လူ​ကို​ကူး​စက်​သည့် ​ပ​ထ​မ​ဆုံး ​ကြက်​ငှက်​တုပ်​ကွေး ​ဟောင်​ကောင်​တွင် ​တွေ့​ရှိ

ပို့စ်တင်ချိန် - 12/03/2013 06:55:00 PM


H7N9 ​ကြက်​ငှက်​တုပ်​ကွေး​ရော​ဂါ​က ​ပ​ထ​မ​ဆုံး ​လူ​ကို​ကူး​စက်​မှု ​ဟောင်​ကောင်​မှာ ​တွေ့​ရှိ​ခဲ့​တယ်​လို့ ​ဟောင်​ကောင်​အ​စား​အ​စာ​နဲ့ ​ကျန်း​မာ​ရေး​ဌာ​န​က ​ဒီ​ဇင်​ဘာ ၂ ​ရက်​နေ့​မှာ ​အ​တည်​ပြု​ပြော​ကြား​ခဲ့​ပါ​တယ်။

တ​ရုတ်​နိုင်​ငံ​ပြည်​မ​ကြီး​ကို​လည်း ​ဆက်​လက်​ကူး​စက်​သွား​မယ့်​ပုံ ​ရ​တယ်​လို့​လည်း ​ဆို​ပါ​တယ်။

Dr Ko Wing man (Photo Edward Wong)​ဟောင်​ကောင်​အ​စား​အ​စာ​နဲ့ ​ကျန်း​မာ​ရေး​ဌာ​န ​အ​တွင်း​ရေး​မှူး ​ဒေါက်​တာ ​ကိုဝင်း​မန်း (Ko Wing-man ​က ​ကူး​စက်​ခံ​ရ​သူ​ဟာ ​အ​သက် ၃၆ ​နှစ်​အ​ရွယ် ​အင်​ဒို​နီး​ရှား​အိမ်​ဖော် ​အ​မျိုး​သ​မီး​တ​ဦး​ဖြစ်​ပြီး ​ဟောင်​ကောင်​နဲ့ ​ကပ်​လျက် ​တ​ရုတ်​ပြည်​မ​ကြီး ​ရှန်း​ကျန်း (Shenzhen ​ပြည်​နယ်​ကို ၀င်​ထွက်​သွား​လာ​ခဲ့​သူ​တ​ဦး ​ဖြစ်​တယ်​လို့ ​ဆို​ပါ​တယ်။

သူ​ဟာ Queen Mary ​ဆေး​ရုံ​မှာ ​အ​ရေး​ပေါ်​လူ​နာ​အ​ဖြစ် ​ကု​သ​မှု​ခံ​ယူ​နေ​ပြီး ​သူ​နဲ့ ​အ​နီး​ကပ်​နေ​ခဲ့​သူ​တွေ​ကို​လည်း Princess Margaret ​ဆေး​ရုံ​မှာ ​ရော​ဂါ​စစ်​ဆေး​မ​ခံ​ယူ​နေ​တယ်​လို့ ​ပြော​ပါ​တယ်။

ဟောင်​ကောင်​မှာ​လည်း ​ကူး​စက်​ရော​ဂါ​ကာ​ကွယ်​ရေး​နှိမ်​နင်း​ရေး​ကို ​အ​ပြင်း​ထန်​ဆုံး​အ​ဆင့် ​မြှင့်​ထား​လိုက်​ပါ​တယ်။

အ​ခု H7N9 ​ကြက်​ငှက်​တုပ်​ကွေး​ကူး​စက်​မှု​ကို ​တွေ့​ရှိ​တာ​ဟာ ​လွန်​ခဲ့​တဲ့ ၁၀ ​နှစ် ​ဟောင်​ကောင်​မှာ ​လူ ၃၀၀ ​လောက် ​သေ​ဆုံး​ခဲ့​ရ​တဲ့ ​ဆာစ်း​ရော​ဂါ ​ကူး​စက်​ဖြစ်​ပွား​ခဲ့​ချိန်​နဲ့​လည်း ​တိုက်​ဆိုင်​နေ​ပါ​တယ်။

By ​ဒီဗွီဘီ