RNDP ဥက္ကဌ ရွှေတံဆိပ် ချီးမြှင့်ခံရ

ပို့စ်တင်ချိန် - 12/24/2013 08:55:00 AM


ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ကို ပေါက်တောမြို့နယ် ပြည်သူများမှ ရွှေ (၁) ကျပ်သား အလေးရှိ ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆုကို ​ပေါက်​​တောမြို့ ဘ၀မ်းဘုန်း​တော်​ကြီး​ကျောင်းဆရာ​တော်​ ဦးဣန္ဒ၀ံ့သမှ မြို့နယ် လူထု ကိုယ်စား ဒီလ ၂၀ ရက်နေ့က ပေါက်တောမြို့မှာ ပြုလုပ်တဲ့ လူထု စည်းဝေးပွဲ အတွင်း ချီးမြှင့် ခဲ့တယ်လို့ သိရပါတယ်။

ဆုချီးမြှင့်တဲ့ ဂုဏ်ပြုလွှာထဲမှာတော့ ခုလို ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။

“ ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားများ ကောင်းကျိုးအတွက် လွှတ်တော် အဆင့်ဆင့်နှင့် အခါအခွင့်သင့်သော အခန်းကဏ္ဍတိုင်းတွင် တိကျ ပြတ်သားစွာ တင်ပြ တောင်းဆို ဆောင်ရွက် လျှက်ရှိသော RNDP ဗဟို အလုပ်အမူဆောင် ကော်မီတီ ဥက္ကဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ အတွက် အစဉ်လေးစားထိုက်သော ရခိုင်တိုင်းရင်းသားများ ခေါင်းဆောင် ဒေါက်တာ အေးမောင်အား ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြည်သူလူထုမှ ရွှေတံဆိပ်ဆုနှင့် အတူ ဂုဏ်ပြုချီးမြှင့်အပ်ပါသည်။”
Burmesenews narinjara