တောရိုင်းတိရစ္ဆာန်များနှင့် သစ်တောထွက်ပစ္စည်းများကို တရားမဝင် ကုန်သွယ်နေမှု တိုက်ဖျက်ရေး ညီလာခံတက်ရန် မြန်မာအစိုးရကို ဖိတ်ကြား

ပို့စ်တင်ချိန် - 12/24/2013 04:35:00 PM


ဗြိတိန်အစိုးရက တောရိုင်းတိရစ္ဆာန်များနှင့် သစ်တောထွက် ပစ္စည်းများကို တရားမဝင် ကုန်သွယ်နေမှု တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ ညီလာခံ တက်ရောက်ဖို့အတွက် မြန်မာအစိုးရကို ဖိတ်ကြားလိုက်တယ်လို့ ယနေ့ ဗြိတိန်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လာမယ့် ဖေဖော်ဝါရီလ အတွင်းမှာ တောရိုင်း တိရစ္ဆာန်များနှင့် သစ်တောထွက် ပစ္စည်းများကို တရားမဝင် ကုန်သွယ်နေမှု တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ ညီလာခံကို ကျင်းပမှာဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ်ရုံးက ဦးစီးကျင်းပမှာ ဖြစ်ပါတယ်။ ဗြိတိန်အစိုးရဟာ တောရိုင်း တိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေ (ကြံ့ချို၊ ဆင်စွယ် အပါအဝင်) ကို တရားမဝင် ရောင်းဝယ် ဖောက်ကားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ယူရို ၁၀ သန်းကို ထောက်ပံ့ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ တိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေကို ရောင်းချမှုဟာ ခြစားမှုကို မြင့်တက်စေသလို နိုင်ငံခြားခရီး သွားလာရေး လုပ်ငန်းကိုလည်း ထိခိုက်ပြီး ကမ္ဘာ့ဆင်းရဲတဲ့ နိုင်ငံတွေရဲ့ အောက်ခြေစီးပွားရေးကို လှိုက်စား ထိခိုက်စေကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဗြိတိန်နိုင်ငံရဲ့ အထောက်အပံ့ဟာ တရားမဝင် တောရိုင်း တိရစ္ဆာန်တွေကို ရောင်းချမှုနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ နည်းပညာတွေ၊ ပစ္စည်းတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်သလို ကျားအစိတ်အပိုင်းတွေ၊ ကြံ့ချို၊ ဆင်စွယ်တွေကို တရားမဝင် ရောင်းချပြီး ပတ်ဝန်းကျင်နဲ့ စီးပွားရေး ထိခိုက်မှုဖြစ်စေတဲ့ အကြောင်းတရားတွေကို လျှော့ချရေးအတွက် ဖြစ်လာမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
khit lu nge