သွေးဆုံးသည့်အချိန်ရောက်မည်ကိုစိုးရိမ်ပူပန်ရန်မလို

ပို့စ်တင်ချိန် - 12/03/2013 12:00:00 PM


အမျိုးသမီးတိုင်း မလွဲမသွေ ကြုံတွေ့ရမည့် သွေးဆုံးသည့် အချိန်သို့မရောက်မီ ကြိုတင်စိုးရိမ် စိတ်များ၍ ကြောက်နေစရာမလိုဘဲ ကြုံတွေ့လာမည့်အခြေအနေများ ကို ကြိုတင်ပြင်ဆင်မှုများပြုလုပ်၍ ရင်ဆိုင်သင့်ကြောင်း ဗဟိုအမျိုး သမီးဆေးရုံကြီးမှသားဖွားမီးယပ် အထူးကုဒေါက်တာစိုးလွင်က ပြော သည်။

အမျိုးသမီးတို့သည် သွေးဆုံး ချိန်သို့ရောက်ပါက အပြောင်းအလဲ တစ်ခုမဟုတ်တစ်ခု ကြုံတွေ့ရ တတ်ပြီး စိတ်ဓာတ်ကျကာ မိသားစု နှင့် ထပ်တူထပ်မျှမကျခြင်းများ ဖြစ်တတ်ကြောင်း၊ ထိုအချိန်သို့ ရောက်ပါက အိမ်ရှိမိသားစုများ ကလည်း အစစအရာရာနားလည် မှု ပေးထားသင့်ကြောင်း သားဖွား နှင့်မီးယပ်အထူးကုဆရာဝန်တစ်ဦး ကပြောသည်။

''အဲ့ဒီအချိန်ဆိုရင် စိတ်ဓာတ် ကျနေတတ်ကြတယ်။ ကိုယ်ကလဲ ဝေဒနာခံစားနေရတော့ သူတို့ အပေါ်မှာ အရင်လိုမဆက်ဆံနိုင်၊ သူတို့ကလဲ ကိုယ့်ကိုအလိုမကျနဲ့ သွေးဆုံးရင်ဒါတွေဖြစ်တတ်တယ်'' ဟု၎င်းကပြောသည်။

ယင်းကဲ့သို့ မဖြစ်စေရန် အရိုး သန်မာစေသော အစားအသောက် များကို သွေးမဆုံးမီ ငယ်စဉ်က တည်းကစားသောက်သင့်ခြင်းနှင့် ပဲနို့တစ်နေ့တစ်ဘူး သောက်ခြင်း၊ ပဲပုပ်၊ ပဲပိစပ် စသော ပဲပါသော အစားအသောက်များ စားသောက် ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာများကြိုတင်ပြင်ဆင်ထား သင့်ကြောင်း ဒေါက်တာစိုးလွင် ကပြောသည်။

လမင်း - The Union Daily