နွေရာသီအတွက် ရန်ကုန်တွင် ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံ ၄ ခု တည်ဆောက်နေ

ပို့စ်တင်ချိန် - 12/24/2013 04:38:00 PM


အခု လာမယ့် နွေရာသီမှာ ရန်ကုန် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ရန်ကုန်အခြေစိုက် ပုဂ္ဂလိက ကုမ္ပဏီ ၄ ခုက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ပြီး ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းကို အကောင်အထည် ဖော်နေကြတယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဒီဗွီဘီကို ပြောပါ တယ်။

စင်ထရယ်ပါဝါ ကုမ္ပဏီက လှော်ကားမှာ မဂ္ဂါဝပ် ၅၀ ထုတ်မယ့်စက်ရုံ၊ မက်စ်ပါဝါက သာကေတမှာ မဂ္ဂါဝပ် ၅၀ ထုတ်မယ့် စက်ရုံ၊ တိုယိုထိုင်း ကုမ္ပဏီက အလုံမှာ မဂ္ဂါ၀ပ် ၈၀ ထုတ်မယ့် စက်ရုံ၊ မြန်မာရွှေပြည် ကုမ္ပဏီက ရွာမမှာ မဂ္ဂါဝပ် ၅၀ ထုတ်မယ့် စက်ရုံတွေ တည်ဆောက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ ရန်ကုန်မြို့တော်ရဲ့ အမြင့်ဆုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှုကတော့ မဂ္ဂါဝပ် ၈၅၀ ရှိပါတယ်။
DVB Burmese