အထက်တန်းကျောင်းသားများ တီထွင်လိုက်သည့် အသေးစားဂြိုဟ်တုကို ပထမဆုံးအကြိမ် လွှတ်တင်တော့မည်

ပို့စ်တင်ချိန် - 12/03/2013 06:30:00 PM


အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သည့် နာဆာ၏နောက်ဆုံး လွှတ်တင်ခဲ့သော စမတ်ဖုန်းဖြင့် ထိန်းချုပ်နိုင်သည့် PhoneSat 2.4 အသေးစားဂြိုဟ်တု တီထွင်မှုအပြီးတွင် Thomas Jefferson သိပ္ပံနှင့်နည်းပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေကြသော အထက်တန်းကျောင်းသား များသည် TJ3sat အသေးစားဂြိုဟ်တုကို တီထွင်နိုင်ခဲ့ပြီ ဖြစ်သည်။
ယခုကဲ့သို့ တီထွင်မှုသည် ဂြိုဟ်တုတီထွင်မှုများထဲတွင် ကျောင်းသားများအနေဖြင့် ပထမဆုံးတီထွင်လိုက်သည့် တီထွင်မှုဖြစ်ပြီး ယင်းဂြိုဟ်တုအား Virginia ပြည်နယ် Wallops Flight Facility စခန်းမှတစ်ဆင့် ညနေပိုင်း ၇း၃၀ အချိန်တွင် Minotaur 1 ဒုံးပျံဖြင့် လွှတ်တင်ရန် စီစဉ်ထားကြောင်း သိရသည်။
ယခုလွှတ်တင်မည့် အစီအစဉ်မှာ Orbital Science Corporation ကုမ္ပဏီထုတ် Minotaur 1 ဂြိုဟ်တု၏ ၂၅ ကြိမ်မြောက် အာကာသအတွင်းသို့ ဒုံးပျံဖြင့်လွှတ်တင်မည့်အစီအစဉ်ဖြစ်ပြီး ထိုဒုံးပျံဖြင့် စမတ်ဖုန်းနည်းပညာကိုအခြေခံတီထွင်ထားသည့် ၄ ပေ ပတ်လည် ကုဗတုံးပုံ Cubesat ကို သယ်ဆောင်သွားစေမည် ဖြစ်သည်။ TJ3sat ဂြိုဟ်တုကိုတည်ဆောက်ရာတွင် စမတ်ဖုန်း၏ ပြင်ပကိုယ်ထည်ကို ကုဗတုံးပုံ Cubesat အတွင်းထည့်သွင်းကာ တန်ဖိုးနည်း အာကာသယာဉ်များ အတွက်ပါအဆင်ပြေစေရန် တည်ဆောက်ထားကြောင်း သိရသည်။ ယခုအခါတွင် နာဆာ၏ PhoneSats ဂြိုဟ်တုသုံးစင်းကို အာကာသအတွင်းရှိ ပတ်လမ်းများအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီဖြစ်ပြီး PhoneSat 2.4 ဂြိုဟ်တုမှာ အခြားဂြိုဟ်တုများ လှည့်ပတ်နေသော လမ်းကြောင်းထက် ပိုမိုမြင့်မားသော ပတ်လမ်းအတွင်းသို့ ၀င်ရောက်လှည့်ပတ်သွားမည် ဖြစ်ကြောင်း သိရသည်။
၂ ပေါင်ခန့် အလေးချိန်ရှိသော ယခုလွှတ်တင်မည့် TJ3sat ဂြိုဟ်တုကို တည်ဆောက်ရာ၌် Thomas Jefferson သိပ္ပံနှင့်နည်းပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော အထက်တန်းကျောင်းသား အယောက် ၅၀ ခန့်သည် ၇ နှစ်ခန့် အချိန်ယူကာ နာဆာ၏ ပညာရေးဆိုင်ရာ နာနိုဂြိုဟ်တုလွှတ်တင်ရေးအစီအစဉ် (Educational Launch of Nano Satellites - ELaNa program)၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် တီထွင်ခဲ့ကြခြင်း ဖြစ်သည်။ ELaNa အစီအစဉ်၏ ယခုကဲ့သို့ဆောင်ရွက်ရခြင်းမှာ ကျောင်းသားများအနေဖြင့် သိပ္ပံနှင့်နည်းပညာ ဘာသာရပ်များ၊ အင်ဂျင်နီယာဘာသာရပ်နှင့် သင်္ချာဘာသာရပ်များတွင် စိတ်ဝင်စားလာစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။
ယခုလွှတ်တင်မည့် Cubesat ဂြိုဟ်တုသည် ဂြိုဟ်တုပတ်လမ်းအတွင်း ရောက်ရှိသွားမည်ဆိုပါက ကမ္ဘာပေါ်ရှိ Minotaur radio အသုံးပြုသူများနှင့် ကျောင်းသားများထံမှ ပို့လွှတ်လိုက်သည့် သတင်း အချက်အလက်များကို လက်ခံခြင်းနှင့် ပြန်လည်ပေးပို့ခြင်းတို့ကို လုပ်ဆောင်ပေးလိမ့်မည် ဖြစ်သည်။ ထို့အပြင် စာရေးသားပေးပို့မှုများ၊ တင်ပြချက်များကို ၀က်ဘ်ဆိုဒ်များမှတစ်ဆင့် အတည်ပြုကာ အာကာသအတွင်းရှိ ဂြိုဟ်တုသို့ပေးပို့ခြင်းနှင့် ကမ္ဘာမြေပြင်ရှိ အသုံးပြုသူများထံသို့ ၄င်းလွှတ်တင်ထားသောဂြိုဟ်တုမှ ပြန်လည်ပေးပို့မည့် စာသားများကို ရေဒီယိုအသံလှိုင်းများအဖြစ် ပြန်လည်လက်ခံနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Source:http://www.popsci.com/article/first-satellite-built-high-school-students-launches-tonight?dom=PSC&loc=recent&lnk=8&con=first-satellite-built-by-high-school-students-launches-tonight

ပြန်ဆိုသူ- worldwide
TechSpace Journal