သစ်သီးလေးများ

ပို့စ်တင်ချိန် - 11/03/2013 11:51:00 AM


စိတ္တဇဆေးရုံလူနာဆောင်များအား ဆေးရုံအုပ်ကြီးရောင်းလှည့်ရာ အဆောင်တစ်ခုသို့  ရောက်သော် လူနာအတော်များများအားပါတ်တီးနှင့်တွေ့ ရလေ၏။

ထိုအဖြစ်ကိုသိလို၍ ဝေဒနာရှင်တစ်ယောက်အားမေးသော်လူနာက

"အော် ဒါလားကျွန်တော်တို့ ညနေတိုင်း သစ်ပင်စိုက်တိုင်းဆော့တာဗျ ဆရာညနေကျလာကြည့်လေ' လို့ပြောလေ၏။

ညနေသိုရောက်သော် ဆရာဝန်ကြီးသည်ထိုအဆောင်သို့လာသောအခါ အဆောင် တစ်ခုလုံးရှင်း၍ နေလေသည်။

ဘယ်သူမှ မတွေ့ ၍ အဆောင်ဝန်းကျင်သို့ လှည့်ကြည့် နေစဉ် အဆောင်ဘေးသစ်ပင်မှ အသံထွက်လာလေသည်

" မောင်ဖြူရေ မင်မှည့်ပြီလားဟေ့"

"အေးမှည့်ပြီဟေ့'

"မှည့်ရင်ကြွေတော့"
ဆိုသော အသံတွေနှင့်အတူ လူနာတစ်ယောက်သစ်ပင် ပေါ်မှ ဇောက်ထိုးပြုတ်ကျလာလေသည်။

~ပေါ့ပေါ့ပါးပါး ဟာသများ~