အမြစ်တွယ်လာတဲ့ ဖုန်းစွဲရောဂါ

ပို့စ်တင်ချိန် - 1/05/2014 07:45:00 AM


စာဖတ်သူ မှာ ဖုန်းစွဲ ရောဂါ ရှိပါသ လား။မြင်ကွင်း ထဲကနေ ကိုယ့်ဖုန်း ပျောက် နေရုံနဲ့ တင် ချွေးပြန် လာ တတ် သူလား။ အဲဒီလို ဖြစ်သူဆိုပါက စာဖတ်သူတစ်ယောက်တည်း မဟုတ်ကြောင်း ဦးစွာ အသိပေးလို သည်။ ယနေ့ လူသားများ ဖုန်းတွေ၊ တဲဘလက် တွေ၊ ကွန်ပျူတာ ဖန်သားပြင် တွေနဲ့ မျက်နှာ နဲ့ ကပ်နေ ချိန်က များ သထက် များလာနေသည်။ အမေရိကန်များ သည် ပျမ်းမျှ တစ်နေ့ ငါးနာရီလောက် ဖန်သားပြင်နဲ့ မျက်နှာ အပ် နေ ကြသည်။

ဖုန်းစွဲရောဂါကို ဘယ်လိုကုစား ကြ မလဲ။ ဖေ့စ်ဘွတ် စွဲနေလား (ငါတင် တဲ့ ပို့စ် ရှစ်ယောက် ပဲ Like လုပ် တယ်၊ အားမရလိုက်တာ)၊ ညစာ စားရင်းနဲ့တောင် ဖုန်းနဲ့ မျက်နှာနဲ့ မခွာနိုင် ဘူးလား (ဟိုမင်းသမီး နောက် ဆုံး ဘာတင် လိုက်လဲ ကြည့်ဦးမှ) စတာမျိုး ဖြစ်နေပြီဆိုရင် တော့ ဖုန်း ဥပုသ် စောင့်ဖို့ လိုပြီ။ ဖုန်းစွဲနေသူ များ မှာ တွေ့ရတတ်သည့် လက္ခဏာများကို အောက်မှာ ဖော်ပြပါမည်။ ကိုယ့်မှာ ရှိတာ လေးများနဲ့ တိုက်ဆိုင် နေပါ က ရှောင်နိုင်ကြ စေရန် ရည်ရွယ်တင်ပြခြင်း ဖြစ်ပါသည်။

၁။ အမြင်တွေ ၀ါးလာမယ်

မျက်လုံးက ကျိန်းစပ်ပြီး မျက်ရည်ပူ တွေထွက်ကာ အမြင်တွေ ၀ါးလာပြီ ဆိုရင် သတိထားပါ။ ပုံ မှန် ကျန်းမာရေး ချို့ယွင်း မှုကြောင့် ဖြစ်ခြင်းမျိုးအတွက် ဆရာဝန်ပြဖို့ လိုသည်။ ထိုသို့ မဟုတ်ပါက ကွန်ပျူ တာ၊ လပ်တော့၊ ဖုန်းနှင့် တဲဘလက် ကွန်ပျူတာ များ အသုံးများခြင်းကြောင့်ဆိုတာ သတိရပါ။ အများဆုံး ကြည့် ဖြစ်ကြ သည်မှာ ဖုန်းဖန် သားပြင်ဆိုလျှင် မမှား။ ၂၀၁၁ ခုနှစ်မှာ ကောက်ယူထားသော လေ့လာမှုစစ်တမ်း တစ် ရပ် အရ ယနေ့လူသားများ မျက်လုံးအထိရ ဆုံးကိစ်္စမှာ အရောင်တောက်သော ဖန်သား ပြင်များကို အကြည့် များ ခြင်းကြောင့်ဖြစ် ကြောင်း တွေ့ရသည်။ ဖုန်းကဲ့သို့ အရောင် တောက်သည့် ဖန်သားပြင်များကို တစ်နေ့ နှစ်နာရီအထက် ကြည့်နေသူများ၏ ၉၀ ရာ ခိုင်နှုန်းထိသည် အမြင်အာရုံေ၀၀ါးခြင်း၊ မျက် ရည်များ ကျနေခြင်း၊ မျက်ရည်ခမ်းခြောက် ကာ မျက်လုံး ကျိန်းစပ်နေခြင်းစသည့် မျက်စိ အမြင်ဆိုင်ရာ ပြဿနာများနှင့် ကြုံကြရ ကြောင်း စစ်တမ်းအရ သိရသည်။

၂။ ဖုန်းမမြင်တာနဲ့ ရင်ထဲ ထိတ်ကနဲ ဖြစ် လာတတ်ခြင်း

ဖုန်းထည့်နေကျ အိတ်ကပ်ကို စမ်း လိုက်သည့်အခါ ဖုန်းကို မစမ်းမိတာနဲ့ ရင်ထဲ ထိတ် ကနဲ ဖြစ်သွား တတ် ပါ သလား၊ ဖုန်း ဘယ်နားထားမိမှန်း စဉ်းစားမရသည့်အခါ ခေါင်းနပန်းကြီးသွားသည်အထိ ဖြစ်တတ် ပါ သ လား။ ထိုသို့ဖြစ်တတ်သည်ဆိုပါက ကိုယ်နဲ့ဖုန်းကြား ဆက်ဆံရေးကို ပြန်စဉ်းစား ဖို့လိုပြီဟု အကြံ ပေး လို သည်။ ၂၀၁၂ မှာ ကောက်ယူထားသော စစ်တမ်းအရ အမေရိ ကန် ၇၃ ရာခိုင်နှုန်းသည် ဖုန်းနဲ့ ကင်းကွာမှာ ကြောက်သည့် စိတ်ဝေဒနာ ဖြစ်ပွား နေကြ ကြောင်း တွေ့ ခဲ့ရ သည်။

၃။ အိမ်ပြန်ရောက်နေတာတောင် အလုပ် နဲ့ မဖြတ်နိုင်သေး

အိပ်ပြန်ရောက်နေတာတောင် အ လုပ်နဲ့ပတ်သက်သည့် အီးမေးများ ဖုန်း ဖြင့် ကြည့်နေဆဲ၊ မင်္ဂလာ ဆောင် သွားလို့မှ စိတ် မဖြောင့်နိုင်ဘဲ အီးမေး စစ်နေခြင်းများ ဖြစ်ပွား နေပြီဆိုရင်တော့ ဖုန်းနဲ့ ကိုယ့်ဘ၀ အ ဆက် အစပ်ကို ပြန် သုံးသပ် ဖို့ လိုပြီ။ ၂၀၁၂ ခုနှစ် တွင် Good Technology နည်းပညာ လုပ်ငန်းက ကောက် ယူ ထားသော စစ်တမ်းအရ အမေရိ ကန် ၈၀ ရာခိုင်နှုန်းထိသည် အလုပ်ချိန်အပြင် ဘက်မှာပါ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်ပြီး အလုပ်နဲ့ အမျှင်မပြတ်ဖြစ်နေကြကြောင်း သိရသည်။ အလုပ်နဲ့ ဘ၀ကို မျှတစွာ စီမံနိုင် ပါမှ နေ ပျော်သော ဘ၀ဖြစ်မည်ကို မမေ့ သင့်ကြ။

၎။ ခေါင်းကို တူနဲ့ အထုခံရသလို

ဖန်သားပြင် ကြည့်လွန်းခြင်းကြောင့် မျက်လုံးကိုက်နိုင်ရုံသာမက ခေါင်းပါ ကိုက် နိုင်ပြန်သည်။ ကျွန်ုပ် တို့၏ ဒစ်ဂျစ်တယ် ပစ္စည်း များက ကျွန်ုပ်တို့ ဦးနှောက်များကို ဒုက်္ခပေး နိုင်စွမ်းက ထိုမျှသာ မကသေး။ စမတ် ဖုန်း များ သည် ဒစ်ဂျစ်တယ် စိတ်ကျရောဂါကိုပါ ဖြစ် စေနိုင်စွမ်းရှိသည်။ အာရုံကြောဆိုင်ရာ ပြဿ နာများ၊ မှတ် ဥာဏ်ကျဆင်းခြင်း ပြဿနာ များကိုပါ ဖြစ်ပွားစေနိုင်သည်။

၅။ ဘယ်သွားသွား Google မြေပုံကိုမှ ကြည့်ပြီး မသွားရဘူးဆိုရင် မသွားတတ် သလို

စိတ်မလုံဖြစ်လာပြီဆိုရင်လည်း ဖုန်းနဲ့ အတိုင်းအတာတစ်ခုထိ အဆက်ဖြတ်ဖို့ လို လာပြီ ဖြစ်သည်။

၆။ အိပ်ကောင်းခြင်း မအိပ်ရ

ညအိပ်ရင် ကိုယ့်ဘေးက ခေါင်းအုံးပေါ် မှာ ဖုန်းက နေရာ ယူနေလား။ ဒါဆိုရင်တော့ ဖုန်းက ကိုယ့်ကို အိပ်ပျက်အောင် လုပ်တော့ မယ်ဆိုတာ သတိရပါ။ လေ့လာမှု စစ်တမ်း များအရ မအိပ်ခင်မှာ ဖုန်းဖန်သားပြင်ကို ကြာ ကြာကြည့် ထားသူများ သည် တစ်ရေး တည်း နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်သွားကြ ကြောင်း သိရ သည်။ ဖုန်းကို ဘေးနားထား အိပ်ဖူးသူတိုင်း မက်ဆေ့ဂ်ျများ ၀င်နေမလား။ ဖုန်းပဲ ခေါ်ထား မလားနဲ့ ညည လန့် နိုး လာပြီး ဖုန်းကို ဖွင့်ကြည့်ပြီးမှ ပြန်အိပ်ကြသူပေါင်း လည်း များစွာ ရှိသည်။ ညည ဖုန်းကြောင့် အိပ်ဖို့ ခက်နေ သူများအဖို့ အကောင်းဆုံး လုပ်ရန်ကား မှောင်လာပြီဆိုကတည်းက ဖုန်း ကို ဆက်သွယ်ရေးအတွက်မှလွဲ၍ တစ်ခြား ကိစ္စများမှာ သိပ်မသုံးဖို့ ဖြစ်သည်။

၇။ ဖုန်းမတုန်ဘဲ တုန်တယ် ထင်တတ် ခြင်း

ဖုန်းက တုန်ခါပြီး အချက်ပေးလာသည် ဟု ထင်ပြီး ဖုန်းကို ကောက်ကိုင်လိုက်သည့် အခါ တစ်ကယ် တမ်းတွင် ဖုန်းက ပုံမှန် အတိုင်း ပင်ရှိနေတာမျိုး ကြုံဖူးကြလိမ့်မည်။ ထိုသို့ စိတ်ထင်ယောင်ထင်မှား ဖြစ်တတ် ခြင်း ကို ဆေးပညာ အသိုင်းအ၀ိုင်းကပါ လေ့လာစရာ တစ်ခုအဖြစ် သတ်မှတ်လာပြီဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ကွန်ပျူတာပစ္စည်းများက လူသားအပေါ် သက်ရောက်မှုအကြောင်း လေ့လာခဲ့မှု တစ်ခုတွင် ထိုသို့ ဖုန်းမတုန်ဘဲ တုန်သည်ဟု စိတ်ထင်လာတတ်သည်မှာ လူ ငယ် ဆယ်ကျော်သက်များတွင် အများ ဆုံး ဖြစ်ကြောင်း တွေ့ရ သည်။ လူငယ်ဆယ်ကျော် သက်များ၏ အများစုကြီးသည် ထိုသို့သော ထင်ယောင်ထင်မှားမှုမျိုးကို နှစ်ပတ်လျှင် တစ် ကြိမ်ခန့် ခံစားရတတ်ကြောင်း သိရသည်။

၈။ ချတ်တင်မှာသုံးသည့် အာမေဋိတ် စာ လုံးတွေကိုပါ အပြင်မှာ ရွတ်နေမိပြီဆို

အမေရိကန်တွေ အတော်များများ ချတ် တင်မှာ သုံးကြသည့် စိတ်ခံစားမှုပြ အတို ကောက် အာမေဋိတ် စာလုံးများဖြစ်သော LOL ၊BRB စသည် တို့ကို အပြင်မှာပါ ပါးစပ်က ရွတ်လာ တတ်ကြ သည်။ ထိုသို့ ဖြစ်ပြီဆို ဖုန်းနဲ့ အင်တာနက် အသုံးလွန် နေပြီဆိုတာ ပေါ်လွင်နေပြီ။ ဖုန်းကို ချထား ရမည့် အချိန်တန်ပြီကို ပြနေသည်။

၉။ လက်ချောင်းတွေ ခပ်ကွေးကွေး ဖြစ် လာမည်

စမတ်ဖုန်း ဖန်သားပြင်မှာ စာရိုက်လွန်း ရင် လက်ကလေး တွေက ကျုံ့လာမည်၊ ကွေး လာမည်၊ ဒီအ တိုင်း ထား ရင်တောင် စာရိုက် သလို တရွရွ ဖြစ်နေမည်။ ဖန်သားပြင်ကို ပွတ် သလို အသားလွတ် တလှုပ်လှုပ် ဖြစ်နေမည်။ ဖုန်းသုံးတာ ကြာလာပြီး လက်တွေ ခပ်ကွေး ကွေးဖြစ်လာလို့ ဆွဲဆန့်ဖို့ အားထုတ်နေရပြီ ဆိုလျှင် တော့ ကိုယ်ဖုန်းသုံးပုံကို ပြန်သုံးသပ်ဖို့ လိုလာပြီ။

၁၀။ လမ်းထလျှောက်ပြီး သွားပြောလိုက် လို့ရသည့် ဘေးခန်းကလူကိုပါ ဖုန်းကနေ မက်ဆေ့ဂ်ျ ပို့နေမိပြီဆို ကိုယ့်အကြောင်းကို သိတော့၊ ဖုန်းစွဲ နေပြီ။

၁၁။ သန့်စင်ခန်းထဲထိပါ ဖုန်းကိုင်ပြီး သွား နေမိပြီဆို

ဘယ်သွားသွား ဖုန်းက ပါသည်။ သန့် စင်ခန်းထဲဝင်တာကအစ ဖုန်းတကိုင်ကိုင် ဖြစ်နေပြီဆိုလျှင်တော့ ကိုယ် နဲ့ဖုန်းကြား ကန့်လန့်ကာ တစ်ချပ်ခြားချိန်တန်ပြီ။ ဟတ် ဖင်တန်ပို့စ် သတင်းစာ က လုပ် ထားသော စစ် တမ်း တစ်ရပ်အရလည်း အမေရိကန်နိုင်ငံ သား အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြားသမား များ၏ ထက်ဝက်နီး ပါး သည် သန့်စင်ခန်းသွား သည့်အခါ ဖုန်းကိုင်ပြီး သွားကြသည်ဟု ဆို သည်။ ဖုန်းလုပ်ငန်းကြီး LG က လုပ်ထား သော စစ်တမ်း တစ်ရပ်အရလည်း အမေရိကန် ၇၇ ရာခိုင်နှုန်းသည် အိပ်ရာထဲမှာ တစ်ခြား တစ်ယောက်နဲ့ ရှိနေ ချိန်မှာပင် ဖုန်းသုံးနေ ကြကြောင်း သိရသည်။

၁၂။ ဆိုင်ရောက်သည့်အခါ ဟင်းလျာ အရသာခံချိန်မရ၊ ဖေ့စ်ဘွတ်ခ်မှာ ပုံတင်ဖို့ အရင်ကြိုးစားပြီဆိုလျှင်

ဓာတ်ပုံများကို မိတ်ဆွေ သူငယ်ချင်း များနဲ့ မျှဝေနိုင်သော Instagram တွင် Food စားစရာဆိုသော ခေါင်းစဉ်ဖြင့် တင်ထားသော ပုံပေါင်း ငါးသန်းကျော်ထိ ရှိနေပြီဖြစ်သည်။ ထိုခေါင်းစဉ် မတပ်ဘဲ တင်ထားသော စား စရာ ပုံများက ထို့ထက်တောင် ပိုများများ ရှိ နေသေးသည်။ တစ်ယောက် ယောက်နဲ့ တူတူ သွားစားလို့ ကိုယ့် ရှေ့ကလူနဲ့ တူတူ စားဖို့ ဦး စားမပေးဘဲ ဖေ့စ်ဘွတ်ခ်တင်ဖို့ Instagram မှာ ပုံရှယ်ယာ လုပ်ဖို့ လောက် သာ စိတ်စော နေခြင်းသည် တစ်ဖက်သားကို စော်ကားခြင်း ဖြစ်သည်။ မယဉ်ကျေး သော စားသောက်မှု ပုံစံ လည်း ဖြစ်သည်။ စကားပြောနေစဉ် ဖုန်း က ပွင့်နေပြီး ဖုန်းကို တကြည့်ကြည့်လုပ် နေ သူအပေါ် တစ်ဖက်လူ သည် အကောင်းမြင်မှု ကျဆင်းသွားတတ်ကြောင်း လေ့လာမှုတစ် ရပ်ကလည်း ထောက်ပြသည်။

၁၃။ တစ်ဖက် စကားပြောသူနဲ့ မျက်လုံး ချင်း မဆက်သွယ်တတ် ဖြစ်လာမည်

နည်းပညာ တိုးတက်လာမှုကြောင့် လူ ချင်း တွေ့စရာ မလိုဘဲ ဆက်သွယ်နိုင်လာခြင်း အကျိုးကြောင့် မျက်နှာ ချင်းဆိုင် မျက်လုံး ချင်းဆိုင် ပြောဆိုဆက်ဆံကြသည့် ရင်းနှီး သော ဆက်ဆံရေးများ ပျောက်ဆုံးကုန် သည်။ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီး သူများ ၏ ပုံမှန်စကားပြောချိန် ၃၀ ရာခိုင် နှုန်း မှ ၆၀ ရာခိုင် နှုန်း သည် မျက် လုံး ချင်းဆုံ ပြောကြခြင်း ဖြစ်သည်။ တစ်ကယ် နွေးထွေးသည့် ဆက် ဆံရေး ထူထောင် လိုသူ များသည် မျက်နှာ ချင်းဆိုင် စကားပြောဆိုချိန် ၇၀ ရာခိုင်နှုန်း နီးပါးကို မျက်လုံးချင်းဆိုင် ပြောဖြစ်ကြ ဖို့ လို ကြောင်း စစ် တမ်း တစ်ရပ်က ထောက်ပြ သည်။

၁၄။ ကုန်းကုန်းချိချိ ဖြစ်လာမည်

ပခုံးက ကျလာမည်၊ ခါးက ကုန်းလာ မည်။ လူက ကိုင်းလာမည်။ ဒါ စမတ်ဖုန်း သုံးသူ အများစုကြီး၏ အနေ အထားဖြစ် သည်။ ဖုန်းသုံးသည့်အခါ လူက ကြုံ့ကာ ကုန်း ပြီး သုံးကြခြင်းဖြစ်ရာ ထိုပုံစံ ကြာကြာ စွဲသွား သည့်အခါ ဖုန်းမသုံးချိန်များမှာပါ ထိုအနေ အထားမျိုး ဖြစ်လာတတ်သည်။ ဇက်တွေ နာလာမည်၊ ကျောတွေ တောင့်လာမည်၊ ခန္ဓာကိုယ် ကြွက်သားများက ကုန်းနေရာမှ လူ၏ မွေးရာပါ ခပ်မတ်မတ် အနေအထားကို ပြန် ယူဖို့ ကြိုးစားသည့်အခါ နာကျင်ခြင်းများ ဖြစ်လာတော့သည်။

၁၅။ ပတ်ဝန်းကျင်ကိုပါ မေ့နေမည်

လူ့စိတ်သည် အလုပ်များကို တစ်ပြိုင် တည်း မလုပ်နိုင်။ အလုပ်နှစ် လုပ်ကိုပင် တစ် ပြိုင်တည်း မလုပ် နိုင်။ တစ်ချိန်မှာ တစ်ခုကို သာ လုပ်နိုင်သည်။ စိတ်သည် မြန်လွန်း သော ကြောင့် တစ်ခုမှ နောက်တစ်ခုသို့ ကူးပြောင်းမှု မြန်လွန်းသောကြောင့်သာ အလုပ်များစွာကို တစ်ပြိုင်တည်း လုပ် သ ကဲ့သို့ ထင်ရခြင်း ဖြစ်သည်။ ကား မောင်း ရင်း ဖုန်းပြောခြင်း၊ ဖုန်း ဖြင့် စာရိုက်ခြင်းများကို လုပ်ခြင်းသည် ကား မောင်းမှုမှာ အာရုံပြတ် စေသ ဖြင့် အသက်ကို ပါ ရန်ရှာလာနိုင်သော ကိစ်္စဖြစ်သည်။ ဖုန်း ဖြင့် စာ ရိုက်ရင်း လမ်း လျှောက်ခြင်း သည်ပင် အန္တရာယ် ဖြစ်စေသော ကိစ္စတစ်ခုဖြစ်ရာ မိမိမှာ ထိုအကျင့်မျိုး ရှိနေသည်ဆိုလျှင် ဖုန်းသုံးမှုကို ပြန်သုံးသပ်ကြဖို့ လို ပြီ။

Ref: 15 Signs You Need To Unplug From Your Smartphone (Huffington Post)
By Messenger