင်ငံရေးအရေ ဆွေးနွေးမှုတွေသွား ရပါလိမ့်မယ်။ အဲဒါကလည်း တကယ်ကို တိုင်းပြည်ရဲ့အနာဂတ်အတွက်ကိုရည်ရွယ် ပြီးတော့ ကျွန်တော်တို့နိုင်ငံသားအားလုံး ဟာ နိုင်ငံအတွက်စုစည်းညီညွတ်မှုတွေ ရရှိနိုင်အောင်သွားရပါလိမ့်မယ်။ ဒီကိစ်္စ ရပ်တွေဟာ စားပွဲဝိုင်းပေါ်မှာ ဆက်ပြီး ဆွေးနွေးရမဲ့ကိစ်္စရပ်တွေဖြစ်ပါတယ်။ ဒီ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ မှာ တပ်တွေရှိပါတယ်။ ဒီတပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရရုံနဲ့ မပြီးသေးပါဘူး။ ဒီ တပ်ဖွဲ့တွေနဲ့ အခုလက်ရှိတပ်မတော်နဲ့ ဘယ်လိုပူးပေါင်းနိုင်မလဲ။ ပြည်ထောင်စု တပ်မတော်အဆင့်ထိ သွားနိုင်မလား။ ပြီးတော့ကျွန်တော်တို့ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်း ထားမှုတွေမှာ ဒေသဆိုင်ရာကိုယ်ပိုင် အုပ်ချုပ်မှုတွေမှာ လယ်လောက်အတိုင်း အတာအထိ အာဏာခွဲဝေမှုပေးနိုင်မလဲ။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းမှု တွေကိုရော ဘယ်လောက်ထိ အချိုးချ နိုင်မလဲ။တကယ်ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို ဆက်လက်ပြီးသွားမလဲဆိုတာ အများကြီးဆွေးနွေးရဦးမှာပါ။ ငြိမ်းချမ်း ရေးအတွက်တကယ်ဖြစ်ချင်တယ်ဆိုရင် အဓိကကတော့ ရိုးသားမှုနဲ့ ယုံကြည်မှုကို အခြေခံပြီးသွားရပါလိမ့်မယ်။ အနာဂတ် မျှော်မြင်ထားတဲ့အမျှော်အမြင်ကြီးမှုတွေ နဲ့ပေါင်းစည်းရပါလိမ့်မယ်။ အနာဂတ် မျှော်မြင်ထားတဲ့အမျှော်အမြင်ကြီးမှုတွေ နဲ့ ပေါင်းစည်းရပါလိမ့်မယ်။ အထူးသဖြင့် ယုံကြည်မှုမရှိဘူးဆိုရင် ဆက်လက်ပြီး တော့ ဘာမှလုပ်လို့မရပါဘူး။ ဒီကနေ့ ရရှိနေတဲ့အခြေအနေဟာ ဘယ်တုန်းက မရရှိခဲ့ဘူးတဲ့ အခြေအနေဖြစ်နေတယ်။ ဒီအခြေအနေကောင်းကို ဆက်လက်ပြီး တော့ သယ်ဆောင်သွားနိုင်ပါစေလို့ပြော ချင်တယ်။ အဲဒီအတွက်လည်း တတ်နိုင် တဲ့အပိုင်းကနေ ၀င်ရောက်ပြီးတော့ လုပ် ဆောင်သွားမယ်လို့ ပြောချင်ပါတယ်။



မျိုးကျော်
BY HOT NEWS