အိပ်ရေးပျက်ခြင်း၏ ဆိုးကျိုးများ

ပို့စ်တင်ချိန် - 12/24/2013 02:06:00 PM


ရက်သတ္တပတ်တစ်ခုစာ အိပ်ရေးပျက်လျှင်ပင် စိတ်ဖိစီးမှု၊ ခုခံအား၊ရောင်ရမ်းမှုဖြစ်စဉ်များကို ထိန်းချုပ်သော မျိုးဗီဇများ၏ လုပ်ငန်းများ ချွတ်ယွင်းကုန်သည်။
အိပ်ရေးပျက်ခြင်း၏ ဆိုးကျိုးများမှာ
- နေ့ညဇီဝစက်ဝန်း မမောက်ကမဖြစ်ခြင်းကြောင့် သွေးဖြူဥလုပ်ငန်းများ ချွတ်ယွင်းပြီးခုခံအားလျော့ကျသည်။
- အိပ်ရေးပျက်လျှင်ဦးနှောက်၏ ကြိုတင်မှန်းဆတတ်သော လုပ်ငန်းများကို အဆပေါင်းများစွာ ဖြစ်ပေါ်စေသောကြောင့် စိုးရိမ်စိတ်လွန်ကဲတတ်သည်။
- အိပ်ရေးပျက်ခြင်းကြောင့်စိတ်တည်ငြိမ်စေရန် ထိန်းချုပ်ပေးသော ဓာတုပစ္စည်းများ ကျဆင်းပြီး စိတ်ဓာတ်ကျတတ်သည်။
- အလွန်အကျွံအိပ်ရေးပျက်ပါက စဉ်းစားနိုင်စွမ်း၊ သတင်းအချက်မှတ်သားနိုင်စွမ်း ကျဆင်းပြီး မှတ်ဉာဏ် ထိခိုက်တတ်သည်။
- တစ်နေ့လျှင် ငါးနာရီမှ ခြောက် နာရီထက်လျော့နည်းစွာ အိပ်သူများသည် သွေးတိုးရောဂါ ခံစားရနိုင်ချေ များပြားသည်။
- အိပ်ပျော်သည့်အခါ သွေးပေါင်ချိန် တဖြည်းဖြည်းကျသည်။ အိပ်ရေးပျက်ခြင်းကြောင့် ညအချိန် သွေးပေါင်ပြန် မကျတော့သည့်အခါ ရေရှည်တွင် နှလုံးရောဂါရစေသည်။
- အိပ်ရေးမ၀လျှင် ဖိစီးမှုဟော်မုန်းများထွက်လာပြီး အင်ဆူလင်ယဉ်ပါးမှု (insulin resistance) မြင့်တက်စေသောကြောင့် ဆီးချိုသွေးချို တက်လာစေသည်။
- ဆာလောင်မှုဖြစ်စေသည့် ဟော်မုန်း (ghrelin) နှင့်တင်းတိမ်မှုဖြစ်စေသည့် ဟော်မုန်း (leptin)တို့၏ ပမာဏသည် အိပ်ရေးဝနေသည့်အချိန်၌ မျှတလျက်ရှိသည်။ အိပ်ရေးမ၀သည့်အခါ ဆာလောင်စေသည့် ဟော်မုန်းများ မြင့်တက်လာပြီး တင်းတိမ်စေသည့် ဟော်မုန်းများ ကျဆင်းသောကြောင့် သာမန်ထက်လွန်ကဲစွာ ပိုစားသောက်ဖြစ်စေသည်။
- ညဘက်၌ အလင်းရောင်ကို သာမန်ထက် ကြာရှည်စွာထိတွေ့ရပါက melationin ဟော်မုန်းထုတ်လုပ်မှု ကျဆင်းသည်။ ထိုအခါ အီစရိုဂျင် အမျိုးသမီးဟော်မုန်း ထုတ်လုပ်မှုလွန်ကဲလာပြီး ရင်းသားကင်ဆာဖြစ်ပွား နိုင်ချေမြင့်တက်စေသည်။

သီဟ
Ref: Health Central
Health Updates Journal No. 97