၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဖုန်းများတွင် voice mail service အသုံးပြုနိုင်တော့မည်

ပို့စ်တင်ချိန် - 12/24/2013 06:45:00 AM


ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက်ဇ်ဖုန်းတွေမှာ မကြာမီ voice mail service (အသံမက်ဆေ့ခ်ျ ပေးပို့ဝန်ဆောင်မှု) အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။ ‘Voice message service ကို ဝန်ဆောင်မှုပေးဖို့ ရှိပါတယ်၊ ဘယ်အချိန်လောက် ဖြစ်မလဲဆိုတာ အတိအကျတော့ မပြောနိုင်သေးပါဘူး’ လို့ MTS Connect မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက်ဇ် ဖုန်းတွေမှာ အသံမက်ဆေ့ခ်ျ ဝန်ဆောင်မှုကို ခန့်မှန်းခြေ ဇန်နဝါရီလမှာ အသုံးပြုနိုင်အောင် ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဝန်ဆောင်မှု နှုန်းထားတွေကိုတော့ လစဉ်ဖုန်းဘီလ်ထဲမှ ဖြတ်တောက်သွားမှာ ဖြစ်ပြီး အကြမ်းဖျင်း ကျပ် ၁၀၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ‘မြန်မာ့ဆက်သွယ်ရေးက ၁၀၀၀ ဆိုရင် ကျွန်တော်တို့ဆီမှာလဲ ၁၀၀၀ ဖြစ်ဖို့ ၈၀ ရာခိုင်နှုန်းလောက် သေချာပါတယ်၊ ခန့်မှန်းခြေရော၊ ရှေ့ကလုပ်ခဲ့တာ ကြည့်ရင် ဒီဈေးနှုန်းက ဖြစ်နိုင်ပါတယ်’ လို့ MTS Connect မှ တာဝန်ရှိသူက ဆိုပါတယ်။ အသံမက်ဆေ့ခ်ျ ဝန်ဆောင်မှုကို အစပိုင်း စီဒီအမ်အေဖုန်းတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး နောက်ပိုင်း ဂျီအက်စ်အမ် ဖုန်းတွေမှာပါ အသုံးပြုနိုင်အောင် ပြုလုပ်သွားမယ်လို့ သိရပါတယ်။ MTS Connect မှ voice mail service တွေအပြင် Hello SMS, Miss Call Alert စတာတွေကိုပါ ဝန်ဆောင်မှု ပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဂျီအက်စ်အမ်နဲ့ ဒဗလျူစီဒီအမ်အေ ဖုန်းတွေအတွက် အသံမက်ဆေ့ခ်ျ ပေးပို့နိုင်တဲ့ ဝန်ဆောင်မှုကို နိုဝင်ဘာလက စတင်အသုံးပြုခွင့် ပေးခဲ့ပေမဲ့ နည်းပညာ အခက်အခဲကြောင့် သုံးစွဲရာမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက်ဇ်မှာ ပထမပြုလုပ်ခဲ့တဲ့ GSM အသံမက်ဆေ့ခ်ျ ဝန်ဆောင်မှုမှာ ဖြစ်ပေါ်ခဲ့တဲ့ error တွေကို ပြန်လည်သုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် ပြုလုပ်ဝန်ဆောင်မှု ပေးသွားမယ်လို့ MTS Connect မှ သိရကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""
khit lu nge