Samsung Galaxy S5 မကြာမီလာမည်

ပို့စ်တင်ချိန် - 12/03/2013 03:07:00 PM


Function အထူးအဆန်း၊ နည်းပညာအထူးအဆန်းတွေနဲ့ ပွဲထုတ်လေ့ရှိတဲ့ Samsung Galaxy S စီးရီးရဲ့ ပဉ္စမမြောက်မျိုးဆက်သစ် Galaxy S5 မကြာမီ
ထွက် ရှိလာတော့မယ်လို့ သတင်းများ ထွက်ရှိနေပါတယ်။ Galaxy S5 မှာ
Galaxy S4 ထက်ပိုမို အားပြင်းပြီး ပိုမိုအဆင့်မြင့်တဲ့ နည်းပညာပစ္စည်းတွေနဲ့
ပေါင်းစပ်ထုတ်လုပ်မယ်လို့သိရပါတယ်။ နောက်ပြီး ကွေးညွှတ်နည်းပညာ
ပစ္စည်းတွေကိုလည်း အသုံးချနိုင်တယ်လို့လည်း သတင်းတွေ ထွက်ရှိနေပါ တယ်။

Galaxy S5 ရဲ့ ထုတ်လုပ်မှုကို ဇန်နဝါရီမှာ စတင်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ Galaxy S5 ကို Samsung ရဲ့ မှတ်တိုင်သစ်စမတ်ဖုန်း တစ်လုံးဖြစ်လာစေရန် ဖန်တီးမှုများ ပြုလုပ်ထားကြောင်း၊ Android KitKat ကိုသုံးစွဲလာမည်
ဖြစ်ကြောင်းနဲ့ Galaxy Gear 2 စမတ်နာရီကိုလည်း ဖေဖော်ဝါရီ သို့မဟုတ် မတ်လပိုင်းမှာ ထုတ်လုပ်သွားဖို့ အစီအစဉ်ရှိကြောင်း ကိုရီယားသတင်းဌာန
တစ်ခုက ရေးသားဖော်ပြထားပါတယ်။

အခြားသတင်းဌာနများရဲ့ ဖော်ပြချက်အရ Galaxy S5 တွင် 64-bit processor, 3GB of RAM, 16-megapixel camera, huge 4,000-mAh battery နဲ့ ၅ လက်မ ကွေးကောက်မျက်နှာပြင်တို့ ပါဝင်မယ်လို့ ဆိုပါတယ်။

Galaxy S5 ထွက်ရှိလာဖို့ မဝေးတော့တာကြောင့် ရင်ခုန်စွာနဲ့ပဲ စောင့်မျှော်
လိုက်ကြရအောင်။

Guide Magazine