ရွှေဘောလုံးလောင်းကစားဒိုင် ကြို့ပင်ကောက်တွင်ဖမ်းလိုက်ပြီ

ပို့စ်တင်ချိန် - 11/03/2013 02:21:00 PM


ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့တွင်
(၁.၁၁.၂၀၁၃)နေ့ည(၈း၀၀)အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊
ရဲအကူတပ်ခွဲ မှုခင်းအကူဌာနစုမှ ဒုရဲအုပ်ထွန်းလင်းနှင့်အဖွဲ့သည်သက်သေများနှင့်အတူ
ကြို့ပင်ကောက်မြို့၊ဦးလူကလေးလမ်း၊စက်တိုင်ကုန်းရပ်ကွက် ဦးအိုင်းရစ်
(၃၉)နှစ်၊(ဘ)ဦးအိုက်ပလု၊ကျဘမ်း၊ဈေးချိုမြောက်ရပ်ကွက်၊ကြို့ပင်ကောက်
မြို့နေသူသည် မြေစိုက်ထရံကာ၊သွပ်မိုးအဆောက်အဦးဖြင့် ရွှေဘောလုံးလောင်းကစား
 ဒိုင်ပြုလုပ်နေပြီး လာရောက်လောင်းကစားသူ ကျား(၁၄)ဦး၊မ(၁)ဦးတို့အား ရွှေဘောလုံးလောင်း
ကစား ဆက်စပ်ပစ္စည်း(၂၃)မျိုးနှင့် လောင်းကြေးငွေစုစုပေါင်း(၂၂၁၉၀၀ိ/)ကျပ်
ဖမ်းဆီးရမိခဲ့သဖြင့် ကြို့ပင်ကောက်မြို့မရဲစခန်းမှ
အိုင်းရှင်ပါ(၁၆)ဦးတို့အား (ပ)၅၆၁/၂၀၁၃ လောင်းကစားဥပဒေပုဒ်မ
၁၃(က)၊၁၄(က)အရဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။

ကိုသန့် ဇင်

by Myanmar News Now