မင်္ဂလာဒုံလေဆိပ်တွင်ရပ်ထားသောကားအား ခိုးသူအား ထားဝယ်မြို့တွင်ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 12/03/2013 01:02:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၂

၁၄.၁၁.၂၀၁၃ရက်နေ့ ၁၄၃၀အချိန်တွင် တာမွေမြို့နယ်၊ (က+ဂ)ရပ်ကွက် ၊(၁၅၆)လမ်းနေ ဦးမိုဟာမက်စောလင်းသည် မလေးရှားနိုင်ငံမှပြန်လာမည့် ဇနီးဖြစ်သူအား ၆င/၈၆၇၁၊Bakta ခဲရောင်ကိုယ်ပိုင်ယာဉ်ဖြင့် မင်္ဂလာဒုံ လေဆိပ်သို့သွားရောက်ခဲ့ပြီးကာပါကင်(၂)တွင် ရပ်ထားခဲ့ရာဇနီးဖြစ်သူအား ကြိုပြီး ၁၅၀၀အချိန် ကားရှိရာသို့ပြန်လာစဉ် ယာဉ်မှာပျောက်ဆုံးနေကြောင်း
တွေ့ရှိရသဖြင့် စုံစမ်းဖေါ်ထုတ်အရေးယူပေးရန် တိုင်တန်းခဲ့ရာ မင်္ဂလာဒုံ
မြို့မရဲစခန်း(ပ)၇၁၃/၂၀၁၃၊ ပုဒ်မ ၃၇၉(ကား)ဖြင့် အမှုဖွင့်အရေးယူကာ စုံစမ်းဆောင်ရွက်လျှက်ရှိပါသည်။

အဆိုပါယာဉ်ပျောက်မှုနှင့်ပတ်သက်၍ မြို့ဝင်/ထွက်တိုးဂိတ်များအား လိုက်လံစုံစမ်းခဲ့ရာ တိုးဂိတ်မှတ်တမ်းများအရ ၎င်းယာဉ်အား သင်္ဃန်းကျွန်း
မြို့နယ်၊ (င/က)ရပ်ကွက်နေသူ စိုးလွင်မှ ခိုးယူသွားကြောင်းစုံစမ်းသိရှိရပြီး ခိုးယူသွားသူမှာ မော်လမြိုင်မြို့တွင်ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာ ပျောက်ဆုံးယာဉ်အား မော်လမြိုင်ကားကြီးဝင်းရှေ့တွင် ပြန်လည်တွေ့ရှိရပြီး ခိုးယူသွားသူ စိုးလွင်အား ဖမ်းဆီးရမိရေးအတွက် အခြားမြို့နယ်၊ ရဲစခန်းများသို့ ဆက်သွယ်ခဲ့ရာ ၃၀.၁၁.၂၀၁၃ရက်နေ့ ၂၃၃၀အချိန်တွင် စိုးလွင်(ခ)စလာဒင်(ဘ)ဦးစိုးဝင်း၊ ဇာဝေရာ လမ်း၊ (င/က)ရပ်ကွက်၊ သင်္ဃန်းမြို့နယ်နေသူအား ထားဝယ်မြို့မရဲစခန်းမှ ဖမ်းဆီးထားကြောင်း သိရှိရသဖြင့်မင်္ဂလာဒုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှ သွားရောက်ခေါ်ယူလျှက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police