ဝန်ထမ်းများ သင့်နောက် မလိုက်ရခြင်း အကြောင်းများ

ပို့စ်တင်ချိန် - 12/03/2013 06:31:00 PM


လက်ရှိ မြန်မာပြည်မှာလည်း စီးပွားရေး လုပ်ငန်းတွေ တည်ထောင်ကြတယ်။ ဦးစီးကြတယ်။ လုပ်ကိုင်ကြပါတယ်။ ကမ္ဘာမှာတင်မက ဘယ်နေရာဒေက လုပ်ငန်းရှင်တွေမှာပဲ ဖြစ်ဖြစ် Employee တွေက Follow တဲ့ ပြဿနာတွေ အနည်းနဲ့ အများတော့ ကြုံကြ ရပါတယ်။ ဒါကြောင့်မို့ ကိုယ့်နောက်ကို ဘာလို့ လုပ်သားတွေ လိုက်မလာတော့တာလဲဆိုတာကို ပြန်ဆန်းစစ်ဖို့ အချိန်တန်ပါပြီ။ အောက်ပါ အချက်များကို လေ့လာ ရအောင်။

သင့်ကို မကြိုက်နှစ်သက်တော့ဘူး။

လုပ်ငန်းမှာ ဝန်ထမ်းများက သူတို့ သူဌေး ဘယ်လို စရိုက်ရှိလဲဆိုတာကို လေ့လာမယ်။ Personal ဘက်မှာ ဖြစ်ပျက်နေတာတွေကို ဝန်ထမ်းတွေ အများစုက လစ်လျူရှုထားပေမယ့် ယင်း Personal က ရုံး Private Policy အထိ ထိခိုက်လာပြီဆိုရင် မကြိုက်နှစ်သက်ကြတော့ပါဘူး။ ကိုယ်က သူတို့အပေါ် ပြောဆိုဆက်ဆံမှု ညံ့ဖျင်းမယ်။ Treat လုပ်တာ အရမ်းနေမယ် ဆိုတာတွေက အကြိမ်တွေ များလာရင်တော့ သင့်ဝန်ထမ်းက သင့်ကို ချစ်ခင်နှစ်သက်မှု ရှိမလာတော့မှာတော့ အမှန်ပါပဲ။

သင့်ကို မယုံကြည်တော့ဘူး

မယုံကြည်ရလောက်အောင် တစ်ဖက်က ပျက်ကွက်တာတွေ များရင်တော့ စီးပွားရေးမှာတင် မဟုတ်ပဲ ဘယ်နေရာမှာမဆို ကျရှံးရမှာ အမှန်ပါပဲ။ ယုံကြည်မှုတစ်ခုအတွက် ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုလိုတယ်၊ လုပ်ဆောင်ချက် တစ်ခုလိုတယ်။ အချိန် တစ်ခုလိုတယ်။ ယင်း အချက် ၃ ချက်စလုံးမှာ ဦးစီးလုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်ကိုယ်တိုင်က ပျက်ကွကနေရင် ဘယ်ဝန်ထမ်းက ယုံကြည်မှု ဆက်ထားနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါဆိုရင် Follow လုပ်ဖို့ ရာခိုင်နှုန်း ထပ်လျော့ သွားပါပြီ။

သူတို့ မလိုက်ချင်ဘူး

ကိုယ်ကတော့ ရှေ့ ကနေ ဦးဆောင်နေမယ်။ လမ်းညွှန်နေမယ်။ သို့ပေမယ့် နောက်မှာ ဘယ်သူမှ လိုက်မလာဘူး။ ဘာကြောင့်ဘာလဲ။ ရှင်းရှင်းလေးပါ။ သင့်ဝန်ထမ်းများက သင့်နောက် မလိုက်ချင်လို့ ဖြစ်ပါတယ်။ ဘာလို့ မလိုက်ချင်ရတာလဲ ဆိုတာကို အကြောင်းပြချက် ပြန်ရှာ ကြည့်လိုက်တော့ Result ကို မယုံကြည်လို့နဲ့ မကြိုက်နှစ်သက်လို့ ဆိုတဲ့အချက်ပါပဲ။ မယုံကြည်တာကို ယုံကြည်အောင် စွဲဆောင်လို့ ရပေမယ့် မကြိုက်နှစ်သက်တာကို ကြိုက်အောင် လုပ်ဖို့ကျ အတော်လေး ခက်ပါတယ်။ ကိုယ် Target ထားလိုက်တဲ့ Plan တစ်ခုက Positive Change တစ်ခု ဖြစ်မလာနိုင်ဘူးလို့ ထင်မြင်လာရင်လည်း ဝန်ထမ်းများက ဆက်သွားလို့ အားလျော့လိုက်ကြ ပါတယ်။

သူတို့ မသိဘူး

လုပ်တော့လုပ်တယ်။ အားလုံးလည်းခိုင်မာတယ်။ သို့ပေမယ့် သူတို့က သင့်လုပ်ငန်းနဲ့ ပက်သက်လို့ သေချာမသိဘူး။ ပိုဆိုးတာက သင်ဘာမေးမေး သူတို့ က မသိဘူး။ အဲဒါမျိုးဆိုရင်လည်း ဝန်ထမ်း အားလုံးကို Following လုပ်နေမှုကို Stop လုပ်လိုက်ကြမှာပါ။ အရင်ဆုံး ကိုယ်ဖြစ်ချင်၊ သွားချင်တဲ့ ပုံစံကို သိအောင်အရင်လုပ်ပေး ရမယ်။ Process မှာ လုပ်ကိုင်ဖို့အတွက် မသိသေးသူတွေကို လိုအပ်ရင်တောင် သိအောင် Acknowledge လုပ်ပေးရမယ်။ ဒီလိုဆိုရင် ဖြစ်လာနိုင်ပါသေးတယ်။ မဟုတ်ရင် သင့်ကို Follow လုပ်မယ့် ရာခိုင်နှုန်းက ပိုနည်းသွားပါပြီ။

သူတို့ အသိအမှတ်ပြုမခံရဘူး

ဒါက လည်း ဝန်ထမ်းတွေ ထွက်ရတဲ့ အကြောင်းတွေထဲက တစ်ခုပါ။ အလုပ်ကို ကြိုးစားတယ်။ အချိန်ရင်းတယ်။ ဘဝရင်းတယ်။ လိုအပ်ရင် အိုဗာတိုင်ရယ်လို့ မဟုတ်တောင် ညလုံးပေါက်လည်း သူလုပ်ချင်လုပ်ပေးလိမ့်မယ်။ သို့ပေမယ့် ပြန်ရလာတဲ့ ရလဒ်တစ်ခုက မင်းတော်တယ် ဆိုတဲ့ စကား တစ်ခွန်း မပါတဲ့အပြင် အပြစ်တွေပါ ပြန်လိုက်ဖွဲ့နေရင်တော့ လုံးဝ လွဲသွားပါပြီ။ Appreciation ဆိုတာ ရှိကိုရှိရပါမယ်။ ဝန်ထမ်း တစ်ယောက်က အမှားတွေ ဘယ်လောက်ပဲ လုပ်နေလုပ်နေ အနည်းဆုံး သူ့ရဲ့ လုပ်ဆောင် တစ်ခု အတွက်ပဲ ဖြစ်ဖြစ် တစိတ်တစ်ပိုင်းအတွက်ပဲ ဖြစ်ဖြစ် ချီးကျူး ပေးဖို့ လိုပါတယ်။ ဒါမှသာ သင့်နောက် လိုက်လာမှာပါ။

သူတို့ ထောက်ပံ့မှု မရတော့ဘူး

ကိုယ်ကတော့ Task တွေ ပေးလိုက်ပြီ။ သို့ပေမယ့် Support လုပ်ဖို့အတွက် Resource တွေက ပါမလာဘူး။ အကျိုးဆက်ကတော့ သူတို့ ဆက်မလုပ်နိုင်တော့ဘူး။ ဒါဆိုရင်လည်း ဝန်ထမ်းတွေက သင့်ကို စွန့်ခွာပါတယ်။ လစာထက် ပေးလိုက်တဲ့ Project အတွက် ကုန်ကျတဲ့ Cost ကိုပြောတာပါ။ ဒီအတွက် Expense ကို သေချာ တွက်ချက်ပြီးလိုနေတာ မရှိအောင် ထောက်ပံ့ပေးရမှာက ကိုယ့်တာဝန် ဖြစ်ပါတယ်။ ဒါကိုမှ မလုပ်နိုင်ရင်တော့ သင့်ဝန်ထမ်းက ဆက်လိုက်မလာနိုင်ပါဘူး။ ပြီးတော့ လစာကလည်း ဒီအချက်ထဲမှာပါဝင်နေပါတယ်။ အခြား ကုမ္မဏီတွေနဲ့ ဝန်ထမ်းတွေက နှိုင်းကြလိမ့်မယ်။ လစာ ပြီးတော့ ထပ် Plus လုပ်ပေးနိုင်မယ့် Support များ ရှိနေ ရင်တော့ သင့်နောက် တစ်ကောက်ကော်ကလိုက်မှာ ဝန်ထမ်းများပဲ ဖြစ်ပါတယ်။

လေ့ကျင့်သင်ကြားမှု မရှိဘူး

ဘယ်သူမဆို မွေးကတည်း စကားပြောတတ်၊ စာရေးတတ်လာတာ မဟုတ်ဘူး။ လုပ်ငန်းတစ်ခု၊ နယ်ပယ် တစ်ခု ကို ရောက်တာချင်းတူတေအောင်၊ ပရောဂျက်အသစ်တွေ တစ်ခုပြီးတစ်ခု ပြောင်းတိုင်း မနည်းလိုက်နေရတာကလည်း ဝန်ထမ်းများရဲ့  ထုံးစံ ဖြစ်ပါတယ်။ ကိုယ်က ဦးဆောင်နေတာကို သိအောင် လုပ်တဲ့ Acknowledge က သက်သက်၊ ယခုပြောတဲ့ လေ့ကျင့်သင့်ကြားမှု Training က သက်သက်ပါတ်။ ထရိန်နင် သင်တန်းကျောင်းကြီး မဟုတ်ပေမယ့် လုပ်ငန်းအတွက်လိုအပ်ရင် ဒါက ပေးကိုပေးရပါမယ်။ ကိုယ့်ကိုယ်ကို အရည်အချင်းမပြည့်မှီဘူး၊ မကိုက်ညီဘူးလို့ ထင်သွားရင်လည်း ဝန်ထမ်းအချို့ က လမ်းခွဲ သွားတတ် ကြပါတယ်။

သင့်ကိုမလေးစားဘူး

ဒါကျတော့ လုပ်ငန်းရှင်ရဲ့  Skill နဲ့ ဆိုင်သွားပြီ။ Smart ကျတဲ့ လုပ်ငန်းရှင် တစ်ယောက် ဘယ်လိုဖြစ်တယ်၊ ဘာညာ ကိုလေ့လာနေဖို့အတွက် သူတို့တွေ ကိုယ့်ကို Respect ဖြစ်ဖို့ ဘယ်လို ကြိုးပမ်းရမယ် ဆိုတာကို အရင် လေ့လာသင့်ပါတယ်။ လေးစားမှု အတွက် လုပ်ဆောင်ချက်၊ ပြောဆိုချက်၊ ပြုမှုချက် ကို ကြည့်ပြီး ဆုံးဖြတ်တတ်ကြ ပါတယ်။ ယင်း အချက်သုံးချက်လုံးမှာ ကိုယ်က သူုတို့ထပ် ပိုမိုသာလွန်နေတဲ့ အကြောင်း အရာများ ရှိနေရင် သူတို့က လေးစားနေမယ်။ ဒါဆိုရင် Follow လုပ်မယ်။ အပြောင်းပြန်ပြောရရင်တော့ အဲ့အချက်တွေ ပိုင်မထားရင် သင့်ကို Follow မလုပ်တော့ပါဘူး။

အနှစ်ချုပ်

စီးပွားရေး လုပ်ငန်းနယ်ပယ်ရယ်မှ မဟုတ်ပဲ Commercial ကော၊ Non Commercial Task တွေမှာ Leader and Follower က စည်းဝါးညီနေဖို့လိုပါတယ်။ ဒါမှ လုပ်ငန်းတိုင်းက အောင်မြင်မှာပါ။ ကိုယ်က ပဲ ဦးဆောင်နေလို့ မရသလို၊ နောက်ကလူတွေချည်းကိုပဲ တွန်းပို့နေလို့ မရပါဘူး။ ဒါကို ဟန်ချက်ညီညီနဲ့ ထိန်းသိမ်းလို့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းများ တည်ထောင်နိုင်ရန် အကြံပြု ရေးသား လိုက်ရပါတယ်။
International news for myanmar