မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် လက်မှတ်များကို ဈေးနှုန်းလျှော့၍" ရောင်းချပေးမည်

ပို့စ်တင်ချိန် - 12/24/2013 11:15:00 PM


ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံတွင် ဒီဇင်ဘာ ၂၉ ရက်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ တက်ရောက်အားပေး ကြည့်ရှုလိုသည့် ပရိသတ်များအတွက် လက်မှတ်များကို ယခင်နှစ် ဈေးနှုန်းများထက် ပိုမို လျှော့ချ၍ ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်လုပ်ငန်း ညွှန်ကြားရေးမှူး (စီမံ) ဦးသိန်းထွန်းအောင်က ပြောကြားခဲ့သည်။ ယခင်နှစ်များက ကျင်းပခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနား လက်မှတ်ဈေးနှုန်းများကို အမြင့်ဆုံး ကျပ် ၂၅၀၀၀ အထိ ရောင်းချခဲ့ပြီး ယခုအခါ အမြင့်ဆုံး ကျပ် ၂၀၀၀၀ ဖြင့်သာ ရောင်းချသွားမည်ဖြစ်ပြီး ကျပ်တစ်သောင်းတန်နှင့် ကျပ်ငါးထောင် တန်ဖိုးရှိ လက်မှတ်များကို လည်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “ဒီနှစ်မှာတော့ အကယ်ဒမီပွဲ ကြည့်ချင်တဲ့ ပရိသတ်တွေ အတွက် လက်မှတ်ခတွေကို ဈေးနှုန်းလျှော့ပြီး ရောင်းပေးသွားမှာပါ။ ဒါ့အပြင် ဖျော်ဖြေရေးကိုလည်း ပုံစံပြောင်းလဲသွားမှာပါ” ဟု ယင်းက ဆိုသည်။ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား လုံခြုံရေး အတွက်လည်း Best ပုဂ္ဂလိက လုံခြုံရေးအဖွဲ့မှ အမျိုးသားဝန်ထမ်း ၄၁ ဦး၊ အမျိုးသမီးဝန်ထမ်း ၉ ဦး ငှားရမ်းထားပြီး လုံခြုံရေး ပစ္စည်းများဖြစ်သည့် Walk Through ငါးစုံ၊ စီစီတီဗီခြောက်လုံး၊ Speed Doom ကင်မရာ နှစ်လုံးတို့ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်ခုံအရေအတွက်ကိုလည်း ယခင်နှစ်ထက် ပိုမိုထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။ ရုပ်ရှင်ထူးချွန်ဆုကို ယခင်နှစ်များက အများဆုံး ၁၁ ဆု ပေးအပ်ခဲ့ခြင်းများ ရှိသော်လည်း ယခုနှစ်အတွက်မူ ထူးချွန်ဆု ၁၂ ဆုအထိ ပေးအပ်ရန် လျာထားကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။  ""
khit lu nge