ကိုယ်ခန္ဓာအတွင်းမှာ ဆူညံသံများ ကြားနေရသလား

ပို့စ်တင်ချိန် - 12/24/2013 11:00:00 PM


အသက်၄၇နှစ်ရှိပြီဖြစ်တဲ့ Julie Redfern ဟာ ပြင်းထန်ပြီး မသက်မသာဖြစ်ရတဲ့ အခြေအနေကို ခံစားနေရပါတယ်။ သူဟာ superior canal dehiscence ရောဂါစုလို့ခေါ် တဲ့ ရောဂါတစ်မျိုးကို ခံစားနေရပါတယ်။ အဲဒီရောဂါဖြစ်ပွားနေတဲ့အတွက် အတွင်းနားဟာ ပုံမှန်ထက်လွန်ကဲပြီး ဆူညံသံတွေကို ကြားနေရပါတယ်။ ဒါဟာနားထင်နားမှာရှိတဲ့ temporal အရိုးပါးခြင်းကြောင့် ဖြစ်ပွားရတာပါ။
အဆိုပါရောဂါစုကြောင့် Julie Redfern ဟာကိုယ်ခန္ဓာတွင်းက အသံတွေကို တခြားသူတွေမကြားဘဲ သူတစ်ယောက်ပဲကြားနေရပါတယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ်များက စက်ဘီးစီးရင်း မတော်တဆထိခိုက်မှုက စတင်ခဲ့တာလို့ သူမကယူဆနေပါတယ်။ အခုအချိန်မှာတော့ ခွဲစိတ်ကုသမှုပြလုပ်ပြီး သူမရဲ့ဝေဒနာသက်သာမှုရအောင် ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်ကြီးတွေက ကြိုးပမ်းနေကြပါတယ်။
လန်ဒန်မြို့၊ The Harley Streetem နား၊ နှာခေါင်း၊ လည်ချောင်း ဆေးခန်းကြီးမှ အတိုင်ပင်ခံ အာရုံကြောဆရာဝန်ကြီး Dr.Gerald Brookes က “အချို့သောလူတွေဟာ ကံမကောင်းစွာနဲ့ အာရုံခံစားရာမှာ ထိန်းချုပ်ပေးတဲ့ အရိုးမပါလာပဲ မွေးဖွားလာတတ်ပါတယ်။ တစ်ခါတရံ အသက်ကြီးလာတဲ့အခါမှာ temporal အရိုးပျက်စီးလာခြင်းကြောင့်လဲ အခုလိုဖြစ်တတ်ပါတယ်။ ထိခိုက်မှုကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါဟာ သေနိုင်လောက်တဲ့ ဝေဒနာ မဟုတ်ပေမယ့် အချိန်ကာလ ကြာမြင့်စွာကြားနေရမယ်ဆိုရင် နေ့စဉ်လုပ်ငန်းဆောင်တာတွေ ထိခိုက်ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်” လို့ ကိုယ်ခန္ဓာထဲက အသံတွေကို ကြားနေရတဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ်။
Julie redfern ဟာ ငါးနာရီ ကြာမြင့်တဲ့ ခွဲစိတ်မှုကို ခံယူခဲ့ပြီး အသံလှိုင်း လှည့်ပတ်သွားလာရာ အရိုးမှာ အခေါင်းပေါက်ဖြစ်နေခြင်းကို ကုသခဲ့ပါတယ်။“ခွဲစိတ်မှု အန္တရာယ်တွေရှိနေပေမယ့် ကျမ ကုသမှုကို စွန့်စားပြီးခံယူခဲ့ပါတယ်။ ဒီလိုအသံတွေကို အချိန်ကြာကြာ မကြားလိုတော့ပါဘူး။ ခုဆိုရင် ကျမစိတ်အေးချမ်းသာစွာ အိပ်စက်နိုင်ပါပြီ” လို့ပြောကြားခဲ့ပါတယ်။သူမဟာ ကိုယ်ခန္ဓာတွင်းက ဆူညံသံတွေကို ခုနှစ်နှစ်ကြာကြား နေခဲ့ရတာ ဖြစ်ပါတယ်။
သက်နှင်း
ref: MedIndia
Health Updates Journal