မ​အူ​ပင် ​ကံ​ကုန်း​ကျေး​ရွာ​အုပ်​စု ​လယ်​သ​မား​များ ​ဆ​န္ဒ​ပြ

ပို့စ်တင်ချိန် - 12/03/2013 06:55:00 PM


ဧ​ရာဝ​တီ​တိုင်း ​မ​အူ​ပင်​မြို့​နယ် ​ကံ​ကုန်း​ကျေး​ရွာ​အုပ်​စု​က ​တောင်​သူ​လယ်​မား​တွေ​ဟာ  ​လယ်​ယာ​မြေ​တွေ ​သိမ်း​ဆည်း​ခံ​ရ​မှု​နဲ့ ​တ​ရား​စွဲ​ဆို​ခံ​ထား​ရ​တဲ့​ကိ​စ္စ​တွေ ​ဖြေ​ရှင်း​ပေး​ရေး​အ​တွက် ​ဒီ​နေ့ ​ဆ​န္ဒ​ပြ​နေ​ကြ​ပါ​တယ်။

မ​အူ​ပင်​မြို့​နယ် ​ရဲ​စ​ခန်း​ရဲ့ ​တ​ရား​၀င် ​ခွင့်​ပြု​ချက်​နဲ့ ​ဒီ​န့ ​နံ​နက်​ပိုင်း​က ​ဆ​န္ဒ​ပြ​ခဲ့​ကြ​တာ​ဖြစ်​ပြီး ​သိမ်း​ဆည်း ​လယ်​ယာ​မြေ​ကိ​စ္စ​တွေ ​အ​မြန်​ဆုံး​ဖြေ​ရှင်း​ပေး​ရေး​၊ ​လယ်​သ​မား​တွေ​ကို ​တ​ရား​စွဲ​ထား​မှု ​ရုပ်​သိမ်း​ပေး​ရေး​၊ ​ပြည်​သူ့​လွှတ်​တော်​အ​မတ်​က​နေ​ပြီး ​တောင်​သူ​လယ်​သ​မား​တွေ​ကို ​ကူ​ညီ​ဆောင်​ရွက်​ပေး​ရေး​စ​တဲ့ ​တောင်း​ဆို​ချက်​တွေ​နဲ့​  ​ဆ​န္ဒ​ပြ​ခဲ့​ကြ​တာ ​ဖြစ်​ပါ​တယ်။

မ​အူ​ပင်​မြို့​နယ် ​ကံ​ကုန်း​ကျေး​ရွာ​အုပ်​က ​လယ်​သ​မား ၆၀ ​ကျော်​ဟာ ​မ​အူ​ပင်​မြို့​နယ် ​ရေ​တွင်း​လမ်း​ထိပ်​က​နေ ​ပြည်​သူ့​လွှတ်​တော်​အ​မတ်​ရုံး​အ​ထိ ​လှည့်​လည် ​ဆ​န္ဒ​ပြ​ခဲ့​တယ်​လို့ ​သိ​ရ​ပါ​တယ်။

ဆ​န္ဒ​ပြ​ပွဲ​မှာ ​ပါဝင်​တဲ့ ​မ​အူ​ပင်​မြို့​နယ် ​ကံ​ကုန်း​ကျေး​ရွာ​အုပ်​စု​က ​တောင်​သူ​လယ်​သ​မား​တ​ဦး​ဖြစ်​တဲ့ ​ဦး​ကျော်​လင်း​အောင်​က ​ဆ​န္ဒ​ပြ​ရ​တဲ့ ​ရည်​ရွယ်​ချက်​ကို ​အ​ခု​လို ​ပြော​ပါ​တယ်။

“​ကျ​နော်​တို့ ​ကံ​ကုန်း​ကျေး​ရွာ​အုပ်​စု​က ​ဗိုလ်​မှူး​သိန်း​နိုင် ​သိမ်း​ထား​တဲ့ ​လယ်​မြေ​တွေ​က ​လယ်​သ​မား​တွေ​ပါ။ ​အ​ခု ​လယ်​ယာ​မြေ​ပြဿ​နာ​တွေ​ကြောင့် ​တောင်​သူ​လယ်​သ​မား​တွေ​ရဲ့ ​အ​ခက်​အ​ခဲ​အ​များ​ကြီး​ရှိ​လို့ ​ဆ​န္ဒ​ထုတ်​ဖော်​တာ​ပါ။”

ကံ​ကုန်း​ကျေး​ရွာ​အုပ်​စု​က ​လယ်​မြေ ၇၁ ​ဧ​က​ကို ​ပြီး​ခဲ့​တဲ့ ၂၀၀၃ ​ခု​နှစ်​က​တည်း​က ​အ​ရင် ​အုပ်​ချုပ်​ရေး​မှူး​ဟောင်း ​ဗိုလ်​မှူး​သိန်း​နိုင်​က​နေ​ပြီး ​သိမ်း​ဆည်း​ခဲ့​ပြီး​နောက် ​သီး​စား​ပြန်​ချ​ထား​တာ ​ဖြစ်​ပါ​တယ်။

ပြီး​ခဲ့​တဲ့​နှစ်​က​တော့ ​အုပ်​ချုပ်​ရေး​ပိုင်း ​တာဝန်​ရှိ​သူ​တွေ​က ​လယ်​ယာ​မြေ​တွေ​ထဲ ​ဘောင်ဝင်​ကန့်​ပြီး ​ဒေ​သ​ခံ ​လယ်​သ​မား​တ​ချို့​ကို​လည်း ​အ​ကျိုး​စီး​ပွား ​ဖျက်​ဆီး​မှု ​ပုဒ်​မ ၄၂၇၊ ​ပိုင်​နက်​ကျူး​လွန်​မှု ​ပုဒ်​မ ၄၄၇ ​တို့​နဲ့ ​တ​ရား​စွဲ​ဆို​ခဲ့​ပါ​တယ်။

တ​ရား​စွဲ​ဆို​ခံ​ထား​ရ​တဲ့ ​ကံ​ကုန်း​ကျွေး​ရွာ​အုပ်​စု ၀က်​စု​ကျေး​ရွာ​က ​လယ်​သ​မား ​ဒေါ်​သန်း​စိန်​က “​ကျ​မ​တို့ ​လယ်​သ​မား​တွေ​က ​သူ​တို့ ​ကန်​ထဲ​ကို ​လယ်​သွား​လုပ်​တာ ​မ​ဟုတ်​ပါ​ဘူး​။ ​ကျ​မ​တို့ ​လယ်​ယာ​မြေ​ထဲ​ကို ​သူ​တို့​က ​ဘောင်ဝင်​ကန့်​တယ်။ ​ဘောင်ဝင်​ကန့်​တော့ ​ကျ​မ​တို့ ​လယ်​သ​မား​တွေ​က ​တား​ပါ​တယ်။ ​တား​တော့ ​အောင်​ဟိတ်​ကျေး​ရွာ ​အုပ်​ချုပ်​ရေး​မှူး ​ဦး​စိုး​မြင့်​က​နေ​ပြီး​တော့ ​လယ်​သ​မား​တွေ​အ​တွက် ​လုပ်​ပေး​တာ​ပါ​လို့ ​ပြော​ပြီး ​ဘောင်​တွေ ​ပြီး​သွား​တော့ ​ကျ​မ​တို့ ​လယ်​သ​မား​တွေ​ကို ​နှင်​ထုတ်​ပါ​တယ်။ ​ကျူး​ကျော်​ဆို​ပြီး​တော့ ၂၀၁၂ ​ခု​နှစ်​မှာ ​ကျ​မ​တို့​ကို ​ရုံး​တင်​ပြီး ​တ​ရား​လည်း ​စွဲ​ဆို​ပါ​တယ်” ​လို့ ​ပြော​ပါ​တယ်။

ဒီ​လယ်​ယာ​မြေ​ကို​ပဲ ​ဆက်​လက်​လုပ်​ကိုင်​လို​တယ်​လို့ ​ဒေါ်​သန်း​စိန်​က ​ဆက်​လက်​ပြော​ဆို​ပါ​တယ်။

“​ကျ​မ​ရဲ့ ​ဆ​န္ဒ​က​တော့ ​ကျ​မ​တို့​က ​လယ်​မြေ​ကို​ပဲ ​ဆက်​လက်​လုပ်​ကိုင်​ခွင့် ​လို​ချင်​ပါ​တယ်။ ​အ​မှန်​တ​ရား ​ပေါ်​ပေါက်​စေ​ချင်​ပါ​တယ်။ ​အ​မှန်​တ​ရား ​မ​ပေါ်​ပေါက်​ရင် ​ကျ​မ​တို့ ​ဆင်း​ရဲ​တဲ့ ​လယ်​သ​မား​တွေ​မှာ ​အ​များ​ကြီး ​နစ်​နာ​ပြီး ​ဘ၀​တွေ ​ပျက်​ကြ​မှာ​ပါ။”

ဒီ​နှစ် ​ဖေ​ဖော်ဝါ​ရီ​လ​က​လည်း ​မ​အူ​ပင် ​မ​လက်​တို​ကျေး​ရွာ​အုပ်​စု ​ပ​လောင်​ကျေး​ရွာ​ရှိ ​လယ်​မြေ​များ ​ပြန်​လည်​ရ​ရှိ​ရေး ​အ​ငြင်း​ပွား​ခဲ့​ရာ​က​နေ ​ဒေ​သ​ခံ ​လယ်​သ​မား​တွေ​နဲ့ ​ရဲ​တွေ​အ​ကြား ​ပ​ဋိ​ပ​က္ခ​တွေ ​ဖြစ်​ပေါ်​ပြီး ​ရဲ​တပ်​ဖွဲ့​၀င် ၂၇ ​ဦး​နဲ့ ​လယ်​သ​မား ၁၅ ​ဦး ​ဒဏ်​ရာ​ရ​ရှိ​ကာ ​ရဲ​တပ်​ဖွဲ့​ဝင် ၁ ​ဦး ​သေ​ဆုံး​ခဲ့​ပါ​တယ်။

By ဒီဗွီဘီ