ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဗြိတိန် စတန်းဒတ်ချာတာဘဏ် အကူအညီပေးမည်

ပို့စ်တင်ချိန် - 12/24/2013 04:06:00 PM


ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးနဲ့ အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့မှု တားဆီးရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဗြိတိန် စတန်းဒတ်ချာတာဘဏ်နဲ့ Prudential အာမခံ ကုမ္ပဏီတွေက အကူအညီတွေ ပေးသွားမယ်လို့ ဒီဇင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မှာ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဗြိတိသျှသံရုံး ဖွံ့ဖြိုးတိုးတက်မှုဌာန တာဝန်ခံ အန်သော်နီ ပရင်စတန် က ပြောပါတယ်။

မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းထဲမှာ ငွေကြေးခ၀ါချလိုသူတွေရဲ့ ငွေတွေနဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကို လွှဲပြောင်းပေးမယ့်ငွေတွေ ၀င်ရောက်မလာစေရေးဟာ အလွန်အရေးကြီးပြီး ဒီ လုပ်ငန်းတွေ အောင်မြင်ဖို့အတွက် စတန်းဒတ် ချာတာဘဏ်နဲ့ ဗြိတိသျှ သံရုံးက ဦးဆောင် အကူအညီ ပေးသွားမယ်လို့ သူက ပြောပါတယ်။
DVB Burmese